အနာကိုပင် ပျောက်စေသော လျှာ
အချို့သော သုံးသပ်ချက်များ၊ ဆာဗေးများအရ အမျိုးသမီးများသည် တစ်နေ့လျှင် စကားလုံး (၅၀၀၀)ခန့်မျှ ပြောဆိုကြကာ၊ အမျိုးသားများသည် စကားလုံး (၂၀၀၀)ခန့်မျှ ပြောကြသည်ဟု တွေ့ရှိရသည်။
ထိုအထဲတွင် မည်သို့သော စကားလုံးများပါဝင်မည်ဟု သင်ထင်ပါသနည်း။ စိတ်ကြည်လျှင် တစ်မျိုး၊ မကြည်လျှင် တစ်ဖုံ အမျိုးမျိုးပြောဆိုကြသော စကားလုံးများလည်း ပါချေမည်။ အချို့ကလည်း ခနဲ့သလို၊ ယိသလို၊ အချို့ကြပြန်တော့ လေသံမာကြောစွာဖြင့်လည်းကောင်း၊ စိတ်ဆိုးမာန်ဆိုးပြောခြင်း၊ သူတပါးထိခိုက်စေရန် ရည်ရွယ်ပြောခြင်း၊ စသဖြင့် အမျိုးမျိုး ပြောတတ်ကြသူများလည်းပါချေမည် မဟုတ်ပါလား။
စကားလုံးများစွာကို ပြောဆိုရသော နေ့ရက်တွေကို သင်မည်သို့ ဖြတ်သန်းပါသနည်း။ သင်မည်သို့သော စကားလုံးများကို သင့်နှုတ်မှ ထွက်စေသနည်း။ စကားပြောရာတွင် သူတပါးအား ထိမိစရာ၊ နာကျဥ်စရာ၊ ဝမ်းနည်းစရာ၊ အားငယ်စရာ၊ စသဖြင့် နစ်နာစေရန်များ ပြောဆိုနေမိပါသလား။
လူတွေကတော့ အမျိုးမျိုးပြောဆိုကြမှဖြစ်သော်လည်း ထိုအထဲတွင် ကျွန်ုပ်တို့မပါစေရန် ဆင်ခြင်ကြရမည်ဖြစ်သည်။ အချို့ကတော့ စကားပြောလျှင် ပိဿလေးခဲပြစ်ပြောတတ်သည်၊ အချို့ကြပြန်တော့ မှိုချိုးမျှစ်ချိုးပြောသည် အချို့ကလည်း ယိသဲ့သဲ့ ခနဲ့တဲ့တဲ့ ပြောမှ စားဝင်အိပ်ပျော်သည် စသဖြင့်ရှိကြသော်လည်း ထိုသို့သော သန်လျှက်နှင့် ထိုးသကဲ့သို့ ပြောတတ်သူများထဲတွင် ကျွန်ုပ်တို့မပါစေရန် သတိပြုဆင်ခြင်ရပေမည်။
သုတ္တံကျမ်း ၁၂:၁၈
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။
ပညာရှိတို့၏ လျှာဟုဆိုသကဲ့သို့ ကျွန်ုပ်တို့၏ ပြောဆိုခြင်းများသည် သူတပါးအတွက် အနာကိုပျောက်စေသကဲ့သို့ အားဖြစ်စေရန် နှုတ်၏ ဆောင်မခြင်းသော်လည်းကောင်း၊ နူးညံ့သိမ်မွေ့သော စကားကိုသာ သုံးဆောင်စေသောသူများ ဖြစ်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet