ကိုးကွယ်ခြင်းအလွဲကိုဆင်ခြင်ပါ

ဓမ္မရာဇဝင် ဒုတိယစာစောင်တွင် ဒါဝိဒ်မင်ကြီးသည် ဘုရားသခင်၏ပဋိညာဥ်သေတ္တာကို ပြန်လည်ပင့်ဆောင်သည်။ ထိုအချိန်တွင် ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရသည်။ ဩဇက သေတ္တာတော်နား၊ အဟိဩက သေတ္တာတော်ရှေ့ အသီးသီးသွားကြရသည်ကိုတွေ့ရသည်။ နာခုန် ကောက်နယ်သလင်းသို့ရောက်သောအခါတွင် နွားများသည် ချော်လဲသကဲ့သို့ဖြစ်တဲ့အတွက် သေတ္တာတော်သည် လှုပ်ရှားသည်။ ပြုတ်ကျသကဲ့သို့ပင်ဖြစ်သည်ဟု ယူဆရသည်။ ဩဇသည် လှမ်းထိန်းသည်၊ ပဋိညာဥ်သေတ္တာကို ကိုင်ခွင့်မရှိသည်ကို ကိုင်ခဲ့သောကြောင့် သေတ္တာနားတွင် ပွဲချင်းပြီးသေတယ်ဆိုတာကို မြင်ရတယ်။ ထာဝရဘုရားသည် ဩဇကိုအမြတ်ထွက်တယ်၊ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တယ်ဆိုတာကို မြင်ရပါတယ်။
သူကတော့စေတနာနဲ့ သေတ္တာပြုတ်ကျမည်စိုး၍ ထိန်းပေးတာပါ၊ လက်ကလေးနဲ့ ကိုင်ပေးရုံပါဘဲလို့ ဆိုကောင်းဆိုနိုင်စရာရှိပေမယ့် မကိုင်ရဘူးဆိုသော အရာကိုကိုင်တွယ်ခဲ့သောကြောင့် ကိုင်တွယ်ခြင်းအကျိုးဆက်၏ အပြစ်ကိုခံခဲ့ရသည်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၅:၂၂
ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
ရှောလုသည် အာမလက်တွေကို ရှင်းရှင်းဖျက်ဆီးပစ်ရမည်ကို အာဂတ်မင်းအပါအဝင်၊ သိုးနွားအစရှိသဖြင့် တန်ဖိုးရှိသောအရာတွေကို နှမြောပြီး မဖျက်ဆီးဘူး၊ အသုံးမဝင်သော အရာတွေကိုသာ ဖျက်ဆီးပစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ ရှင်းရှင်းဖျက်ဆီးပစ်ရမည်လို့ မှာထားသော်လည်း ယဇ်ပူဇော်ဖို့ အကောင်းဆုံးတွေယူလာတယ်လို့ပြောတာကိုမြင်ရပါတယ်။
ဒီနှစ်ယောက်စလုံးကို ကြည့်လျှင် စေတနာနဲ့ပါ၊ အကောင်းဆုံးလုပ်ပေးတာပါလို့ သူတို့ကပြောကြမယ် သို့သော် မလုပ်ရ၊ လုပ်ပါ၊ စသဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်ကိုတော့ သူတို့မနာခံခဲ့ကြသလို၊ ဖောက်ပြန်ခဲ့တယ်၊ ဘယ်လောက်ပင်ကောင်းအောင် လုပ်ပါစေ ဘုရားသခင်၏အလိုတော်၊ နှုတ်ထွက်စကား၊ အမိန့်တော်၊ သမ္မာတရားနှင့်လွဲနေလျှင်တော့ မည်မျှကောင်းအောင်လုပ်ပါစေ အသုံးမဝင်ပေ။ မစင်ပုံကို ရွှေကွပ်ထားသကဲ့သို့ပင် ရွှေရောင်တောက်ပနေသော်လည်း မစင်မှန်းသိလျှင် မည်သူကယုယစွာ ကောက်ယူမည်နည်း။
