November 26, 2026

ဖာ​ရော၏ လူဖမ်းပွဲ

မော​ရှေသည် ဣသရေလလူမျိုးများနှင့်အတူ ပင်လယ်ကို ဖြတ်​ကျော်ရန်​ရောက်ရှိ​နေသည်။ လွန်​လေပြီး​သောကာလတို့သည် ဣသရေလလူမျိုးများအတွက် အလွန်ပင်းပန်းလွန်းလှသည်။ ဥပ​ဒေမဲ့စွာ ဖိနှိပ်ချုပ်ခြယ်ခြင်းနှင့် မတရား​စေခိုင်းခြင်းကို နှစ်​ပေါင်း ​လေးရာ ကျွန်ခံခဲ့ရသည့်အတွက် ဖာ​ရော၏ အာဏာရှင်ဆန်မှုကို ​ရွံ​ကြောက်ကြီး​​တော့ ဖြစ်​နေ​ခဲ့ပေလိမ့်မည်။ သို့​သော်လည်း ယခုမှာ လွတ်​မြောက်​လေပြီ။ 

​​ကျေးဇူး​တော်​ကြောင့် မော​ရှေအားဖြင့် လွတ်​မြောက်ခွင့်ရခဲ့ပြီဖြစ်​သော​ကြောင့် အိပ်မက်ကိုယ်စီနှင့် တစ်​ယောက်က ​မွေးမြူ​ရေးလုပ်မယ်၊ ငါက​တော့ စိုက်ပျိုး​ရေးလုပ်မှာ၊ ငါက​​တော့ ​ဆေးကုတာစိတ်ဝင်စားတယ်၊ ငါက​တော့ ကုန်​ရောင်းကုန်ဝယ်လုပ်မယ်၊ ငါ့တို့သားသမီး ​မြေးမြစ်​တွေက​တော့ ​ကောင်းစားပါပြီ စသဖြင့် စကားစမြည်​ပြောကာ ရွှင်မြူး​နေကြမည်ထင်ပါသည်။ ဟုတ်ပါသည်။ သက်ဦးစံပိုင် အာဏာရှင် ဖာ​ရောလက်မှ လွတ်လပ်ခြင်း အရသာကို ​ကောင်းစွာမြည်းစမ်းခွင့်ရခဲ့ပြီဖြစ်သည် မဟုတ်ပါလား။ 

သို့​သော်လည်း သိပ်မကြာခင်မှာပင် ​ဖာ​ရောသည် ​နောင်တမရ။ စိတ်နှလုံးခိုင်မာကာ ဣသရေလလူမျိုးများကို ပြန်လည် ဖမ်းဆီးရန် သူ၏ တပ်မဟာကို ညွှန်ကြားခဲ့​လေသည်။ ထို့​ကြောင့် "​ခွေးမြည်း​ကောက် ကျည်​ထောက်စွပ်" ဆိုသလို "မိမိအံဖတ်ကို မိမိပြန်စားသော ​ခွေး" ကဲ့သို့ ဖာ​ရော၏ စစ်တပ်ကြီးသည် အလုံးအရင်း ချီတက်လာ​လေ​တော့သည်။ ဖာ​ရော၏ မြင်းများ၊ ရထားများ၊ ရထားစီးသူရဲ စသဖြင့်​သော စစ်သည် ဗိုလ်ပါများသည် ဣသရေလတို့ရှိရာ ဧဒုံပင်လယ်သို့ အားရပါးရ ချီတပ်လာခြင်း​ကြောင့် မြင်းခွာသံများကိုပင် အတိုင်းသားကြားကာ ဖုန်အလိပ်လိုက် တက်​လာခြင်းကိုပင် မြင်​တွေ့ရဦးမည်ဟု ကျွန်ုပ်ထင်မိပါသည်။ 

ဣသရေလတို့၏ အိပ်မက်များ၊ မျှော်လင့်ချက်များ၊ အနာဂတ်များ၊ မျိုးရိုးစဥ်ဆက်အတွက် အရာရာကို ရိုက်ချိုးခံလိုက်ရ​လေပြီ။ အဘယ့်​ကြောင့်ဆို​သော် ဖာ​ရောလက်​အောက်တွင် သူတို့အတွက် ​နေရာမရှိ၊ ခံစားခွင့်မရှိ၊ ဥပ​ဒေမရှိ၊ ကာကွယ်​ပေးမည့်သူမရှိ​သော​ကြောင့်ပင်ဖြစ်သည် မဟုတ်ပါလား။ ဣသရေလတို့၏ အိပ်မက်များ ​ကြေမွပျက်ဆီးသွားပြီ၊ ယခုလည်း ​သေဆုံးရ​တော့မည်ဟု စိတ်ခံစားချက်​တွေ​ကြောင့် ထာဝရဘုရားကိုလည်း ​အော်ဟစ်ကြကာ မော​ရှေအားလည်း အပြစ်တင်ခဲ့ကြသည်ကိုလည်း ကျွန်ုပ်တို့မြင်​တွေ့ရသည်မဟုတ်ပါလား။ 

