ကွက်လပ်ဖြည့်ပါ

ဘဝမှာကွက်လပ်တွေအများကြီးလို့ခံစားနေရသူတွေရှိမယ်လို့ထင်ပါတယ်။ ကွက်လပ်လို့စဥ်းစားမိတာနဲ့ ဟိုအရင်ကကြေညာလေးတစ်ခုကိုတန်းမြင်မိပါတယ်။ ကွက်လပ်ဖြည့်ပါဆံပင်ပြန်ပေါက်ဆေးပဲဖြစ်ပါတယ်။ နှဖူးပြောင်တာတို့ ၊ ဆံပင်ပါးတာတို့အတွက်ဆေးပေါ့လေ။ ဒါပေမယ့်လည်း ဆံပင်ပြန်ပေါက်တာမပေါက်တာကသိပ်အရေးမကြီးတာကိုတော့သိကြမယ်ထင်ပါရဲ့။
လူတွေအယောက်စီတိုင်းကဘဝအတွက် တစ်ခုခုရဲ့လစ်ဟာမှုကိုခံစားနေကြရတယ်။ ဒါကိုဖြည့်ဖို့ကြိုးစားနေတတ်ကြတယ်။ ငွေကြေး ၊ စည်းစိမ်ဥစ္စာ ၊ ပညာ ၊ အရည်အချင်း ၊ စိတ်ခံစားမှု ၊ ချစ်ခြင်း ၊ ရာထူး ၊ အာဏာတွေ အစရှိသဖြင့်ဖြည့်နေကြပေမယ့် ဖြည့်လေဖြည့်လေမပြည့်နိုင်ဘူးဖြစ်နေသလိုတစ်ခုခုအမြဲလိုနေတယ်လို့ခံစားနေရတတ်တယ်။ တချို့ကလည်း ဘဝကြီးက အဓိပ္ပါယ်မရှိတော့သလိုပဲ (Empty) လစ်လပ်နေသလိုခံစားနေရတယ် ဘာနဲ့ဖြည့်ဖြည့်မကျေနပ်နိုင် ၊ တည်ငြိမ်မှု နဲ့ ငြိမ်သက်ခြင်းအစစ်အမှန်ကိုရှာမတွေ့နိုင်ဘူးဖြစ်နေတာကိုတွေ့ရတယ်။ ကျောင်းတုန်းကလို (Fill In The Blank) ဆိုတဲ့ကွက်လပ်ကိုမဖြည့်တာပြဿနာမရှိပေမယ့် ဘဝရဲ့လစ်ဟာနေတဲ့ကွက်လပ်ကတော့စစ်မှန်တဲ့ငြိမ်သက်ခြင်းအရှင်နဲ့သာမဖြည့်နိုင်ရင်အဆင်မပြေပါဘူး တစ်ခုမဟုတ်တစ်ခုအမြဲလစ်ဟာနေဦးမှာပါ။ လစ်ဟာနေခြင်းရဲ့နောက်ဆုံးမှာတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုတွေဖြစ်သွားပြီး အသက်အန္တရာယ်ဖြစ်တဲ့အထိကိုဖြစ်ကြတယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်။ ဒါ့ကြောင့်ဖြစ်လို့ ကျွန်တော်တို့အယောက်စီတိုင်းဟာကိုယ့်ရဲ့လစ်လပ်နေသော ကွက်လပ်များကိုကိုယ်တော်ရှင်သာဖြည့်ပါစေလို့အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဖိလိပ္ပိဩဝါဒစာ ၄:၆-၇
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
ကယ်တင်ရာနေ့ရက်သည်ယနေ့ပင်ဖြစ်သောကြောင့်
မိတ်ဆွေက ငြိမ်သက်ခြင်းအရှင်ကိုခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi