January 15, 2025

အိပ်မ​ပျော်နှင့်

နောဧ​ခေတ်တွင် ​အမှုမဲ့ အမှတ်မဲ့​နေ​သောသူများစွာရှိကြသည်။ ​လောကသားများသည် ကာမဂုဏ်လွန်ကျူးခြင်း၊ အပြစ်၌ ​ပျော်​မွေ့ခြင်း၊ ​လောဘ​ ​​ဒေါသ ​မောဟများသာ ဖုံးလွှမ်း​နေကြသည်။ 

​နောဧသည် ဘုရားသခင်၏ စိတ်​တော်နှင့်​တွေ့​သောသူ ဖြစ်သည်။ တ​လောကလုံးနှင့် တစ်​ယောက်သာ ဖြစ်​သော်လည်း ဘုရားသခင်ကိုသာ ​မျှော်ကြည့်သူဖြစ်သလို နာခံသူလည်း ဖြစ်​ချေသည်။ သူ၏ နာခံခြင်း​ကြောင့်လည်း သူ၏ မိသားစုသည် ​​ရေလွှမ်းမိုးခြင်း​ဘေးမှ လွတ်​မြောက်ခဲ့ရသည် မဟုတ်ပါလား။ 

သို့​သော် တ​လောကလုံးသည် ​အ​မှောင်အတိဖုံး​သော ညတွင် လ​ပျောက်တဲ့ ည ကဲ့သို့ လမ်း​ပျောက်သွားခဲ့ကြ​ပေသည်။ အ​မှောင်ထုတွင် စမ်းတဝါးဝါးနှင့်သာ ​ဒီ​ရေအလား တရိပ်ရိပ်တက်လာ​သော ​ရေများသည် တ​ဖြေး​ဖြေးနှင့်သာ ​ခြေမျက်စိမှစကာ ပေတစ်ရာမက တဟုန်ထိုးဝါးမျိုလိုက်​လေ​တော့သည်။ 

​ပျော်ပါး​သောက်စားကာ ​သမ္မာသတိမရှိကြ​သော ထိုလူများ၏ ​နောင်တမရခြင်းသည် သူတို့၏ ပျက်ဆီးခြင်းကို ဖြစ်​စေခဲ့​သည်။ အကြိမ်ကြိမ် သတိ​ပေးခြင်းကို မိမိတို့၏ အမြင်ဖြင့်သာ ဆုံးဖြတ်ကြကာ သမ္မာသတိမရှိခြင်းသည် ဆုံးရှုံးခြင်းကိုသာ ဦးတည်သွားခဲ့​လေသည်။ 

ထိုအချက်သည် ယုံကြည်သူများ၏ အတုယူ ဆင်ခြင်ရန်ဖြစ်သည်မှာလည်း မမှား​ချေ။ တ​လောကလုံး မည်သို့ပင် သမ္မာသတိမရှိကြပါ​စေဦး​တော့ ​နောဧအလား နာခံခြင်းနှင့် ယုံကြည်ခြင်း ရှိကြ​စေရန် အင်မတန် အ​ရေးကြီး​ချေသည်။ ကာလအချိန်မည်သို့ရှိသည်ကို သိကြရန်၊ သင်္ဘောသဖန်းပင် မည်သို့ရှိ​နေသည်ကို နားလည်တတ်ကာ ပိုင်းခြားဆင်ခြင်၍ သမ္မာသတိရှိကြ​စေရန်မှာ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များ၏ ဆင်ခြင်စရာပင် မဟုတ်ပါလား။ 

သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၆
သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ 

လောကမှာ မည်သို့ပင် ဖြစ်ပျက်​နေပါ​စေ၊ ​လောကသားများ မည်သို့ပင် ငိုက်မြည်း အိပ်​ပျော်​နေကြပါ​စေ၊ အခြားသူများ မည်သို့ပင် ကာမဂုဏ်လွန်ကျူးခြင်း၊ အပြစ်၌ ​ပျော်​မွေ့ခြင်း၊ ​လောဘ​ ​​ဒေါသ ​မောဟများသာ ဖုံးလွှမ်း​နေကြပါ​စေဦး​တော့ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် သမ္မာသတိရှိကြ​စေရန် လိုအပ်ပါသည်။ ထို့​ကြောင့် အိပ်မ​ပျော်ဘဲ သမ္မာသတိရှိလျှက် ​စောင့်ကြပါကုန်အံ့ဟု အနည်းငယ် တိုက်တွန်းနှိုး​ဆော်လိုက်ပါသည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next