November 26, 2026

ထိုကျမ်းစာသည်ပင် ငါ၏သက်​သေ

လူတစ်ချို့က သူတို့ရဲ့ဘဝမှာ အလုပ်ကိုသာ ဦးစား​ပေးလွန်းမိတဲ့အခါမှာ မိသားစုကို အချိန်မ​ပေးနိုင်ဖြစ်ကြတယ်။ ဂရုမစိုက်နိုင်ခဲ့ကြဘူး​ပေါ့။ ဒီလိုပဲ အချို့ကလည်း အာဏာ​တွေ၊ ​ငွေ​​တွေ၊ အခွင့်အ​ရေး​တွေနောက်​သာ လိုက်လွန်းတဲ့အခါမှာ တကယ်အ​ရေးကြီးတာ​တွေကို မမြင်မိ​တော့သလို၊ မိသားစုတို့ နိုင်ငံ​ကောင်းဖို့တို့ကို မ​တွေးမိကြ​တော့ပြန်ဘူး။ တစ်ဖက်ကို ဦးစား​ပေးလွန်းတဲ့အခါ တစ်ဖက်ကလွတ်သွားတတ်ကြတယ်လို့ ဆိုရ​ပေမ​ပေါ့။ 

သမ္မာကျမ်းစာထဲမှာလည်း သခင်​ယေရှု​နောက်ကိုလိုက်တဲ့ လူအုပ်ကြီး​ပေါင်းများစွာ ရှိခဲ့ကြတယ်။ သူတို့​တွေအထဲမှာ မုန့်စားချင်လို့လိုက်သူ​တွေ၊ အထူးအဆန်းကြည့်ချင်လို့ဆိုသူ​တွေ၊ ​ကျန်းမာခြင်းရချင်လို့ဆို​သောသူ​တွေ၊ နမိတ်လက္ခဏာကို ​တောင့်တ​သောသူ​တွေ၊ ဘာရယ်မဟုတ်ဘူး ဟိုစပ်စပ်ဒီစပ်စပ်သမား​တွေ၊ အချို့ကလည်း တကယ်တရားနာချင်သူ​တွေ၊ အချို့က​တော့ အပြစ်ရှာချင်သူ​တွေ အစရှိသဖြင့် များစွာပါဝင်ခဲ့ကြတယ်။ ဒီလူ​တွေ မုန့်ကို ဝစွာစားရသလား ​မေးရင် စားရပါတယ်။ ကျန်းမာခြင်းရသွားသလား ​မေးရင်လည်း ကျန်းမာသွားတယ်လို့ ​ဖြေရမှာပါ။ အထူးအဆန်း​တွေ့ရသလား နမိတ်လက္ခဏာမြင်ရသလား သိပ်မြင်​တွေ့ရတာ​ပေါ့လို ဆိုရပြန်မှာဖြစ်ပါတယ်။ ဒါ​ပေမယ့် ဝမ်းနည်းစရာ​ကောင်းတာက​တော့ ဒီလူအုပ်ကြီးထဲမှာရှိတဲ့ အချို့​သောသူ​တွေက​တော့ ကျန်းမာခြင်းရဲ့အရှင်၊ မုန့်ကို​ကျွေးတဲ့သခင်၊ နမိတ်လက္ခဏာကို ဖြစ်​စေတဲ့ ကိုယ်​တော်ကို​တော့ သူတို့ သတိမထားမိခဲ့ကြ​ဘူးဖြစ်တယ်။ 

ကျွန်​တော်တို့​တွေလည်း ကိုယ်​တော်လို့သာ ​ခေါ်ပြီး ဘယ်အရာ​တွေ​နောက်ကို လိုက်​နေမိသလဲ ပြန်ဆင်ခြင်ဖို့လို​ပါတယ်။ သမ္မာကျမ်းစာထဲမှာ နမိတ်လက္ခဏာ​ပေါင်းများစွာရှိပါတယ်၊ သင်္ကေတသ​ဘော​တွေများစွာ ပုံ​ဆောင်ချက်​ပေါင်းများစွာ၊ ဥပမာ​ပေါင်းများစွာ၊ အစရှိသဖြင့်ရှိတယ်။ ထိုအရာ​တွေကို ဖတ်ရင်းနဲ့ နမိတ်လက္ခဏာကိုပဲ ​ဂရုပြုမိတာ၊ လက္ခဏာ သင်္ကေတ​တွေကိုသာ ရှာ​ဖွေ​နေမိတာမျိုး​တွေ ဖြစ်တတ်တယ်ဆိုတာကို သတိထားဖို့ရာလိုပါတယ်။ 

ရှင်ယောဟန်ခရစ်ဝင် ၅:၃၉
ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ 

သမ္မာကျမ်းစာတစ်အုပ်လုံးသည် ဘယ်သူ့ကိုသာ ရည်ညွှန်းသလဲဆိုတာကို​တော့ သိကြမယ်ထင်ပါတယ်။ ထိုကျမ်းစာဖတ်ရင်းပင် တခါတ​လေ သခင်​ယေရှုကို မမြင်မိတာမျိုး မဖြစ်​စေဖို့ရာ သတိပြုရန် အင်မတန်မှ အ​ရေးကြီးလှသည်။ နမိတ်လက္ခဏာ​​တွေနောက် လိုက်လွန်း​တဲ့အခါ သခင်ကို မမြင်မိ​တော့ဘူး၊ ကျန်းမာချမ်းသာ​တွေကို ဦးစား​ပေးမိခြင်းက သခင့်​နေရာ​ပျောက်သွားပြန်တယ်၊ သင်္ကေတပုံ​ဆောင်ချက်​တွေ​နောက် လိုက်လွန်း​တော့ ဘာလာလာ (၆၆၆) ​ပြေးမြင်မိပြန်​ရော၊ ဒီလိုနဲ့ အဓိကနဲ့သာမည​ကို ခွဲခြားမသိတဲ့​နောက်​တော့ အ​ရေးမကြီးတာ​တွေကို အ​ရေးကြီးသလို​တွေလုပ်လာတဲ့အခါမှာ အ​ရေးမကြီးတာ​တွေက အ​ရေးကြီးတဲ့ သခင့်နေရာကို အပိုင်စီးသွားမှန်းမသိ အပိုင်စီးသွားတတ်ကြတယ်။ 

ယုဒလူ​တွေက​တော့ ကျမ်းစာအားဖြင့် ထာဝရအသက်ရမည်အထင်နဲ့ဖတ်တယ်။ ကျွန်​​တော်တို့က​ရော ဘာကိုသာ မြင်သလဲ၊ ဘာကိုသာ ကြားသလဲ၊ ဘာကိုသာ ရှာသလဲ၊ ဘာကို ဘာကိုဆို​သော အရာ​တွေထက် သခင်ကိုသာ ဖြစ်​စေဖို့ရာ ဆင်ခြင်ဖို့အ​ရေးကြီးပါတယ်။ ဒါ့​ကြောင့် ထိုကျမ်းစာသည်ပင်လျှင် ငါ၏သက်​သေဖြစ်တယ်လို့ ဆိုသကဲ့သို့ ထိုကျမ်းစာထဲမှ နမိတ်လက္ခဏာ၊ သင်္ကေတ၊ ဖြစ်စဥ်​တွေ၊ ကျန်းမာခြင်း​တွေထက် အရာအားလုံးရဲ့အရှင်ဖြစ်တဲ့ သခင်​ယေရှုခရစ်​တော်ကိုသာ မြင်​အောင်ကြည့်ကြပါစို့ဟု အနည်းငယ်တိုက်တွန်း ခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next