January 15, 2025

ဓါးဖြင့်ခုတ်ကာ ​ခြေဖြင့်နင်း

အတိုက်အခိုက် ပညာရပ်များတွင် တန်ပြန်တိုက်ခိုက်ခြင်းဆို​သော အရာရှိသည်။ "Counter Attack" ဟူ၍ နားလည်နိုင်သည်။ ရန်သူ၏ ကန်ချက်၊ ထိုးချက်များကို ကာ​ကွယ်၍ ပြန်လည် တိုက်စစ်ဆင်​သော အကွက်များဖြစ်သည်။ ထို့အတူ လူအများနှစ်သက်ကြ​သော ​ဘောလုံးကစားနည်းတွင်လည်း ထို တန်ပြန်တိုက်စစ်ရှိသည်။ ကာကွယ်ခြင်းပြု​နေ​သော်လည်း ​လွတ်သွားသည်နှင့် အ​ရှေ့သို့​ရောက်​အောင် ကန်တင်​ပေးလိုက်​သော ​ဘောလုံးကို အလယ်တန်းသမားမှတဆင့် ​ရှေ့တန်းမှ အသင့်​စောင့်​နေ​သော ကစားသမားအားထိုး​ပေးကာ ထိုသူ၏ ဆွဲ​ပြေး ကန်သွင်းခြင်းများကိုလည်း မြင်​​တွေ့ဖူးကြမည်ဟု ထင်ပါသည်။ 

ဤ​လောကကြီးထဲတွင်လည်း ကျွန်ုပ်တို့​တွေ့ကြုံရမည့် တိုက်ခိုက်ခြင်း​ပေါင်းများစွာရှိသည်။ ထိုအရာများကို မည်သို့ တုန့်ပြန်မိကြသလဲဆိုတာသည်လည်း အ​ရေးပါလှသည်။ အချို့​သောသူများက​လည်း မိမိတို့၏စိတ်ဆန္ဒ ခံစားချက်များအတိုင်းတန်ပြန်တိုက်စစ်ဖွင့်သည်။ အချို့ကလည်း ကြုံသလိုလုပ်သည်၊ အဆင်​ပြေသလိုလုပ်သည်။ ကျွန်ုပ်တို့ယုံကြည်သူ​တွေက​ရော မည်သို့နည်း။ 

သခင်​ယေရှုကို စာတန်စုံစမ်း​သွေး​​ဆောင်ဖို့ရန် နှုတ်ကပတ်​တော်နှင့်လာသည်ကိုလည်း သခင်​ယေရှုကိုယ်တိုင် နှုတ်ကပတ်​တော်နှင့်သာ ပြန်တုန့်ပြန်သည်ကို ကျွန်ုပ်တို့ မ​မေ့ကြဖို့ရန်လိုအပ်သည်။ စာတန်သည်ပင်လျှင် လင်း​သော​ ကောင်းကင်တမန်အလားဖြစ်​သော​ကြောင့် ကျမ်းစာအုပ်ကိုင်တိုင်း၊ သုံးတိုင်း မျက်စိမှိတ်ယုံကြည်လို့မရ​ပေ။ စစ်​ဆေးခြင်း၊ ပိုင်းခြားနားလည်ခြင်းများလိုအပ်သည် ထို့​ကြောင့်လည်း ​ဗေရိသားများကဲ့သို့ သတိထား​ဆင်ခြင်ကြဖို့သင့်သည်မဟုတ်ပါလား။ 

ရန်သူ၏တိုက်ခိုက်ခြင်းကို တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် မိမိတွင် တစ်ခုခုရှိမှဖြစ်​ပေမည်။ စစ်သူရဲဆိုလျှင် ဓါး၊ ယ​နေ့​ခေတ်စစ်သားဆိုလျှင် ​သေနတ် စသဖြင့်သာ မရှိလျှင် မည်သို့ အလဲထိုးနိုင်မည်နည်း။ ခံစစ်သာကစားကြ​သော ​ဘောလုံးအသင်းသည် တ​ချိန်ချိန်တွင် ဂိုး​ပေးရသကဲ့သို့ ဖြစ်​စေတတ်သည်ကို သတိရပါ။ ထို့​ကြောင့် နှုတ်ကပတ်​တော်နှင့် တိုက်ခိုက်လာ​သော စာတန်၏ ရန်စွယ်ကို ယုံကြည်ခြင်းနှင့် ကာကွယ်ကာ၊ နှုတ်ကပတ်​​တော်ဓါးနှင့် အပိုင်းပိုင်းခုတ်ပတ်နိုင်ဖို့ရန်လည်း အ​ရေးကြီးလှသည်မဟုတ်ပါလား။ 

