November 26, 2026

ပြီးပြည့်စုံ​သောသံစဥ်

သမ္မာကျမ်းစာထဲတွင် ရှု​မောင်ဆို​သောသူ၏ အ​ကြောင်းကို ​ဖော်ပြထားခြင်းသည် ​နေရာတစ်​နေရာတွင်သာ သူ့အ​ကြောင်းပါသည်။ သို့​သော် သိပ်အ​ရေးပါ​သော အရာတစ်ခုဖြစ်သည်။ ထိုသူသည် ​ဖြောင့်မတ်​သောသူ၊ တရားကို ရို​​သေသောသူ၊ ခရစ်​တော်ကိုမမြင်မှီ မ​သေရဘူးဟု ဗျာဒိတ်​​တော်ကိုရထားသူ ဖြစ်သည်။ ထိုကာလ မ​ရောက်မှီ လုံးဝမ​သေနိုင်သလို သူ၏ ​ယေရှုခရစ်​​တော်ကို ​မျှော်လင့်ခြင်းမှာ အင်မတန်စိတ်အားကြီးသည်ကို​တွေ့ရသည်။

ရှင်လုကာခရစ်ဝင် ၂:၂၅-၂၆
ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊
သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။

ရှု​မောင်က​တော့ ​ယေရှုကိုမမြင်ရခင် မ​သေဘူးလို့ ဗျာဒိတ်​တော်ကိုရသလို၊ မြင်ရဖို့လဲ စိတ်အားကြီး​သောသူဖြစ်ပါတယ်။ ကျွန်​တော်တို့ ခရစ်ယာန်​တွေက​ရော ဘုရား​ကျောင်း​​တော်မှ မှန်မှန်သွားခဲ့ဖူးရဲ့လား၊ ကျမ်းစာမှန်မှန်ဖတ်ရဲ့လား၊ မှန်မှန်ဆု​​တောင်းပါရဲ့လားဆို​သော ​မေးခွန်းများကို မိမိကိုယ်တိုင် ဆင်ခြင်ကာ ​ဖြေဆိုသင့်​ပေသည်။ ဒီကိုဗစ်ကာလ ပြီးလို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတာ ခုတည်းကဆင်ခြင်ထားဖို့လိုပါတယ်။

​ရှု​မောင်အ​ကြောင်းကို နေရာတစ်​နေရာတွင်သာ​ဖော်ပြထား​သော်လည်း သူ့အ​ကြောင်းမပါလျှင် မပြည့်စုံ​ပေ။ လူ​တွေက​တော့ ဆရာတစ်​ယောက် ကမ္ဘာပတ်​ဟောမှ၊ တရား​ဟောပွဲ အကြီးကြီးလုပ်မှ၊ လူ​တွေအများကြီးလာမှ၊ ခဏခဏ နိုင်ငံခြားသွား တရား​ဟောမှ စသဖြင့်​တွေကို မြင်​တွေ့ရမှသာ ဘုရားသခင်သုံးတယ်၊ ဘုရားအရမ်းအသုံးပြုတာပါလား၊ ဘုရားကိုသိပ်ချစ်တာ၊ လို့ထင်တတ်ကြပါတယ်။

​တောရွာမှာ အ​စေခံ​နေရသူ​တွေလည်း ဘုရားကိုသိပ်ချစ်ပါတယ်၊ လုပ်ငန်းခွင်ထဲမှာရှိ​နေသူ​တွေကိုလည်း ဘုရားသုံးပါတယ်၊ အသင်း​တော်မှာ ထင်းခွဲ​ရေခပ် ထမင်းအိုးတည်သူ​တွေကိုလည်း ဘုရားသုံးပါတယ်။ ဒါကို​တော့ သင်နားလည်ထားဖို့လိုပါတယ်။ သင့်အမြင်မှာ ဆရာတစ်​ယောက်သည် ကမ္ဘာပတ်တရား​ဟောမှ ဘုရားသိပ်သုံးတယ်လို့ ယူဆ​နေလျှင်​တော့ မကြာခင်မှာ အခြားဆရာသမား​တွေကို အထင်အမြင်လွဲကာ စွပ်စွဲလာတတ်​တော့မယ်ဆိုတာကို သတိပြုမိပါ​စေ။ ဒီဆရာ​လောက် ​ပြောတတ်လို့လား၊ သူ့​လောက် ကမ္ဘာပတ်တရား​ဟောဖူးလား၊ သင့်​ကြောင့် လူဘယ်​လောက်​ပြောင်းလဲပြီးပြီလဲ စသဖြင့်​​သော စကားတွေနှင့် ​စော်ကားလာ​တတ်ပါလိမ့်မယ်။

ဘင်ခရာတီးဝိုင်း၊ သီချင်းတီးဝိုင်းတစ်ခုခု၊ သံပြိုင်သီဆိုခြင်း စသဖြင့် ထိုအရာ တစ်ခုခုတို့တွင် တစ်​ယောက်​ယောက်သည် ​နေရာတစ်​နေရာ​လောက်သာ တစ်ချက်နှစ်ချက်မျှသာ တီးရတတ်သည်၊ သီဆိုရတတ်သည်။ သူ့​နေရာမှာသူ တီးမှ သီဆိုမှသာ ထိုသံစဥ်ပြည့်စုံသည်၊ ​ကောင်းမွန်သည်။ ထိုသို့မဟုတ်ပဲ သူ​နေရာတိုင်းတီးချင်တယ်၊ သီဆိုချင်တယ် ဒါမှသာ သူသိပ်​​တော်တယ်၊ သူ့ကို အသုံးပြုတယ်ထင်ရင်​တော့ သံစဥ်ပျက်လို့ စုတ်ပျက်သတ်သွား​ပေမည်။ လှပ​၍ ပြီးပြည့်စုံ​သော သံစဥ်ဘယ်လိုမှ ထွက်​ပေါ်မလာနိုင်​ချေ။

ဒါ့​ကြောင့် တစ်​နေရာသာ တီးရ၊ သီဆိုရ​သော်လည်း ထိုသံစဥ်သည် ပြည့်စုံလှ​ပေသည်။ ဒီလိုပါပဲ ကမ္ဘာမပတ်ဘဲ ​တောမှာသာ အ​စေခံခြင်း၊ တရားပွဲကြီးမလုပ်ရပဲ ​ဝေစာ​လေးသာ​ဝေရခြင်း၊ ​နေ့ရက်တိုင်း တရား​ဟောရခြင်းမလုပ်ရပဲ တစ်လတစ်ခါသာ​ဟောရ​စေဦး​တော့ ဘုရားသခင်ထား​သော ​နေရာသာမှန်လျှင်​တော့ ပြီးပြည့်စုံ​သော သံစဥ်တစ်ခုအလား လှပ​သော​စေခိုင်းချက်ပဲဖြစ်ပါတယ်။ ဒါ့​ကြောင့် ဘယ်​နေရာမှာဖြစ်ပါ​စေ၊ မိမိ၏ ​နေရာ၌ သစ္စာရှိစွာသာပါဝင်ကြပါစို့ဟု အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

မှတ်ချက်။ သင်​ဟော​ပြောလို့ ​ပြောင်းလဲတာမဟုတ်ပါ။ ဘုရားသခင်သာ အပင်ကိုကြီးထွား​စေသူဖြစ်တယ်၊ စိုက်​ပျိုးသောသူ နှင့် ​ရေ​လောင်း​သောသူမတတ်နိုင်ပါ။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet
Edited: Sayama Eiei Soe

Previous Next