ဆီမရှိသောကားနှင့်လေ့ကျင့်မှုမပြည့်ဝသောသိုင်းသမား

ကိုယ်တိုင်ခံစားမိတဲ့အကြောင်းအရာလေး၂ချက်နဲ့ခွန်အားပေးချင်ပါတယ်။
ပထမတစ်ခုကတော့ကျွန်တော်ကားမောင်းနေရင်းနဲ့ခံစားရတဲ့အရာလေးကိုပြန်ဝေမျှပေးချင်ပါတယ်။
အင်္ဂါစုံသောကားတစ်စီးမှာ လိုရာခရီးကိုသွားနိုင်ဖို့အတွက်အရေးအကြီးဆုံးကတော့ဆီပါ။ ထိုကားကို ယုံကြည်သူတစ်ယောက်အနေနဲ့မြင်ကြည့်မယ်ဆိုရင် လိုရာခရီးဆိုတာကတော့ အဖအိမ်တော်လို့ဆိုကြပါစို့။
ဒါဆိုရင်ဆီကဘာကိုပုံဆောင်မလဲဆိုတာသိလောက်ကြပြီထင်ပါတယ်။ ဟုတ်ပါတယ် ... နှုတ်ကပါတ်တော်ရေပဲဖြစ်တယ်။ ကားအတွင်းပိုင်း၊အောက်ပိုင်းဟုထည့်မတွက်တော့ပါ Born Again အသက်တာဟုယူဆထားသောကြောင့်ဖြစ်သည်။
ဒီလိုပဲ ထိုကားကိုဆီအပြည့်ဖြည့်ပြီးခရီးသွားရင် လိုရာခရီးကိုမပူရပဲသွားနိုင်သလို ယုံကြည်သူဟာနှုတ်ကပါတ်တော်နဲ့ပြည့်ဝနေမည်ဆိုလျှင် ထိုခရီးဝေးသည်ဖြစ်စေနီးသည်ဖြစ်စေ။ ဘုရားဘုန်းထင်ရှားစွာသွားလာနိုင်မည်ဖြစ်သည်။ နှုတ်ကပါတ်တော်ကိုများများနှလုံးသွင်းဖို့လိုအပ်တာကိုဆိုလိုချင်တာဖြစ်ပါတယ်။ ဆီခနခနပြန်ပြန်ဖြည့်ရသောကားလိုမျိုး ဝိညာဥ်ရေးရာနုနယ်သူကဲ့သို့ခနခနအစကပြန်တည်ဆောက်ခြင်းမဖြစ်စေဖို့ရာသတိပြုဖို့အရမ်းအရေးကြီးပါတယ်။ ရောက်တော့ရောက်သွားတယ် ဝိညာဥ်ရေးကပိန်လီပြီးရောက်သွားဖို့တော့ဘုရားသခင်အလိုတော်မဟုတ်ဘူးဆိုတာကိုနားလည်ထားဖို့ရာလိုအပ်ပါတယ်။ ဝိညာဥ်ရေးက ပိန်လိုက်ဖောင်းလိုက်မဖြစ်စေဖို့ရာသတိပြုပါ။
ဒုတိယတစ်ခုကတော့။ လွန်ခဲ့သောတစ်ရက်က
ဘုရားကျောင်းမှာကျွန်တော် ၁၂ပြည်ဆန်အိတ်လေးတွေကူသယ်ပေးခဲ့ပါတယ်(နီးနီးလေးသာ)၄အိတ်လောက်သယ်ပြီးချိန်မှာ ဟိုက်နေပြီ၊မောနေပြီးတော့ ကိုယ်တွေလက်တွေအတော်နာလာပါသည်။ အကယ်၍ အရင်တုန်းကသာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ခဲ့လျှင်ထိုသို့မဖြစ်၊သို့သော်ကျွန်တော်အထိုင်များသည်။လှုပ်ရှားမှုမရှိ။
ဟိုအရင်က တိုက်ကွမ်ဒိုဆော့ခဲ့ဖူးသောလေ့ကျင့်မှုတွေကိုသွားမြင်မိပါတယ်၊သို့သော် သိုင်းသမားလည်းလေ့ကျင့်မှုမရှိလျှင်အချည်းနှီးသာ။ သိုင်းကွက်တွေကိုသိပေမယ့်၊အသုံးမချနိုင်။ ထို့အတူပဲ ကျမ်းစာတွေကိုတော့သိတယ်၊နှလုံးမသွင်းလျှင်ထုတ်သုံး၍မရ။ နောက်တစ်မျိုးဆိုလိုချင်တာက ဝိညာဥ်တော်နဲ့မပြည့်ဝလျှင် ဘယ်လိုဝိညာဥ်အသီးတွေသီးမလဲပေါ့။
ဒီလိုပါပဲ ယုံကြည်သူတစ်ယောက်ကြုံတွေ့ရသောအခက်အခဲအတားအဆီးတွေသည် လေ့ကျင့်မှုကဲ့သို့ပင်ဖြစ်တယ်၊နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ဖို့အခွင့်အရေးတွေပဲဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။
ဝိညာဥ်ရေးရာအနေနဲ့ကြည့်ရင်တော့ အချိုပဲစားနေရလျှင်ဆီးချိုဖြစ်မှာပါ။ နောက်တဆင့်ကိုရောက်စေသောခါးသီးမှုဆိုတာတော့လိုအပ်ပါသေးတယ်။ ရင်ဆိုင်ရသောခက်ခဲသောအရာတွေကိုစိတ်မပျက်အားမငယ်စေဖို့သတိပြုပါ။ အားယူ၍ရဲရင့်ခြင်းရှိပါ။ ဆေးပညာမှာလဲ အချိုကလူကိုဘေးဖြစ်စေတယ်၊အခါးကသာဆေးဘက်ဝင်တယ်လူနဲ့တည့်တာဖြစ်တယ်လို့သိရပါတယ်။
တခါတလေ ပတ်ဝန်ကျင်ရဲ့ရိုက်ခက်မှုကိုမခံနိုင်အောင်ဖြစ်တတ်သည်။ လေ့ကျင့်မှုလို့ခံစားမိသော(ဝိညာဥ်ရေးရာပိုင်းအားကြီးနေဖို့) နှုတ်ကပါတ်တော်လိုအပ်တယ်ဆိုတာကိုသဘောပေါက်နားလည်စေချင်ပါတယ်။
ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ယုံကြည်သူအယောက်ဆီတိုင်းဟာ ဆီမရှိသောကား၊လေ့ကျင့်မှုမပြည့်ဝသောသိုင်းသမား၊မီးခွက်ထဲမှာဆီမရှိသောသတို့သမီးမဖြစ်စေဖို့ရာ
သမ္မာသတိနဲ့ဆင်ခြင်ရင်း ဗေရိမြို့သားများကဲ့သို့နှုတ်ကပါတ်တော်ကို မှန်သည်၊မမှန်သည်၊စေ့စေ့အစဥ်ဖတ်ရှုလေ့လာ၊ဆင်ခြင်၊နှလုံးသွင်းသော ယုံကြည်သူများဖြစ်ကြရအောင်လို့ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။အယောက်စီတိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ။
ကောလောသဲဩဝါဒစာ ၃:၁၆
ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာ အမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာ တည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။