ဒါ့ကြောင့် မိတ်ဆွေ တခါတလေမှာ ကျွန်တော်တို့တွေက ထင်တတ်ကြတယ်၊ သခင်ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားကို သူတို့လည်း ဟောပြောတာဘဲ ဝေမျှတာ၊ နှုတ်ကပါတ်တော်ပဲသုံးတာ၊ ဘုရားသခင်ကကိုးကွယ်ခြင်းကိုကြည့်တာမို့ တူတူဘဲလို့ဆိုချင်တတ်ကြမယ်၊ မိတ်ဆွေ ထိုဧဝံဂေလိက အခြားသောဧဝံဂေလိတရားဖြစ်မယ်၊ ထိုနှုတ်ကပါတ်တော်မှာ တဆေးပါနေမယ် (ဥပမာ အပြစ်လုပ်မိလဲ ဝန်ချစရာမလို)(ယေရှုနှင့်ခရစ်တော်ကို ခွဲတွဲပူး၊ ဝိညာဥ်၅လုံး) စသဖြင့်၊ ကိုးကွယ်တာတော့ ဒီဘုရားတူတူပါလို့ဆိုသော်ညားလည်းဘဲ မတူဘူးဆိုတာကိုနားလည်ရပါတယ်။
ချီးမွမ်းကိုးကွယ်တာအရမ်းကောင်းတယ်၊ အသင်းတော်ကကြီးတယ်၊ နိုင်ငံခြားကလာတာ၊ နိုင်ငံပေါင်းစုံမှာတောင်ရှိတယ်၊ Online မှာနာမည်ကြီးတယ်၊ နာမည်ကြီးတွေပါတယ်၊ နိုင်ငံရေးမှာဦးဆောင်သူတွေတောင်ပါတယ်၊ ပညာတတ်တွေပါတယ်၊ ဆရာဝန်တွေရှေ့နေတွေပါတယ်၊ ငွေအားလဲကောင်းတယ် ဟုဆို၍ မည်မျှပင် အကောင်းဆုံးတွေသုံးထားပါစေ၊ အဆိုတော်တွေဖြစ်စေ၊ အနုပညာရှင်တွေဖြစ်စေ၊ နိုင်ငံပေါင်းများစွာ၏ထိပ်သီးခေါင်းဆောင်တွေဖြစ်နေပါစေဦးတော့ နှုတ်ကပါတ်တော်သမ္မာတရားအစစ်မဟုတ်ဘဲ တဆေးပါလျှင်၊ အခြားသောဧဝံဂေလိတွေဖြစ်နေလျှင်၊ လူတွေကို လမ်းလွဲစေလျှင်၊ ဩဇသည် သေတ္တာတော်ကို ကိုင်မိသလို၊ ရှောလု၏ ယူဆောင်လာသော ယဇ်ကဲ့သို့လို ရွှေကွပ်သော မစင်အလားပင်ဖြစ်နေမည်။
ထို့ကြောင့် မိမိ၏ကိုးကွယ်ခြင်းသည် ဩဇ အလား၊ ရှောလု အလား မဖြစ်စေဖို့ရာ၊ မိမိပါဝင်မိသောနေရာသည် ထိုကဲ့သို့ဖြစ်နေလျှင်၊ နောင်တရကာ လှည့်ပြန်လာတတ်သောသူ ဖြစ်စေဖို့ရာ သင့်ကိုဘုရားရှင်အလင်းပေးဖွင့်ပြပါစေ။ လွဲမှားစွာကိုးကွယ်ခြင်းနှင့် သမ္မာတရားလမ်းမှလွဲနေလျှင် သင်၏ပါဝင်ဆပ်ကပ်ခြင်း၊ ပေးလှူခြင်း၊ ကိုးကွယ်ခြင်းသည် အကျိုးမရှိသောကြောင့် ပိုင်းခြားနားလည်တတ်ဖို့ရာ အရမ်းအရေးကြီးပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet