November 26, 2026

သင်အပြစ်ကင်း၍စုံလင်နိုင်ပါသလား

သင်အပြစ်ကင်း၍စုံလင်နိုင်ပါသလား။
***ကယ်တင်ခြင်းရပြီး​နောက်*** စုံလင်အပြစ်ကင်းပြီးဖြစ်​သော​ကြောင့်ဝန်ချစရာမလိုအပ်ဘူးလို့ ယူဆသွန်သင်ချက်အ​ကြောင်း​ဆွေး​နွေးမှာဖြစ်ပါတယ်။ 
( ကယ်တင်ခြင်းရပြီး​နောက်ကို Highlight လုပ်ပြထားပါတယ် ဒါ့​ကြောင့်မို့လို့ အပြစ်ဟုဆိုရာတွင် ဂျာ​အေးသူ့အ​မေရိုက်၊မုန့်လုံးစက္ကူကပ်၍ ကယ်တင်ခြင်းမရ​သေးဟုဆိုကာ ကယ်တင်ခြင်းဘက်ပြန်မလှည့်​စေချင်ပါ )

 

ဧဖက်ဩဝါဒစာ ၄:၁၃
ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။

 

ယုံကြည်သူ​တွေကိုကြီးရင့်​သောသူဖြစ်​စေဖို့အလို​တော်ရှိတယ်(ယုံကြည်ခြင်း၊သခင်ဘုရားကိုသိကျွမ်းခြင်း)စသဖြင့်။ခရစ်​တော်၏ပြည့်စုံခြင်းလို့ဆိုပါတယ်။ ဒါ့​ကြောင့် တချို့ကအလွဲယူမိကြတယ် စုံလင်သွားပြီ အပြစ်မလုပ်မိဘူး၊လုပ်မိရင်လဲ ​တောင်းပန်စရာမလိုဘူး၊​တောင်းပန်လို့ခွင့်လွှတ်တာမဟုတ်ဘူး ခွှင့်လွှတ်ပြီးသား၊ကယ်တင်ခြင်းက​တောင်းပန်လို့ရတာမဟုတ်ဘူး၊​တောင်းပန်ရင်ကယ်တင်ခြင်းမရ​သေးဘူး စာတန်သ​ဘောလို့ဆိုကြတယ်။
အပြစ်ကင်းစင်စုံလင်​သောဘဝကိုဒီဘဝမှာရရှိသွားပြီလို့နားလည်မှုလွဲတတ်ကြတယ်၊မှားယွင်းစွာနားလည်မိသွားကြတယ်။ ခရစ်​တော်၌ပြည့်စုံခြင်း၊ကြီးရင့်​သောသူဖြစ်ခြင်းသည် ကျွန်​တော်တို့​တွေအပြစ်လုပ်မိခြင်း​တွေရပ်သွားပြီ၊လုံးဝမရှိ​တော့ဘူးလို့ဆိုလိုခြင်းမဟုတ်ပါ။

 

နှုတ်ကပါတ်​တော်တစ်ချက်မှာ​တော့ဒီလို​ပြောပါတယ်။
​ကောင်းကင်နိုင်ငံ​တော်ကိုမ​ရောက်မခြင်း ဘယ်သူမှမစုံလင်မပြည့်စုံပါ။အပြစ်မကင်းပါ။ ​(ရောမ ၇:၁၄-၂၄)
ကျွန်​တော်တို့အ​သွေးအသားရှိ​နေသ၍၊ဒီ​လောကမှာအသက်ရှင်​နေသ၍၊​ကောင်းကင်မ​ရောက်မခြင်း၊ဝိညာဏကိုယ်ခန္ဓါမ​ပြောင်းသွားမခြင်း အပြစ်ရဲ့​သွေး​ဆောင်ခြင်းဆိုတာရှိ​နေတုန်းပါ၊ရှိ​နေမှာပါ၊လုပ်မိတာ​တွေလဲရှိမှာပါ။ ​ကောင်းကင်နိုင်ငံမ​ရောက်မခြင်းဘယ်သူမှ အပြစ်ကင်း၍မစုံလင်ပါ။

 

