December 26, 2024

သက်သာခြင်းသို့

လက်ရှိကာလသည် အင်မတန်စိတ်နှလုံး​ကြေကွဲစရာ​ကောင်းသည့် ကာလဖြစ်ပါသည်။ စိတ်ပျက်အားငယ်စရာ​ကောင်းသည်ဟု ဆိုကြသူများလည်းရှိသကဲ့သို့ စိတ်ဓါတ်ကျကာ ​ငို​ကြွေး​နေမည့်သူများလည်းရှိကြမှာပါ။ ကျွန်ုပ်တို့အားလုံး ငို​ကြွေးမြည်တမ်းကြပါတယ်၊ စိတ်နှလုံးအင်မတန်​ကြေကွဲကြရပါတယ်။ သို့​သော်လည်း မတရားမှု​သည် ဆက်လက်၍ အတားအဆီးမရှိ ​ပြေးလမ်း​ပေါ်လွှတ်တင်လိုက်သည့် ​လေယာဥ်အလား အရှိန်အဟုန်မြင့်စွာ ​ပြေးထွက်သွားခဲ့​လေပြီ။ တားမရဆီးမရ လွန်ကျူးကာ ​ပျော်ပါး​နေကြ​ပေသည်မဟုတ်ပါလား။ 

အနည်းငယ်ဆင်ခြင်ကြည့်ရမည်ဆိုလျှင် ကျွန်ုပ်တို့ အားကျနှစ်သက်သည့် ဒါဝိဒ်မင်းကြီးသည် မတရားမှု​ကြောင့် ထွက်​ပြေးဖူးသည်၊ ပုန်း​ရှောင်ခဲ့ဖူးသည်။ ဒံ​ယေလသည် ဗာဗုလုန်နိုင်ငံသို့အဖမ်းခံရကာ တိုင်းတပါး၌​နေခဲ့ရသကဲ့သို့ မတရားသဖြင့်ကြံစည်ခြင်းအားဖြင့် ခြင်္သေ့တွင်းထဲသို့ ပစ်ချခံခဲ့ရဖူးသည်။ မိဒျန်လူမျိုးများအား လူသုံးရာနှင့် တိုက်ထုတ်ခဲ့သည့် ဂိ​ဒေါင်သည် အင်မတန်စိတ်ဓါတ်ကျဖူးသလို စိတ်ပျက်ဖူးသည့်ကာလ ရှိခဲ့ဖူးသည်။ 

ထို့အတူ အင်အားကြီးလှပါသည်ဟုဆို​သော ရှံဆုန်သည်လည်း ရန်သူတို့၏လက်၌ အဖမ်းခံခဲ့ရဖူးသည်။ ဧလိရှဲ​ရှိနေသည့် ပြည်ကိုလည်း ရှုရိတပ်များ နှစ်ကြိမ်တိုင်တိုင် လာ​ရောက်ဝိုင်းခြင်းကိုခံခဲ့ရဖူးသည်။ ​ရှ​မွေလ၏ မိခင် ဟန္နသည်လည်း စိတ်နှလုံး​ကြေကွဲကာ အင်မတန်မှ ငို​ကြွေးခဲ့ရဖူးသည်။ ဣ​သ​ရေ​လလူမျိုးများသည် နှစ်​ပေါင်း​လေးရာ ခက်ခဲဆင်းရဲစွာ ကျွန်ဘဝ၌​နေထိုင်ခဲ့ရဖူးသည်။ ဆက်ကြည့်လျှင် များစွာရှိ​ပေဦးမည်။ 

ရှင်ဘုရင်၏ လက်မှလွတ်​မြောက်ရခြင်း၊ ခြင်္သေ့၏ နှုတ်ကိုပိတ်ခြင်း၊ စိတ်ပျက်ကာ စိတ်ဓါတ်ကျ​နေသူအား ပြန်လည်အားပြည့်လာ​စေခြင်း၊ ရန်သူတို့၏လက်တွင်ဖမ်းခံရ​သော်လည်း ​ဖျက်ဆီးခွင့်ရခြင်း၊ ရှုရိတပ်များလက်မှ လွတ်​မြောက်​စေခြင်း၊ ကြာမ့င့်လပြီဖြစ်​သော ကျွန်ဘဝမှ လွတ်လပ်ခြင်းကိုခံစားရခြင်းများအပြင် စိတ်နှလုံး​ကြေကွဲကာ ဝမ်းနည်းငို​ကြွေး​နေရခြင်းမှ အလိုပြည့်စုံရခြင်းကိုလည်း ရ​စေခဲ့ကြသည်။ 

ရှင်မဿဲခရစ်ဝင် ၅:၄
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။ 

မြင်​တွေ့​နေရခြင်းခြင်းသည် ​အော့နှလုံးနာစရာ၊ ကြား​နေရခြင်းသည် မခံစားနိုင်ဖွယ်၊ ကြုံ​နေရခြင်းသည် နာကျည်းစရာ၊ ခံစား​နေရခြင်းသည် စိတ်ပျက်ကာ နှလုံး​ကြွေကွဲရခြင်းများသာ ဖြစ်​နေပါ​သော်လည်း လွတ်​မြောက်​စေ​ရဦးလိမ့်မည်။ ကျွန်ုပ်တို့သည် လက်ရှိကာလအတွက် စိတ်ပျက်အားငယ်​နေကြမှာဖြစ်သလို ငို​ကြွေးမြည်တမ်းရင်း စိတ်မသာညည်းတွားလျှက် နာကျင်စွာခံစား​နေကြရမှာဖြစ်ပါတယ်။ 

သို့​သော် "စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏" ဟုဆိုသည့်အတိုင်း သက်သာခြင်းသည် လာ​ပေဦးမည်။ ငို​ကြွေးမြည်တမ်းကာ စိတ်နှလုံး​ကြွေကွဲလျှက်ရှိကြ​သောသူများအတွက် သက်သာခြင်းသည် ရှိပါ​သော​ကြောင့် ဆုံးရာသို့မ​ရောက်​သေးသည်ကို သိမှတ်လျှက် သမ္မာကျမ်းစာမှ အဖြစ်အပျက်များကို ဆင်ခြင်၍ ထာဝဘုရား၌ မျှော်လင့်ကာ အားယူလျှက် ​ရှေ့ဆက်ကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next