ထိုသို့တန်ပြန်တိုက်ခိုက်နိုင်ရန် လိုအပ်သည်မှာ​တော့ နှုတ်ကပတ်​တော်ကို ပိုင်းခြားနားလည်ခြင်းပင်ဖြစ်​ချေသည်။ ထိုသို့မရှိလျှင်​တော့ အင်မတန်အခက်​တွေ့လှ​ပေမည် အဘယ့်ကြောင့်ဆို​သော် ​စာတန်၏ သွေး​ဆောင်ခြင်းများနှင့် မှားယွင်း​သောဩဝါဒများ၊ အလွဲသွန်သင်ခြင်းများ၊ ​ပေါက်ကရပ​ရောဖက်​ကြောင်များ၏ စိတ်ဆန္ဒအလိုအတိုင်းလိုက်၍ နှုတ်ကပတ်​တော်​လေးကို ကြားညှပ်ထိုးထည့်ခြင်းဖြင့် ယိုင်လဲကျခြင်းများကို ကြုံ​တွေ့ရနိုင်​သည်မဟုတ်ပါလား။ 

"ဘုရားသခင်၏သား​တော် မှန်လျှင် ​ကျောက်ခဲကိုမုန့်လုပ်စားပါ" ဟုဆိုသည်တွင် ​ယေရှုက ကျမ်းစာလာသည်ဟု တုန့်ပြန်ခဲ့သည်။ ထို့​ကြောင့် "ကျမ်းစာလာသည်ကား" ဟုဆို၍ ထပ်ကာထပ်ကာ စာတန်၏ ပရိယာယ်သည် ကြွယ်ဝစွာ တိုက်စစ်ဆင်ခဲ့သည် မဟုတ်ပါလား။ ထို့​ကြောင့် ကျမ်းစာကိုသုံး၍လည်း ကျွန်ုပ်တို့ကို လဲကျ​အောင်လုပ်နိုင်သည်ကို သတိထားရ​ပေမည်။ ထို့​ကြောင့် ပိုင်းခြားနားလည်ခြင်းသည် အင်မတန်အ​ရေးကြီးသည်မဟုတ်​ပေဘူးလား။ 

ဧဖက်ဩဝါဒစာ ၆:၁၇
ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။ 

စိတ်ခံစားချက်အ​ပေါ်လိုက်၍ နိုင်ငံ​ရေးတွင်ဖြစ်​စေ၊ ဘာသာ​ရေး၊ လူမျိုး​ရေး၊ စီးပွား​ရေး စသဖြင့် မည်သည့်အ​ရေးတွင်မဆို ကျမ်းစာညှပ်၍ ဝင်​ရောက်လာ​သော တိုက်ခိုက်ခြင်းများစွာကို ကြုံ​တွေ့ရတတ်သည်။ ကြုံလည်းကြုံ​တွေ့ရ​နေသည် ထို့​ကြောင့် ကျွန်ုပ်တို့ယုံကြည်သူများသည် မှားယွင်း​သောဩဝါဒများ၊ အလွဲသွန်သင်ခြင်းများ၊ ပ​ရောဖက်​ကြောင်များ၊ နာမ​တော်ကို အလွဲသုံးသူများ စသဖြင့် နှုတ်ကပတ်​တော်​ရော​သော မစင်ကြယ်သည့်အရာများကို ယုံကြည်ခြင်းနှင့်ကာသတ်၍ ဘုရားသခင်၏နှုတ်ကပတ်​​တော်တည်းဟူ​သော ဝိညာဥ်​တော်၏ဓါးနှင့် အပိုင်းပိုင်းခုတ်ကာ ​ခြေဖြင့်နင်းထားကြဖို့အ​ရေးကြီးသည်ဟု အနည်းငယ်တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next