November 26, 2026

ကြေညက်​အောင်ဝါးစားပါ

ကျွန်​တော်တို့​တွေသည်ထမင်းဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တစ်ခုခုစားကြတဲ့အခါ အစာကို​ကြေညက်​အောင်ဝါးစားကြရပါတယ်။ အကယ်၍သာ ​သေချာမ​ကြေညက်ခဲ့ရင် ကိုယ်ခန္ဓါအတွက်အဆင်မ​ပြေဘူး။ ဥပမာ​ပြောရရင် အစာအိမ်နာမယ်၊ဗိုက်​အောင့်မယ်၊အစာမ​ကြေဖြစ်မယ် စသဖြင့်​ပေါ့။

ဒီလိုပါပဲ ဝိညာဥ်​ရေးရာနဲ့ပက်သက်ရင် မ​ကြေညက်ရင်ပြဿနာရှိပါတယ်။ ဒါ့​ကြောင့် ပိုပြီး​တော့ ​ကြေညက်​စေဖို့လိုပါတယ်။ အစာမ​ကြေရင် အစာကြေ​ဆေးစားလို့ရပါတယ်၊​နောက်​နေ့ပြန်​ကောင်းတာလဲရှိပါတယ်။
သို့​သော် ဝိညာဥ်​ရေးရာအစာမ​ကြေညက်ရင်​တော့ အသက်တာမှာလွဲမှားနိုင်သလို၊သမ္မာတရားကိုမပိုင်းခြားနိုင်​လောက်တဲ့အထိဖြစ်​စေနိုင်ပါတယ်။

 

ကိုယ့်ကိုသွန်သင်​ပေးသူကိုစိတ်ဆိုးတာ၊စိတ်​​ကောက်တာ​တွေဖြစ်လာရင်း ​နောက်ဆုံးဘုရားကိုပါစိတ်​ကောက်ခြင်း​တွေဖြစ်လာတတ်ပါ​တော့တယ်။
ဒါ့​ကြောင့်ကျွန်​တော်တို့အ​ယောက်စီတိုင်းဟာအစာကို​ကြေညက်​အောင်ဝါးစားသကဲ့သို့ဝိညာဥ်စာကိုလဲကြေညက်​စွာစားကြရ​အောင်လို့အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ဒီလိုပိတ်ရက်ရှည်အချိန်ရှိတုန်းမှာ မိမိတို့ရဲ့အချိန်ကို ဘုရားနဲ့ပိုပြီးအချိန်ယူရင်း နှုတ်ကပါတ်​တော်ကို​သေ​သေချာချာဆင်ခြင်နှလုံးသွင်းကြရ​အောင်လို့တိုက်တွန်း​ပေးချင်ပါတယ်။ ​ဗေရိမြို့သားများကဲ့သို့ နှုတ်ကပါတ်​တော်ကိုခံယူ၍ မှန်သည်မမနှန်သည်ကို ​စေ့​စေ့ဖတ်ရှုဆင်ခြင်ပိုင်းခြားကြပါစို့။

 

တမန်တော်ဝထ္ထု ၁၇:၁၁
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

 

Previous Next