January 23, 2025

ကိုယ်​တော်အဘို့အလိုငှာ

လာဇရုတို့ ​မောင်နှမ​တွေနဲ့ ​ယေရှုခရစ်​​တော်တို့သည် ရင်းနှီးကျွမ်းဝင်ကြတယ်။ တနည်းအားဖြင့်ဆိုရရင် မိသဟာရရှိသလို ​ယေရှုခရစ်​တော်ကို ယုံကြည်တယ် အားကိုးတယ်ဆိုတာကို ​တွေ့ရတယ်။ တစ်​နေ့​တော့ လာဇရု​နေမ​ကောင်းဖြစ်တဲ့အခါမှာ ဒီညီအမ​တွေက ​ယေရှုဆီ ​စေလွှတ်ပြီး​ပြော​စေတာကို​တွေ့ရတယ်၊ ကိုယ်​တော်ချစ်တဲ့သူ လာဇရုက​တော့ ဖျားနာ​နေပြီလို့ ဆိုလိုခြင်းဟု ဆိုကြပါစို့။ သို့​သော် ကိုယ်​တော်က ဒီစကားကိုကြားတဲ့အခါမှာ ​သေနာမဟုတ်ဟုဆို၍ ဘုရားသခင်၏ဘုန်း​တော်ထင်ရှာ​စေ​သော အနာဟုသာဆိုတယ်။ ထိုအရပ်မှာ တမင်သက်သက်ကို နှစ်ရက်ဆက်​နေတာကို မြင်​တွေ့ရတယ်။

ရှင်ယောဟန်ခရစ်ဝင် ၁၁:၆
လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌နှစ်ရက်နေတော်မူ၏။

သူတို့ကို မုန်း​သော​ကြောင့်လား။ ထိုသို့ မဟုတ်ပါ။ ​ယေရှုသည် မာသကို၎င်း သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်​တော်မူတယ်လို့ ​ဖော်ပြထားကို​ ထင်ရှားစွာတွေ့ရပါတယ်။ သို့​သော် ထိုနှစ်ရက်က​တော့ ထိုသူတို့အတွက်​တော့ နာကျဥ်ခြင်းနှင့် ငို​ကြွေးမြည်တမ်းရာ​နေ့ရက်၊ တိတ်ဆိတ်ခြင်း​ကာလ၊ ​မှောင်မိုက်၍ ​မျှော်လင့်ချက်မဲ့ရာအချိန်၊ ကိုယ်​တော်ထံမှ အ​ဖြေမရတဲ့နာရီများဟု ​ခေါ်​ဆိုနိုင်​ပေသည်။

စဥ်းစားကြည့်မယ်ဆိုရင် ဒီမိသားစုသည် ကိုယ်​တော်ကို အားကိုးပါတယ်၊ ယုံကြည်ပါတယ် ဒါ့​ကြောင့်လဲ သခင်​ရေ လာဇရုနာ​နေပါတယ်လို့ ဦးစွာကြား​ပြောတယ်၊ သခင်လာ၍ ကျန်းမာ​ပေးမယ်လို့ ထင်ကြခဲ့ဖူးမှာပါ။ မ​ရောက်လာတဲ့အခါ ဘယ်လိုခံစားရမလဲ၊ ဒီကာလအတွင်းမှာ ကျန်းမာခြင်း အ​ဖြေမရ၊ ​သခင်လဲရောက်မလာ၊ စိတ်ညစ်​နေ​ကောင်း စိတ်ညစ်​နေရမယ်၊ နာကျဥ်ငို​ကြွေးမယ်၊ စိတ်ဓါတ်ကျဝမ်းနည်း​နေနိုင်ပါတယ်၊ ​နောက်ဆုံးမှာ ​မောင်ဖြစ်သူရဲ့ အသက်ဆုံးရှုံးခြင်းကြုံရတဲ့အခါ ဘယ်လို ခံစားနိုင်မလဲ ​တွေးကြည့်ရင် မလွယ်ကူတဲ့ခံစားချက်ဖြစ်ပါတယ်။

ဒီလို အ​ခြေအ​နေ​တွေကို ကျွန်​တော်တို့လဲ ကြုံ​တွေ့နိုင်တဲ့အရာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ ​ယေရှုကို လက်ခံယုံကြည်ပါတယ်၊ အားကိုးပါတယ်၊ အကြွင်းမဲ့လက်ခံယုံကြည်ပါရက်နဲ့ အားကိုးပါရက်နဲ့ ဆု​တောင်းချက်တွေ အ​ဖြေမရနိုင်ဘူး။ ဘုရားသခင်ကိုအားကိုးပါတယ်၊ ဆု​လဲတောင်း​နေပါရက်နဲ့ကို လက်ရှိကာလမှာ အဆင်​ပြေမ​နေဘူး၊ ​ရောဂါမကူးခြင်းဘူးလို့ ဆု​တောင်း​နေပါ​သော်လည်း ကူးခဲ့ရခြင်း​တွေ၊ ချစ်ရတဲ့​တွေသူကို​တော့ လုံခြုံ​စေချင်တယ် မနာကျဥ်​စေချင်ဘူး ဆို​သော်လည်း လာဇရုကဲ့သို့ အားကိုး​နေပါတယ် ​မျှော်လင့်​နေပါ​သော်လည်း သခင်​ရောက်မလာခဲ့ဘူး၊ စသဖြင့်ကို ကြုံ​တွေ့​ကောင်း ကြုံ​တွေ့ရနိုင်ပါတယ်။

ရောမဩဝါဒစာ ၁၁:၃၆
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ 

​ယေရှုက ငါ့အချိန်မ​ရောက်​သေးဟုဆိုသကဲ့သို့ အချိန်နာရီသည် သခင့်လက်ထဲမှာဖြစ်သလို ဘုရားသခင်၏ ဘုန်း​တော်ထင်ရှား​စေခြင်းအတွက်ဖြစ်တယ်ဆိုတာကို သတိရပါ။ ကြုံ​တွေ့​နေရ​သော အရာများသည် နာကျဥ်ရမည်မှန်​သော်လည်း ကျွန်ုပ်တို့အတွက် တစ်ခုခုကို ပြုစု​နေခြင်းဖြစ်တယ်ဆိုတာကို​တော့ ​မြေကြီးလက်ခတ်မလွဲ​ဆိုတာ ဧကန်အမှန်ပဲဖြစ်ပါတယ်။ 

အချုပ်အားဖြင့်ဆိုရ​သော် ​သခင်ယေရှုကို အားကိုးပါတယ်၊ ယုံကြည်ပါတယ် သို့​သော် ဖြစ်ချင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်​နေရတယ်၊ ​ရောဂါ မကူးချင်ဘူး ဒါ​ပေမယ့် ကူးသွားတယ်၊ မဖြစ်ချင်ဘူး ဒါ​ပေမယ့် ဖြစ်သွားတယ်၊ မကြုံချင်ဘူး ဒါ​ပေမယ့် ကြုံရတယ် စသဖြင့် ထိုကာလဆိုတာကိုလဲ ကြုံ​တွေ့ရနိုင်တယ်ဆိုတာကို နားလည်ဖို့ရှိပါတယ်။ သို့​သော် အချည်းနှီး​သော နာကျဥ်ငို​ကြွေးရမှုဘယ်​တော့မှ မဖြစ်ဘူး အရာရာတိုင်းသည် ဘုရားသခင်ဘုန်း​တော်ထင်ရှားဖို့ရန်သာဖြစ်တယ်၊ ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်တယ်ဆိုတာကို အနည်းငယ်​ဝေမျှ ခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next