ဘယ်သူ့ခြေရာဖြစ်မလဲ

ဟေဗြဲဩဝါဒစာ ၁၃:၅
အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။
ကျွန်တော်တို့တွေသည်လောကမှာအသက်ရှင်ကြတဲ့အခါ အဆင်ပြေခြင်း ၊ အဆင်မပြေခြင်း ၊ ပင်ပန်းဆင်းရဲခက်ခဲမှုတွေလဲကြုံရတတ်ပါတယ်။ အဆင်ပြေတဲ့အခါမှာတော့ ကျေးဇူးတော်ချီးမွမ်းဖို့မေ့တတ်ကြတာလဲရှိခဲ့ဖူးကြသူတွေရှိမယ် ၊ သတိတရချီးမွမ်းကြတာလဲရှိမှာပါပဲ။ တစ်ခါတစ်လေမှာလဲခက်ခဲနေရင်တော့ ဘုရားမှအတူရှိပါရဲ့လားဆိုတာကိုဒွိဟဖြစ်ကြသူတွေလဲရှိမယ် ၊ ဒီအဖြစ်အပျက်ကိုကိုယ်တော်ဘာလို့ဖြစ်စေတာလဲ ၊ Why Me ဆိုပြီး ငိုကြွေးမြည်တမ်းခြင်း ၊ ပင်ပန်းဆင်းရဲခြင်းတွေကိုညည်းညူရင်းနဲ့ဘဝကိုဖြတ်သန်းလိုက်မိတာတွေလဲရှိကြမှာပါ။ ကျွန်တော်ခွန်အားရတဲ့ပုံပြင်ကဗျာလေးတစ်ခုကိုဆင်ခြင်မိရင်း ပြန်လည်ဝေမျှခွန်အားပေးချင်မိပါတယ်။
☆《 ဘုရားသခင်နဲ့ ကမ်းခြေတစ်ခုမှာလမ်းလျှောက်နေတယ်လို့ ညတစ်ညမှာကျွန်တော်အိပ်မက်မက်ခဲ့ပါတယ်။ ကျွန်တော်မြင်နေရတဲ့မှောင်မိုက်နေတဲ့ကောင်းကင်ကြီးကတော့တောက်ပလို့နေလေရဲ့ပေါ့။ တစ်ချိန်တည်းမှာပဲ သဲသောင်ပြင်ပေါ်မှာ ခြေရာလေး (၂)စုံကို ကျွန်တော်သတိထားလိုက်မိတယ်။ တစ်ခုကကျွန်တော့ခြေရာဖြစ်ပြီး တစ်ခုကတော့ ကိုယ်တော့်ခြေရာဆိုတာသိပ်ကိုသေချာနေခဲ့တယ်။ သဲသောင်ပြင်ပေါ်မှခြေရာလေးတွေကိုပြန်ငေးကြည့်ရင်းနဲ့ကျွန်တော့်ရဲ့နောက်ဆုံးမြင်ကွင်းကတောက်ပလို့နေလေရဲ့။ ဒီလိုနဲ့ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဝမ်းအနည်းရဆုံးသောအချိန်တွေ ၊ ဘဝရဲ့အခက်ခဲဆုံးသောအချိန် ၊ ငိုကြွေးနေရတဲ့အချိန်တွေနဲ့ စိတ်ပျက်အားငယ်နေချိန် ၊ ကျဆုံးရတော့မယ့်အချိန်တွေတိုင်းမှာတော့ ခြေရာ (၁)စုံပဲရှိတာကိုစတင်သတိထားမိခဲ့တယ်။ ကျွန်တော့်အတွက်ကိုအရမ်းစိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့ဒီအရာကို *Why* ဆိုတဲ့မေးခွန်းကိုယ်တော့်ကိုမေးခဲ့ပါတော့တယ်။ ကိုယ်တော်ရေ ကိုယ်တော့်နောက်ကိုကျွန်တော်လိုက်ပါတော့မယ်လို့ဆုံးဖြတ်ချက်ကိုချခဲ့ချိန်တုန်းကတော့ ကိုယ်တော်ဟာကျွန်တော်နဲ့အတူအမြဲတမ်းသွားလာတယ်။ ဒါပေမယ့်လေ ကျွန်တော့်ဘဝရဲ့အခက်ခဲဆုံးအချိန်တွေ ၊ ပင်ပန်းဆင်းရဲတွေကြုံရပြီးငိုကြွေးနေရတဲ့အချိန်တွေမှာ ခြေရာ (၁)စုံပဲရှိနေခဲ့တယ်လေ ဘာဖြစ်လို့လဲဗျာလို့ကျွန်တော်မေးလိုက်မိပါတယ်။
♡♡♡ ငါ့သား ၊ ငါတန်ဖိုးထားပြီးချစ်ရသော ချစ်သားရေ။ ဒီစုံစမ်းခြင်းတွေနဲ့မင်းရဲ့ခက်ခဲနေချိန်တွေမှာလဲ ငါဟာမင်းကိုလုံးဝလုံးဝပစ်မထားခဲ့ပါဘူး။ ငါမင်းကိုသိပ်ချစ်တဲ့အတွက်ငါဘယ်တော့မှပစ်မထားပါဘူး။ မင်းမြင်ခဲ့ရတဲ့ခြေရာလေးတစ်စုံဟာ ငါ့ရဲ့ခြေရာပဲဖြစ်ပါတယ်ကွာ ဘာဖြစ်လို့လဲဆိုတော့ ငါဟာမင်းကိုကျောပိုးထားလို့ပါပဲငါ့သားရယ်။ ♡♡♡ 》☆
ဟုတ်ပါတယ်။ ကျွန်တော်တို့ကိုဘယ်တော့မှပစ်မထားသောဘုရားဖြစ်ပါတယ်။ ကျွန်တော်တို့ကျတဲ့မျက်ရည်သည်လဲကိုယ်တော်သုတ်ပေးမှသာပျောက်ကင်းစေမှာဖြစ်တယ်။ ကျွန်တော်တို့က နာကျင်ဝမ်းနည်းနေလား ၊ ပင်ပန်းဆင်းရဲဒုက္ခတွေ ၊ ငိုကြွေးမြည်တမ်းခြင်းတွေ ၊ ဘဝရဲ့အခက်ခဲဆုံးလို့ထင်နေရသော်လည်း *ငါသည်သင့်ကိုမစွန့်သင့်ကိုအလျှင်းပစ်၍မထား* ဟုဆိုသောကတိတော်သည်ယနေ့ပင်ပြည့်စုံလျှက်ရှိပါသည်။
ဘဝရဲ့ခက်ခဲမှုတွေကိုကျွန်ုပ်တို့နှင့်အတူရှိသောဧမာနွေလဘုရားနဲ့အတူကျော်လွှားပြီး စိတ်ပျက်အားမလျှော့ဘဲနဲ့အားယူ၍ရဲရင့်ခြင်းရှိကာဘုရားဘုန်းတော်ထင်ရှားစေသောယုံကြည်သူများဖြစ်စေကြဖို့ရာအနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။