January 15, 2025

သခင်ဘုရား၏ အမှုကို​ဆောင်သကဲ့သို့

အလုပ်လုပ်ကိုင်​ပေးခြင်း၏ လူ့သ​ဘောသဘာဝသည် ဝတ်​ကျေတန်း​ကျေသာ လုပ်​ပေးချင်သည်။ အဆင်​ပြေရင် ​ကျေနပ်ပြီဖြစ်ကာ တာဝန်​ကျေဦးကြီး​လောက်သာ ဖြစ်ချင်ကာသည်။ ထို့​ကြောင့် အချို့တို့မှာ စိတ်​စေတနာမပါရှိတတ်ကြ​ပေ။ 

အချို့မှာလည်း လုပ်ရမည့်အရာကို ​နောက်ကျမှလုပ်ခြင်း၊ အီး​လေးစွဲခြင်း၊ ​မေတ္တာမပါ​သော​ကြောင့် ​ကောင်းစွာမလုပ်ခြင်း၊ အချိန်စွဲခြင်း​ကြောင့် သူတပါးအား ထိခိုက်နစ်နာ​စေခြင်း၊ အ​ကောင်းထည့်​ပေး လျှင်လည်းရသည်ကို အဆင်​ပြေရုံ​လောက်သာထည့်​ပေးခြင်း၊ စသဖြင့် အမျိုးမျိုး​သော လုပ်ငန်းခွင်​၌ သော်လည်း​ကောင်း၊ ​ဈေး​ရောင်းခြင်း၌ သော်လည်း​ကောင်း အမျိုးမျိုး​သော ပတ်ဝန်းကျင်တိုင်းတွင် မြင်​တွေ့နိုင်​သော အရာများပင်ဖြစ်သည်။ 

တာဝန်​ကျေလျှင်ပြီး​ရော လုပ်​ဆောင်ခြင်း၊ အဆင်​ပြေလျှင်ပြီး​ရော လုပ်​ဆောင်ခြင်း၊ ပြီးပြီး​ရော လုပ်​ဆောင်ခြင်းမျိုး​တွေသည် ယုံကြည်သူတစ်​ယောက် လုပ်​ဆောင်သင့်သည် မဟုတ်​ပေ။ အဘယ့်​ကြောင့်ဆို​သော် ယုံကြည်သူတိုင်းသည် မည်သည့်အမှုကိုပြုပါ​စေ ဘုရားသခင်၏ ဘုန်း​တော်ကို ​ထောက်၍ လုပ်​ဆောင်ကြရမည်ဖြစ်သည်။ 

ကောလောသဲဩဝါဒစာ ၃:၂၃
လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။ 

ယုံကြည်သူများသည် လုပ်ငန်းခွင်တွင်ဖြစ်​စေ၊ ကိုယ်ပိုင်လုပ်ငန်းတွင်ဖြစ်​စေ၊ ​ဈေး​ရောင်းခြင်းဖြစ်​စေ၊ ဆိုင်ခန်းဖွင့်ခြင်း၊ ပွဲစားလုပ်ခြင်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ​ရှေ့​နေ၊ စသဖြင့် မည်သည့်အမှုကိုလုပ်​ဆောင်​နေပါ​​စေ လူတစ်ဦးတစ်​ယောက်၏ အမှုကို ထမ်း​ဆောင်သကဲ့သို့ မမှတ်ယူပဲ ဘုရားသခင်အတွက် လုပ်​ဆောင်ခြင်းဟုပင် မှတ်ယူကာ လုပ်​ဆောင်သမျှ အရာရာကို ​စေတနာစိတ် ​မေတ္တာစိတ်အပြည့်နှင့် လုပ်​ဆောင်ကြရမည်ဖြစ်သည်။ 

ထို့​ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများသည် မည်သည့်အမှုကိုပြုပါ​စေ ဘုရားသခင်၏ ဘုန်း​တော်ကို ​ထောက်လျှက် လူ၏ အမှုကို ​ဆောင်ရွက်သကဲ့သို့ မဟုတ်ပဲ ဘုရားသခင်၏ အမှုကို​ဆောင်သကဲ့သို့ စိတ်​စေတနာအရင်းခံ၍ ချစ်ခြင်း​မေတ္တာအပြည့်နှင့် လုပ်​ဆောင်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အား​ပေးချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next