လဲကျဖူးခြင်းကိုအတုယူပြင်ဆင်ပါ

ယောရှုမှတ်စာ ၂:၁
နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက်သည်အတိုင်း၊ သူတို့သည်သွားပြီးလျှင်
တစ်ခါတစ်ခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကျရှုံးခြင်းတွေဟာ ကြိုတင်တွေ့ရတဲ့ အလေ့အကျင့်၊ အတုယူစရာ၊ ပထမဆုံးအတွေ့အကြုံ စသဖြင့်ဖြစ်နေတတ်တယ်။ ကျွန်တော်တို့ကိုယ်တိုင်သေသေချာချာစဥ်းစားကြည့်ရင် မိမိသည် ဒီလိုအတွေ့အကြုံမျိုးကိုကြုံတွေ့ခံစားဖူးကြသလို နောက်တစ်ကြိမ်မှာအောင်နိုင်ခဲ့ဖူးကြလိမ့်ပေမယ့်။
ယခုတွင်လည်း ယောရှုသည် ဘာကြောင့် သူလျှို (၂) ယောက်သာလွှတ်သလဲဆိုရင် သူကြုံတွေခဲ့ဖူးသောကြောင့်ပင်။ မောရှေဟာ (၁၂) ယောက်ကိုလွှတ်ခဲ့သော်လည်း (၂) ယောက်သာ တိုက်ပါ အောင်နိုင်ကောင်းတယ်၊ ဘုရားသခင်ပေးမယ်၊ ငါတို့နဲ့ဘုရားရှိကြောင်းကိုမြင်တယ် ဆိုတာသူသိသလို အဲဒီ(၂) ယောက်ထဲမှာ သူပါတယ်ဆိုတာကိုနားလည်ရတယ်။ ကျန်သော (၁၀) ယောက်ဟာ ဆန့်ကျင်ဖက်သာပြောတယ်၊ ဒါ့အပြင် ငါတို့ဟာ နှံကောင်လိုပဲလို့တောင်ပြောခဲ့ဖူးတာကိုသူသိပါတယ်။ ဒီလို မျိုးတွေကြောင့် သူတို့ရာ ရောက်ရမယ့်နေရာကို မရောက်ကြဘဲ တောထဲမှာသာ လည်ပြီးရင်းလည်နေခဲ့ရသည်ဖြစ်သည်။ ဒါ့ကြောင့် သူဟာ နမူနာယူ၍ ပြင်ဆင်ခြင်းဖြစ်သည်။
ကျွန်တော်တို့ဘဝတွင်လည်း ပထမအကြိမ်ကျဆုံးရတာတွေ၊ လဲကျဖူးကြတာတွေရှိကြမှာပါ။ ဒီလိုပဲ ဝိညာဥ်ရေးရာ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ စသဖြင့် အမျိုးမျိုးသော ကဏ္ဍအသီးသီးမှာ လဲကျဖူးကြသူတွေ၊ လဲကျနေစဲပြန်မထနိုင်သေးရင်၊ ယခုပင်ပြန်ထလာဖို့ သင့်ကိုဘုရားသခင်အလိုရှိတယ်ဆိုတာကိုပြောချင်ပါတယ်။ လဲကျခြင်းသည် အဆုံးမဟုတ်ပါဘူး၊ ပြန်ထလာဖို့အတွက် ပညာယူကာ ပြင်ဆင်ပြီးဆင်ခြင်ရမယ့် အရာတစ်ခုသာဖြစ်တယ်။ မောရှေနဲ့အတူရှိသောဘုရားဟာ ယောရှုနဲ့အတူရှိတယ်လို့ဆိုလို သင်နှင့်ကျွန်ုပ်နဲ့လည်း အတူရှိပါတယ်။ ဒါကြောင့် လဲကျနေသော ထိုနေရာမှ ထွက်လာဖို့ရန်၊ အားယူ၍ ရဲရင်းခြင်းရှိကာ အရှုံးမပေးဘဲ အရှေ့ကိုသာဆက်လက်ချီတက်ကြပါစို့လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet