နံနက်ယံ၌ဝမ်းမြောက်စွာသီချင်းဆိုရခြင်းအခွင့်

ကျွန်တော်တို့ လူတိုင်းလူတိုင်းမှာ နာကျဥ်စရာတွေရှိတတ်ကြတယ်၊ ငိုကြွေးဖူးကြတယ်၊ ခက်ခဲမှုတွေကြုံဖူးကြတယ်၊ စသဖြင့် ပင်ပန်းဖူးကြတဲ့သူတွေလဲရှိကြတာပေါ့။ ဒီလိုဖြစ်ရတဲ့အချိန်တွေမှာတော့ ပင်ပန်းလွန်းလှတာပေါ့လေ ဒါပေမယ့် ဒီအရာတွေကို ကျော်လွန်သွားရတဲ့အချိန်ရောက်ရင် မေ့လျှော့သက်သာ ပျောက်ကင်းသွားသလိုပဲဆိုတာကို နားလည်ရပါတယ်။ ဆိုကြပါစို့ ခက်ခဲတဲ့သင်္ချာပုဒ်စာ တစ်ပုဒ်ကိုတွက်ရသလိုပေါ့။ အဖြေမရသေးခင်တော့ ပင်ပန်းလွန်းလှတယ် ဦးနှောက်တွေစားတယ် ခက်ခဲတယ် ဒါပေမယ့် အဖြေမှန်ရသွားတဲ့အခါမှာ ပျော်ရွှင်ရသလို ထိုခက်ခဲမှုကိုမေ့သွားတယ် ပီတိဖြစ်ရတယ်၊ အဖြေရအောင်တွက်နိုင်တယ်ပေါ့။
ဒီလိုပါပဲ ကျွန်တော်တို့ နာကျဥ်နေရချိန်၊ ငိုကြွေးနေရချိန်၊ ပင်ပန်းဆင်းရဲဒုက္ခတွေခံစားနေရချိန်မှာတော့ သင်္ချာတစ်ပုဒ်ကိုတွက်နေရချိန်လိုပါပဲလားလို့ နားလည်ရပါတယ်။ ဒါတွေကျော်လွန်တဲ့အခါမှာတော့ ဝမ်းမြောက်စရာပင်ဖြစ်ပေသည်။ ငါကျော်လွှားနိုင်တယ်ဆိုပြီး အားရဝမ်းမြောက်ရွှင်လန်းကာ ကျေးဇူးတော်ကိုကြီးမားကြောင်းသာ၍ဝန်ခံနိုင်ပေသည်။ ဆာလံဆရာကဘာပြောလဲဆိုတော့ အမျက်တော်က ခဏပဲတဲ့။ ဟုတ်ပါတယ် ဥပမာ က္ကုသရေလလူမျိုးတွေကိုကြည့်ပါ။ သူတို့က သစ္စာမဲ့တဲ့ကိုးကွယ်ခြင်းလုပ်တယ်၊ ဖောက်ပြန်ပျက်စီးတယ်၊ ဘုရားသခင်မကြိုက်တဲ့ ဒုစရိုက်ကိုပြုတယ် သို့သော် ဘုရားသခင်၏ ပြန်လည်ကယ်ဆယ်ခြင်းကို မထိုက်တန်သော်လည်း အခွင့်ကိုရခဲ့သည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်း ကျေးဇူးတော်ကို ထင်ရှားစွာမြင်တွေ့ရပေသည်။
ဒါ့ကြောင့် ကျေးဇူးတော်က ကြီးမားလှသည်။ ကျေးဇူးတော်သည် တစ်သက်လုံးတည်တယ်လို့ ဆာလံဆရာကဆိုပါတယ်။ ကျွန်တော်တို့ နာကျဥ်ငိုကြွေးနေရခြင်းတွေသည် ညဦးယံဖြစ်၍ တစ်ခဏသာလာ၍ တည်းခိုခြင်းဖြစ်ပေသည်။ တည်းခိုသည်ဆိုသည်မှာ ဧည့်သည်ဖြစ်၍ဖြစ်သည်၊ ထို့ကြောင့် သူသည် ပြန်ထွက်ကိုပြန်ထွက်သွားရပေဦးတော့မည်။ ထိုအရာတွေ ပျောက်ကင်းရတဲ့တစ်နေ့တွင် ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုရတဲ့အခွင့်ကို ရမည်ဆိုတာကို နားလည်စေချင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အယောက်စီတိုင်းသည် နံနက်ယံမှာ ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုရမည့် အခွင့်ရှိပါတယ်ဆိုတာကို အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဆာလံကျမ်း ၃၀:၅
အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား၊ တစ်သက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသောအခွင့် ရှိ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi