January 15, 2025

စိတ်ချနိုင်ရန် စဥ်းစားပါ

"လူဆိုတာ ​သေမျိုးတဲ့" ဆိုရိုး​လေး ကြားဖူးခဲ့တယ်။ ဟုတ်ပါတယ် သိပ်ကို မှန်တဲ့ စကားပါ။ တစ်​နေ့​နေ့မှာ သင်လဲ ​သေမှာဖြစ်သလို ကျွန်​တော်လဲ ​သေဆုံးရဦးမယ်။ ဒါက ငြင်းမရတဲ့ အမှန်တရားပဲ​လေ။ သင်လက်မခံချင်လည်း လက်ခံရမယ်၊ သင်မယုံလည်း တစ်​နေ့​တော့ ကြုံရမယ်။ အမှန်တရားဆိုတာ အမှားတစ်ရံ​တော့ မဟုတ်ခဲ့ဘူး။ 

တခါတ​လေမှာ လူ​တွေက အမှန်တရားကို နားမခံနိုင်ကြဘူး၊ လက်မခံနိုင်ကြဘူးဖြစ်တယ်။ ကိုယ်မြင်ချင်တာ ကိုယ်ကြားချင်တာကိုသာ လက်ခံချင်တတ်ကြတယ်၊ ဒါလဲ လူ့အတွင်းစိတ်ရဲ့ သ​ဘောတရားတစ်ခုပါပဲ။ ရုပ်ရှင်တစ်ခုထဲမှာ ကြားဖူးတဲ့ စကား​လေးကို သတိရမိပါတယ်။ "လူ​တွေက သူတို့မြင်ချင်တာကိုသာ မြင်တတ်ကြတာမို့ လိမ်ရတာလွယ်ပါတယ်၊ မြင်ချင်တာ​လေးကို ဟန်​ဆောင်ပြရင် ရပါပြီ" ဆိုတဲ့စကား​လေးပါ။ ဒါ့​ကြောင့် အ​ပေါ်ယံ အမြင်​တွေ အကြား​တွေနဲ့ မဆုံးဖြတ်ဖို့ကို သင်ယူမိပါတယ်။ 

​မိတ်​ဆွေသိတဲ့အတိုင်းပါပဲ သေခြင်းတရားဆိုတာ အရွယ်မ​ရွေး၊ ​နေရာမ​ရွေး၊ အချိန်မ​ရွေးဘူးမဟုတ်ပါလား။ ဒီ​​သေခြင်းတရားကို ရင်ဆိုင်တတ်ကြဖို့ ဆိုရိုး​လေးတစ်ခု ကြားခဲ့ဖူးပါတယ်။ ​သေဆုံး​သောသူကို ကြည့်၍ တရားကျ​စေဖို့ ဆိုရိုး​လေးက​တော့ ဒီလိုဆို​လေရဲ့။ "မသာ တစ်ခေါက် ​ကျောင်း ဆယ်​ခေါက်" တဲ့​လေ။ 

လူဆိုတာ ​​ခေါင်းစဥ်​တွေသာ ​ပြောင်းသွားတယ် ​နောက်ဆုံး​တော့ ​သေဆုံးကြတာပါပဲ။ ကိုဗစ်နဲ့​သေလည်း ​သေတာပဲ၊ ဆီးချို​၊ နှလုံး၊ ​သွေးတိုး၊ မ​တော်မဆမှု၊ စသဖြင့် ဘယ်လို​သေ​သေ ​သေတာပဲမဟုတ်ပါလား။ ​အချို့က​တော့ သေဆုံးခြင်း၏​နောက်ကွယ်ကို​တော့ သတိမထားမိခဲ့ကြ​ချေ။ ဒါ့​ကြောင့် ဒီ​နေ့မှာ အနည်းငယ် ​တွေးကြည့်ကြရ​အောင် မိတ်​ဆွေ။ 

ဒီ​နေ့ညမှာ သင်​သေသွားမယ်ဆိုကြပါစို့၊ သင့်ရဲ့တမလွန်ကို ​သေခြာသိပြီလား၊ မသိ​သေးရင် သင်ဘယ်သွားမှာလဲ ဖြစ်နိုင်​ခြေကို ​တွေးကြည့်ပါ။ လူ​တွေက​ပြောကြမယ် ​ကောင်းတာလုပ်ရင် ​ကောင်းတာဖြစ်မယ်၊ ​ကောင်းရာ​ရောက်မယ်။ ​သေခြာပြီဆိုရင် စဥ်စားကြည့်ရ​အောင် ...
(၁) ငါဘယ်​လောက် ​ကောင်း​အောင်​နေနိုင်ခဲ့လဲ
(၂) ငါဘယ်​လောက်ထိ ​ကောင်းတာလုပ်နိုင်ခဲ့လဲ
(၃) စိတ်ထဲက​တောင် အပြစ်ဆိုတာ မလုပ်ခဲ့ဘူးလား
(၅) ​ကောင်းမှုကုသိုလ်ဘယ်​လောက် များခဲ့သလဲ
(၆) အလှူအတန်း ဘယ်​လောက်ထိ လုပ်နိုင်ခဲ့သလဲ
(၇) ကျင့်ကြံခြင်း၊ ပြင်ဆင်ခြင်း​တွေ ဘယ်ထိလုပ်ခဲ့လဲ
(၈) ​ကောင်းတာနဲ့ မ​ကောင်းတာ တိုင်းတာကြည့်ရင်​ရော
(၉) ​ကောင်းတဲ့​နေရာဆိုတာ ဘယ်​နေရာဖြစ်မလဲ
(၁၀) ​သေခြာတဲ့အ​ဖြေကို တကယ်မလိုချင်ဘူးလား 

သင်ကိုယ်တိုင်ဒီ​မေးခွန်း​တွေကို မိမိကိုယ်ကို ပြန်​ဖြေကြည့်သင့်ပါတယ်။ ကိုယ့်အ​ကြောင်း ကိုယ်သိတယ်မဟုတ်ပါလား။ ဒါ့​ကြောင့် အ​ဖြေတစ်ခုတိကျစွာ ထွက်လာမယ်ဆိုတာ ကျွန်ုပ်ယုံကြည်ပါတယ်။ 

ဧဖက်ဩဝါဒစာ ၂:၈
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ 

တိကျတဲ့အ​ဖြေကို လိုချင်တယ်ဆိုရင်​တော့ သခင်​ယေရှုပဲဖြစ်ပါတယ်။ လူသားအားလုံး ​ကောင်းတာ မလုပ်နိုင်၊ ကိုယ့်အားကိုယ်ကိုး၍ မကျင့်ကြံနိုင်ဘူးဆိုတာ သင်လက်ခံမယ်ထင်ပါတယ်။ "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" ဆိုတဲ့ ဆိုရိုးအတိုင်း လူ​တွေရဲ့ စိတ်နှလုံးအကြံအစည်က မိုက်တတ်ကြ​ပေတယ်မဟုတ်ပါလား။ ကုသိုလ်​လေးလုပ်ချင်ပါရက် အကုသိုလ်ကသာများများလာတယ်၊ ​ကောင်းတာ​လေးသိပါရက်နဲ့ မ​ကောင်းတာပဲ လုပ်မိ​နေတယ်၊ လူမှန်ရင် အပြစ်ဆိုတာကို သိရက်နဲ့ဖြစ်​စေ မသိရက်နဲ့ဖြစ်​စေ လုပ်မိတတ်ကြ​ပေတာကိုး။ တရားက​ကောင်းပါတယ် မ​ကောင်းတာကလူဖြစ်​နေ​လေတယ် မဟုတ်ပါလား။ တရား​တွေက ​ရေနစ်သူအတွက် ​ရေကူးသင်​ပေး​နေသလို ​ကောင်း​တော့​ကောင်း​ပေမယ့် မထိ​ရောက်ဘူးလို့ နားလည်မိပါတယ်။ တကယ်​တော့ ​ရေနစ်​နေသူကို ဆင်းကယ်မှသာ ရ​တော့မ​ပေါ့၊ ​​ရေနစ်​နေမှ​တော့ ​ရေကူးသင်လို့မထူး​တော့​ပေ။ ထို​နေနစ်​နေသူကလည်း ကယ်သူ၏လက်ကို​တော့ ကိုင်စွဲရ​ပေမည်မဟုတ်ပါလား။ 

ဒါ့​ကြောင့် မိတ်​ဆွေတို့ ကျွန်​တော်တို့ မလုပ်နိုင်တာကို သိတဲ့အတွက် သခင်​ယေရှုခရစ်​တော် ကိုယ်တိုင် ပြု​ပေး​သော ​ကျေးဇူး​တော်ပင်ဖြစ်သည်။ ထိုပြု​ပေးခြင်းကို ယုံကြည်လက်ခံရုံနှင့် သင်သည် ကယ်တင်ခြင်းရရှိပါသည်။ သင့်ရဲ့ ​ဝေဝါး​​ထွေပြားနေ​သော တမလွန်အ​ရေးသည် ရိုးရှင်းစွာ လက်ခံလိုက်ရုံနှင့် စိတ်ချရမှာ ဖြစ်​ပေသည်။ ဆိုကြပါစို့ လူတစ်​ယောက်က သင့်ကို ချစ်ခင်တဲ့အတွက်​ကြောင့် ဒါကအခမဲ့ဖြစ်ပါတယ်ဆိုပြီး လာပေး​သော လက်​ဆောင်ကို သင်ယူလိုက်ရုံဖြစ်သည်၊ မည်သည့်အရာမျှ ပြန်လုပ်​ပေးစရာ အဖိုးအခ​ပေးစရာ မလိုဘူးမဟုတ်ပါလား။ ဒါ့​ကြောင့် သင်ကိုယ်တိုင် ​ရေနစ်​နေတယ်လို့ ခံစားရတယ်ဆိုရင်ဖြင့် ထိုသခင်​ယေရှုခရစ်​​တော်၏ လက်ကို ကိုင်စွဲကာ တမလွန်အရေးကို စိတ်ချနိုင်ပါ​စေ။ 

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် မိတ်​ဆွေက သခင်​ယေရှုခရစ်​တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ... 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ *** 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next