တမလွန်၏အဖြေ
လူ့ဘောင်လောက ဒီဘဝမှာ
အချိုးအကွေ့ အနိမ့်အမြင့်
တက်တခါ ကျတလှည့်
ကြုံရင်းဆုံရင်း ရင်ဆိုင်ခဲ့ကြရတယ်။
လူ့ဘုံလောက ဒီဘဝမှာ
အောင်မြင်လိုက် ရှုံးနိမ့်လိုက်
တွေ့ဆုံကြုံကြိုက် ခွဲတပြန်ခွာတလှည့်
ငိုရင်းရယ်ရင်း ကြုံဆုံခဲ့ကြပြန်တယ်။
ဤလူ့ဘဝ ဒီလောကမှာ
ရှင်သန်နေထိုင် တွေ့ဆုံကြုံကွဲ
မျက်စိတမှတ် လျှပ်ရယ်တပြက်
လက်ဆန့်မကွေး ထွက်ခွာကြရပြန်တယ်။
ဧည့်သည်အလား ဒီလူ့ဘဝမှာ
အချိန်တန်အိမ်ပြန် ဘယ်ဆီဘယ်သို့
မှောင်ရီဝိုးတဝါး တမလွန်ခရီးကို
အဖြေရယ်မရှိပဲ သေဆုံးကြရပြန်တယ်။
သင့်ဘဝတမလွန် ဒီအာမခံ
သခင်ယေရှု ကိုယ်တော်မြတ်သာ
စစ်မှန်သောဘုရား ကယ်တင်ခြင်းအရှင်
လက်ခံယုံကြည် အဖြေလေးတိကျသွားကြတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet