January 15, 2025

စင်ကြယ်​သောဩဝါဒကိုသာ

ယခုကာလသည် ​သတင်းအချက်အလက်များ အင်မတန်​ပေါများ​သော ကာလတစ်ခုဖြစ်သည်ဆိုလည်း မမှား​ပေ။ ထိုအထဲတွင် နိုင်ငံ​ရေး၊ ဘာသာ​ရေး၊ လူမှု​ရေး၊ မှုခင်းသတင်း၊ နိုင်ငံတကာသတင်း၊ အနုပညာ​လောကသတင်း စသဖြင့် အမျိုးမျိုးပါဝင်သည်။ 

ထိုအထဲတွင် သတင်းအတု၊ သတင်းအမှန်၊ အမှန်တဝက် အမှားတဝက် စသဖြင့်ပါဝင်ကြပြန်သည်။ ထိုသတင်းများသည် ရည်ရွယ်ချက် အသီးသီးရှိ၍ ဦးတည်ချက်များလည်း အသီးသီးရှိကြသည်။ ဥပမာ တချို့က ပိန်းဥဖမ်းခြင်း၊ တချို့က ဟာသလုပ်ခြင်း၊ တချို့က တိုက်ခိုက်ခြင်း၊ တချို့က ဦးတည်ချက် လွဲသွား​စေရန် ရည်ရွယ်ခြင်း၊ တချို့ကလည်း အဖျက်သမားလုပ်ရပ်များကို ဦးတည်ခြင်း၊ စသဖြင့် အမျိုးမျိုးရှိကြပြန်သည်။ 

ခရစ်ယာန်​လောကတွင်လည်း ထိုနည်းတူ အမျိုးမျိုး​သော ဩဝါဒများ ပျံ့နှံ့လာခဲ့သည်။ ထိုအထဲတွင် ​ယေရှုနှင့်ခရစ်​တော်ခွဲခြင်း၊ ​ယေရှုသည် တရုတ်မပြည်တွင်ကြွလာခဲ့ပြီးပြီ၊ ကယ်တင်ခြင်းရရန် ​နောင်တရဖို့မလိုဟုဆိုကာ အပြစ်နှင့် အပြစ်လက္ခဏာခွဲခြင်း၊ ​သေလွန်သူကို နှစ်ခြင်း​ပေး၍ ကယ်တင်ခြင်း၊ ဝိညာဥ်​တော်သည် တန်ခိုးသာဖြစ်သည်၊ ​ယေရှုသည် ဘုရားငယ်အဆင့်သာ၊ ပ​ရောဖက်​ယောင်​ယောင် ဘာ​ယောင်​ယောင် စသဖြင့် အမျိုးမျိုး​သော ဩဝါဒများသည်လည်း ရည်ရွယ်ချက်အမျိုးမျိုးနှင့် ဝင်​ရောက်လာ​ပေသည်။ 

အချို့ကလည်း ​များများလှူမှ များများရမည်ဆိုကာ လှည့်ဖျား၍ အိတ်ထဲထည့်ခြင်း (စစ်မှန်​သော ​ပေးလှူခြင်း မဟုတ်)၊ အချို့ Page ​တွေကလည်း Hot ​နေ​သော သတင်း​ပေါ် မူတည်ကာ ဆွဲ​ဆောင်ခြင်း (attention) ဥပမာ ​ဒေါ်နွယ်ထွန်းကို အ​ကြောင်းပြ၍ သတင်းအမှားများနှင့် ခရစ်ယာန်များအား လှည့်ဖျားခြင်းများ အာမင်ရှာ​သော အရာများလည်း ဖြစ်ကြသည်။ 

ယခုကာလသည် ပ​ရောဖက် အတုအ​ယောင် သာ၍ထင်ရှားရာကာလဆိုလျှင်လည်း မမှား​ချေ။ အဘယ့်​ကြောင့်ဆို​သော် ဘယ်သမ္မတတက်မည်၊ ကိုဗစ်ကို ​လေမှုတ်၍ ​မောင်းထုတ်ခြင်း စသဖြင့် ​ပေါက်တတ်ကရ ပ​ရောဖက်များကို ထင်ရှားစွာ ခွဲခြားနိုင်သွား​ပေသည်။ 

တိတုဩဝါဒစာ ၂:၁
သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။ 

ထိုသို့​သော ​ပေါက်တတ်ကရ ဩဝါဒ အလွဲများနှင့် မိစ္ဆာအယူများထဲတွင် မိတ်​ဆွေမပါသည်ကို ​ကျေးဇူး​​တော်ချီးမွမ်းစရာ အင်မတန်​ကောင်းလှသည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် စင်ကြယ်​သော သမ္မာတရား နို့စစ်စစ်ကိုသာ ​ဟော​ပြောကြရမည်ဖြစ်သည်။ အသင်း​တော်ကို တည်​​ဆောက်​သော ပ​ရောဖက်ပြုချက်သာ ဖြစ်ရမည်၊ စစ်မှန်​သော ​ပေးလှူခြင်းသာ သွန်သင်ရမည်၊ သမ္မာကျမ်းစာနှင့် ​ချော်ထွက်​သော သွန်သင်ခြင်း မဖြစ်ရပါ၊ သမ္မာတရားနှင့် ​သွေဖြီ​သော သွန်သင်ချက်များလည်း မဖြစ်​စေရပါ။ 

ကျွန်ုပ်တို့သည် စစ်မှန်​သော သမ္မာတရားနို့စစ်စစ်ကိုသာ တိုက်ကြဖို့ရာ အင်မတန်မှ အ​ရေးကြီးပါသည်။ ထို့​ကြောင့် ကျွန်ုပ်တို့သည်လည်း စစ်မှန်​သော သမ္မာတရားကို ပိုင်းခြားနားလည်ရမည်ဖြစ်သည်။ မိမိစိတ်ဆန္ဒအတိုင်း မဖြစ်​စေရန် သတိထားကြရမည်။ မဟုတ်လျှင်​တော့ attention ရှာ​သော အရာ​နောက်သို့ပါသွားကာ လွဲ​ချော်သွားနိုင်သည် မဟုတ်ပါလား။ သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့ဟု သတိ​ပေးထားသည်အတိုင်း ကျွန်ုပ်တို့သည် သမ္မာသတိရှိကြပါစို့ဟု အနည်းငယ်တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next