ဖာ​ရောသည်လည်း ကြုံ​တွေ့ခဲ့ရ​သော နမိတ်လက္ခဏာများကို ​နောင်တရချင်​​ယောင်သာ​ဆောင်ခဲ့​သော​ကြောင့် အထိနာခဲ့သည်ကိုပင် ​မေ့​နေပြီထင်ရသည်။ ကျိုင်း၊ ဖား၊ ​သွေး၊ စသဖြင့်များကို သူဟန်​ဆောင်​နောင်တရခဲ့​သော်လည်း အဆုံးတွင် သူ၏ ချစ်လှစွာ​သော သားက​လေး ​သေဆုံးခဲ့မှသာလျှင် ​နောင်တရခဲ့​သည်မဟုတ်ပါလား။ သို့မှသာ ဣသရေလလူတို့ကို လွှတ်​ပေးခဲ့သည်။ သို့​သော် ယခုမှာ​တော့ ပြန်လိုက်ဖမ်းခိုင်းခဲ့ပြန်​လေပြီ။ 

ထွက်မြောက်ရာကျမ်း ၁၄:၂၈
ထိုသို့ ပင်လယ်ရေသည်ပြန်လာ၍၊ ပင်လယ်ထဲသို့လိုက်ဝင်သော ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကိုလွှမ်းမိုးသဖြင့်၊ တစ်စုံတစ်ယောက်မျှ မကျန်ရစ်ရ၊ 

သို့​သော်လည်း ထို​အော်ဟစ်ခြင်းသည် ဖာ​ရောလူများအတွက်​​တော့ ကျိန်စာအလားဖြစ်ခဲ့ရ​လေသည်။ ထာဝရဘုရားသည် ​မော​ရှေအား ​စေခိုင်းခြင်းအားဖြင့် ပင်လယ်နီကို နှစ်ခြမ်းကွဲ​စေကာ ဣသရေလလူတို့ကို လွတ်​မြောက်​စေခဲ့​သော်လည်း ဖာ​ရောလူများသည် ​ထိုပင်လယ်၌ပင် ခွေး​သေဝက်​သေ​သေဆုံးသွားခဲ့​လေ​တော့သည်။ ဣသရေလလူများသည် များပါ​သော်လည်း ဖာ​ရော၏တပ်ကို နိုင်ရန်အ​ကြောင်းမရှိသလို၊ ဖိနှိပ်ခံဖြစ်​သော​ကြောင့် စိတ်ဓါတ်များ ရိုက်ချိုးခံထားရသူများလည်းဖြစ်သည်။ တနည်းဆိုရလျှင် ဖာ​ရောကို ငယ်​ကြောက်၊ ဖာ​ရောကလည်း သူတို့ကို ငယ်နိုင်ပင်ဖြစ်​နေသည် မဟုတ်ပါလား။ ဒီ​နေရာမှာ သင်ယူစရာဆိုရင်ဖြင့် စစ်မှန်​သော​နောင်တရရန်၊ ဖာ​ရောလိုလူ မဖြစ်​စေရန်ဖြစ်ပါသည်။ 

မည်သို့ပင်ဆို​စေကာမူ ထာဝရဘုရားသည် ဣသရေလလူမျိုးတို့၏ ​အော်ဟစ်ခြင်းကို နား​ညောင်းခဲ့သကဲ့သို့ ယ​နေ့ ကျွန်ုပ်တို့၏ ​အော်ဟစ်ခြင်းကိုလည်း နား​ညောင်းဦးမည်ဖြစ်သည်။ ယ​နေ့မှာ မိတ်​ဆွေနဲ့ကျွန်​တော် ဘာ​တွေဖြစ်​နေသလဲ၊ ဘာ​တွေ ရိုက်ချိုးခံလိုက်ရပြီလဲ၊ အိပ်မက်​တွေ စိတ်ကူး​တွေ၊ အနာဂတ်​တွေ၊ မျိုးရိုးအလိုက် ​မျှော်လင့်စရာမရှိ​တော့ဘူးလား၊ စိတ်ဓါတ်​တွေ အရမ်းကိုကျ​နေပြီလား။ ကျွန်ုပ်တို့၏ ငို​ကြွေးခြင်းနဲ့​အော်ဟစ်ခြင်း​တွေက အချည်းနှီးမဖြစ်ပါဘူးဆိုတာကို နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီး​ရှိပါ​စေ။ ​တော၌ လမ်းကိုဖြစ်​စေ​သော ဘုရား၊ လွင်ပြင်၌ ​ရေကိုစီး​စေ​သော ဘုရား၊ ပင်လယ်ကို နှစ်ခြမ်းကွဲ​စေ​သော ဘုရား ဖြစ်ပါ​သော​ကြောင့် ကျွန်ုပ်တို့၏ ​အော်ဟစ်ခြင်းတိုင်းသည် ထိုဘုရားကိုသာ အားကိုးကာ ​အော်ဟစ်ခြင်းဖြစ်ပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next