​ကော​လောသဲ ၁:၂၈ မှာ ခရစ်​တော်အားဖြင့်စုံလင်ခြင်းသို့​ရောက်၍ ​ဆို​သောအရာကိုလဲ ရှုပ်​ထွေးစွာနားလည်တတ်ကြတယ်။
ကော​လောသဲ ၄:၁၂ မှာ စုံလင်လျှက်ဘုရားသခင်ရဲ့အလို​တော်ကိုသိဖို့ဆု​တောင်းတယ်လို့ဆိုပါတယ်။တနည်းအားဖြင့် ဝိညာဥ်​ရေးရာကြီးထွား​စေဖို့ပါ။ အပြစ်မရှိ​တော့ဘူးလို့ဆိုလိုခြင်း​တော့မဟုတ်ပါ။ ဒီအ​သွေးအသားရှိတဲ့အသက်တာမှာ​တော့ အပြစ်ကင်းပြီးမစုံလင်နိုင်ပါ။

 

အာဒံမှဆင်းသက်​သောလူသား​တွေအ​နေနဲ့က​တော့ ဘယ်​လောက်ပဲအပြစ်မလုပ်ဖို့ကြိုးစားပါ​စေ၊ပြုမိတာ​တွေရှိတတ်ပါတယ်။​ပေါလုက​တော့ အပြစ်ရှိ​သောသူတို့တွင်ငါသည်အကြီးဆုံးလို့ဆိုဖူးပါတယ်။
​ယောဟန်၊​ပေါလု၊​ပေတရု တို့ကိုယ်တိုင်က သူတို့ဟာမစုံလင်ပါဘူးလို့ဝန်ခံကြပါတယ်။
ဒါ​တောင်ကျွန်​တော်တို့က အပြစ်ကင်းပြီးစုံလင်နိုင်ပါသလား ဒီဇာတိကိုယ်ခန္ဓါနဲ့ ...

တကယ့်စစ်မှန်​သော အပြစ်ကင်းပြီးစုံလင်ခြင်းသည် ချီ​ဆောင်ခြင်းမခံရ​သေးခင်ဒီ​လောကမှာ မဖြစ်နိုင်ပါ။ သို့မဟုတ် ဘုန်း​တော်မဝင်စားသ၍​ပေါ့။
​ကျွန်​တော်တို့ရဲ့အကျိုးအပြစ်​တွေသည်ယေရှုခရစ်​တော်ရဲ့တရားပုလ္လင်​ရှေ့မှာ​ပေါ်လာမယ်လို့ဆိုထားပါတယ် ( ၂​ကော ၅:၁၀)
ဒါ​တောင် သင်သည်မျက်စိပိတ်နားပိတ်လျှက် အပြစ်လုပ်လို့ရတယ်၊သို့မဟုတ် လုပ်မိရင်လဲ၊ဝန်ချခြင်းမလိုဟုဆိုနိုင်ပါ​သေးသ​လော ...
(၁​ယော၁:၉) အရဝန်ချခြင်းသည် ကယ်တင်ခြင်းရဖို့မဟုတ်ပါ။ ဘုရားနဲ့ မိဿဟာရမပျက်​စေဖို့၊ ဘုရားသားဖြစ်​သော​ကြောင့်၊ Relationship ​ကြောင့် ဖြစ်သည်။​ပြုခဲ့​ပေး​သောဘုရား၏​မေတ္တာတရား၊ကျေးဇူးတရားနားလည်​သော​ကြောင့်ဖြစ်သည်။ (အ​သွေး​တော်ကို​ဆော်ကားခြင်းမဟုတ်​ပေ)

 

ကျွန်​တော်တို့ကို​​​ကောင်းကင်နိုင်ငံ​တော်ကို​ရောက်မှသာ
ခရစ်​တော်နှင့်အတူ အပြစ်နှင့်ထာဝရကင်းစင်၍စုံလင်ခြင်းသို့​ရောက်ကာ ထာဝရအသက်နဲ့ရှင်​မှာဖြစ်တယ်ဆိုတာကို နားလည်ဖို့ရာ မြင်တတ်​သောမျက်စိ၊ကြားတတ်​သောနား၊နားလည်နိုင်​သောနှလုံးသားဖြစ်​စေဖို့ရာဘုရားသခင်​ကောင်းကြီး​ပေးပါ​စေ။

နှုတ်ကပါတ်​တော်သည်ဘယ်​သောအခါမှအချည်းနှီးမဖြစ်​စေဘူးဟုဆိုသည်အတိုင်း ဤစာကိုဖတ်​သောသူသည် နားလည်နိုင်ပါ​စေ။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next