There Is Only One Way

လွန်ခဲ့သောရက်ကကျွန်တော် City Mart သွားခဲ့သည်။
ဒီနေ့ည တနေ့တာလုံးကိုပြန်လည်ဆင်ခြင်တဲ့အခါမှာ ဘုရားသခင်၏ဖွင့်ပြခြင်းကိုခံစားရပါတယ်။
ထို City Mart မှာ ဝင်ပေါက်ထွက်ပေါက်တစ်ခုပဲရှိပါသည်။ ထိုနေရာမှသာအထဲသို့ဝင်၍ရသလိုထွက်၍ရသည်။ တခြားမှဝင်၍ထွက်၍မရပါ။
ဒီ General Revelation အားဖြင့် ဘာကိုမြင်စေလဲဆိုတော့ သခင်ယေရှုခရစ်တော်၏ အသေခံ၊အသွေးသွန်းခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကိုမြင်မိခံစားမိပါတယ်။ ဒီအရာအားဖြင့်ပဲ ကယ်တင်ခြင်းကိုရတာဖြစ်တယ်လို့ခံစားမိရင်းနဲ့ ဒီဝင်ပေါက်တံခါးတစ်ချက်အားဖြင့်ဘုရားသခင်ကိုမြင်မိစေလို့လဲ ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ကယ်တင်ခြင်းထာဝရအသက်သည်လမ်းတခုထဲအားဖြင့်ပဲဖြစ်တယ် အခြားသောလမ်းမရှိပါ။ မင်းလဲမင်းလမ်းမင်းသွား၊ငါလဲငါ့နည်းနဲ့ငါသွားမယ် အချိန်တန်ရင် ပန်းတိုင်မှာတွေ့မယ်လို့ လူတွေကဆိုတတ်ကြပါတယ်။ ဆူးလေမှာပြန်တွေ့ ကြမယ်၊ Grab ပဲစီးစီး ၊ လမ်းလျှောက်မလားပြေးမလား ၊ ၃၇ စီးစီး ၊ ၂၈ စီးစီး ၊ ၃၆ စီးစီး စသဖြင့် ဆူးလေရောက်ရင်ပြီးရော ဆိုကြမလား။ တစ်ခုတော့ရှိတယ် ဒါဆူးလေသွားတာမဟုတ်ပါ၊ ပန်းတိုင်ဆိုတိုင်းမတူပေ။ လမ်းတိုင်းကသာလိုရာကိုရောက်နေလျှင် ဘာကြောင့်အသေခံအသွေးသွန်းပေးမှာပါလဲ။ မင်းတို့အဆင်ပြေသလိုသာကြည့်လုပ်လိုက်ပါဟုဆိုစရာရှိသည်မဟုတ်ပါလား။
City Mart အထဲကိုထိုဝင်ပေါက်မှဖြတ်ဝင်လိုက်ပြီးမှသာ လိုအပ်သောအရာများကိုဝယ်ယူနိုင်သည်။
ပုံဆောင်ချက်။ ။ ယေရှုခရစ်တော်၌ရှိသော ထာဝရအသက်၊ဝမ်းမြောက်ခြင်း၊ညိမ်သက်ခြင်း၊ချစ်ခြင်း၊ကျန်းမာခြင်း၊ဥာဏ်ပညာ အစရှိသဖြင့် ယုံကြည်သူသည်ရယူနိုင်သည်။
City Mart မှ ပြန်ထွက်တော့လဲ ထိုဝင်ပေါက်မှသာပြန်ထွက်ခဲ့ရသည်။
ပုံဆောင်ချက်။ ။ အဆုံးတိုင်အောင်တည်ကြည်ဖို့လိုသည်။ တနည်းအားဖြင့် သခင်ဘုရားထံပြောင်းလဲခြင်းပေါ့။ သေသည့်တိုင်အောင်သစ္စာရှိခြင်းလဲဖြစ်သည်။
ထာဝရအသက်ကိုလည်း ထိုသခင်ထံမှသာရရှိသလိုခေါ်တော်မူခြင်းခံရပြီးနောက်ပိုင်းဆုလဒ်ခံစားခွင့်သည်ထိုထွက်ပေါက်မှထွက်ခြင်းပေါ့။
( ဥပမာ။ Emergency Exit မှမထွက်ဘူးပေါ့။
အခြားသောအရာနောက်လိုက်ခြင်း၊ငွေနောက်၊ဆရာနောက်၊ဩဝါဒတွေနောက်၊သက်ဆိုင်ရာဂိုဏ်းတွေနောက်။ သေသည့်တိုင်အောင် သခင်ယေရှုခရစ်တော်နောက်သာလိုက်ခြင်းပေါ့။ မှားယွင်းသောဩဝါဒတွေဖြစ်သော အခြားဝင်ပေါက်ထွက်ပေါက်တွေကနေထွက်မသွားဘူးလို့ဆိုလိုခြင်းဖြစ်သလို သမ္မာသတိနဲ့ရှောင်ကျဥ်တတ်ရပါမယ်။ )
ဒီဝင်ပေါက်ထွက်ပေါက်ကိုပုံဆောင်သော သခင်ယေရှုခရစ်တော်သာလျှင် လမ်းဖြစ်တယ်။ ငါ့ကိုအမှီမပြုလျှင်ဆိုသောအရာကိုသတိရစေမိပါတယ်။
ဒါ့ကြောင့်မို့လို့ There Is Only One Way ဖြစ်တယ်လို့အနည်းငယ်သက်သေခံရင်း ...
အယောက်စီတိုင်းအပေါ် ဘုရားကောင်းကြီးရှိပါစေ။
ရှင်မဿဲခရစ်ဝင် ၇:၁၃
ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။
အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။
အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။