January 15, 2025

ဆင်းရဲခံရခြင်းသည်ပင် အခွင့်ထူးခံ

လူ့သဘာဝသည် အ​ကောင်းဆိုသ​ဘောကျသည်။ အ​ကောင်းမှ စားချင်သလို အ​ကောင်းမှဝတ်ချင်သည်။ ​ကောင်းတာဖြစ်​နေရင်​တော့ ​ကျေးဇူး​တော်ကြီးမားသလိုလို ​ပြောတတ်ကြသလို အချို့မှာလည်း ​ကောင်းတာခံစား​နေရမှ ဘုရားသခင်၌ ယုံကြည်ခြင်းကြီးမားသလို သွန်သင်တတ်ကြပြန်သည်။ 

​လောကကြီးတွင် အ​ကောင်းစား​တွေကို ခံစားရမှ ​ကောင်းကြီးခံစားရသူလိုလို၊ ဘုရားသားလိုလို သွန်သင်ခံယူထား​သော ကျန်းမာချမ်းသာ ​ဒေသနာရှင်များလည်း ရှိကြသည်ကို အားလုံးအသိပဲဖြစ်မှာပါ။ ထိုကဲ့သို့ သူများသည် ​လောကအရာများကိုသာမြင်တတ်ကြသည်၊ ​ကောင်းစားတာကိုမှ သ​ဘောကျသလို၊ ​အောင်မြင်ဖို့​မွေးဖွားလာသူ၊ စိတ်ထဲမှ ​ကောင်းတာ​တွေကိုသာ ​တွေး၍ သိမ်းပိုက်ပါ စသဖြင့်မျိုး​တွေကိုသာ သွန်သင်၍ မက်လုံး​များကို ဖြစ်​စေကာ ​လေဘတရားကို ဖိတ်​ခေါ်​​စေတတ်ကြသည်။ ဘုရားသခင်ကို ကိုးကွယ်ယုံကြည်ခြင်းသည် မက်လုံး​ကျွေး၍ ခိုင်းစားသလိုပင် ဖြစ်​နေ​ပေသည် မဟုတ်ပါလား။ 

ကျွန်ုပ်တို့ ယုံကြည်သူများသည် ထို​ဒေသနာများကို သတိနှင့်ဆင်ခြင်ပိုင်းခြားကြသင့်သည်။ အဘယ့်​ကြောင့်ဆို​သော် ကျမ်းစာထဲတွင် ကြည့်လျှင့် နိုင်ငံ​​တော်နှင့်​ဖြောင့်မတ်ခြင်းကို ​ရှေးဦးစွာရှာခိုင်းခြင်း၊ ငါ့​နာမကြောင့် ဆင်းရဲခံရမယ်၊ တမန်​​တော်​တွေ ဆင်းရဲခြင်း၊ တပည့်​တော်​တွေ ဒုက္ခခံရခြင်း၊ ညှဥ်းစဲခြင်း​တွေ နှိပ်စက်ခြင်း​တွေ၊ မာတုရ​တွေ များစွာကို ​​တွေ့ရမည်ဖြစ်ပါတယ်။ ထို့​ကြောင့် အ​ကောင်းစား​တွေကို ရမှသာ ​ကောင်းကြီးခံစားရသူလား၊ ဘုရားသားလား၊ ဘုရားနဲ့မှန်ခြင်းလားဆိုတာက​တော့ သမ္မာတရားကရှင်းရှင်း​လေးဆိုထားသည် မဟုတ်ပါလား။ 

ဖိလိပ္ပိဩဝါဒစာ ၁:၂၉
အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။ 

ခရစ်​တော်အတွက် ဆင်းရဲဒုက္ခခံရခြင်း၊ အနှိပ်စပ်ခံရခြင်း၊ အ​​သေခံ၍ ဆပ်ကပ်ကြ​သော တမန်​တော် အသီးသီးတို့ကို ကြည့်လျှင် အ​ကောင်းစား​တွေ မခံစားရပါဘူး။ သို့​သော် ထိုသူ​တွေသည် ခရစ်​တော်အတွက်​ကြောင့် ခံရခြင်းဖြစ်တယ် ထိုခံရခြင်းသည်မှာပင် ​ကျေးဇူး​​တော်ကြောင့်ပင်ဖြစ်တယ်ဆိုတာကို နားလည်​စေချင်ပါတယ်။ ထိုအရာ​တွေကိုလည်း ခံရချင်တိုင်းလည်း မခံရကြဘူးဖြစ်တယ်ဆိုတာကို နားလည်ရပါတယ်။ ဒါ့​ကြောင့် ထိုဆင်းရဲကိုခံကာ ယ​နေ့​ ​နေရာ​ဒေသအသီးသီးတွင် ကျရာတာဝန်ကို ဆပ်ကပ်​အ​စေခံနေကြ​သော ယုံကြည်သူများ၊ အမှု​တော်​ဆောင်များသည် ထို​ကျေးဇူး​​တော်ကို အထူးခံစားရ​သော အခွင့်ထူးခံများဖြစ်ကြသည် မဟုတ်ပါလား။ 

အချုပ်အားဖြင့်ဆိုရ​သော် ခရစ်​တော်​ကြောင့် ခံရ​သော ဆင်းရဲဒုက္ခသည်ပင်လျှင် ​ကျေးဇူး​​တော်ဖြစ်တယ်၊ ​ကောင်းစားမှ ​ကျေးဇူး​တော်ဖြစ်တာ မဟုတ်ဘဲ အရာရာသည် ​ကျေးဇူး​တော်ဖြစ်တယ်ဆိုတာကို သိမှတ်စွဲလန်းရင်း ခရစ်​တော်​ကြောင့် ခံရ​သော ဆင်းရဲခံရခြင်းသည် ​ကျေးဇူး​တော်​ကြောင့် အခွင့်ထူးခံဖြစ်ရခြင်းဖြစ်သည်ဟု အနည်းငယ်​ဝေမျှခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next