ထိုစိတ်သဘော

ယနေ့အချိန်မှာသာ၍ဆင်ခြင်မိမယ်ထင်ပါတယ်။
Covid ကာလဖြစ်သလို ဒီအချိန်ကာလမှာ ဝေဖန်၊အပြစ်တင်ခြင်းတွေ၊မေတ္တာမရှိတဲ့စကားတွေကြားရမြင်ရတဲ့ကာလဖြစ်ပါတယ်။ Facebook မှာဖြစ်စေ Comment တွေဖတ်တဲ့အခါလဲတွေ့ရနိုင်တယ်၊ သတင်းမီဒီယာရဲ့လွဲမှားစွာဖော်ပြချက်တွေကနေလဲတွေ့ရနိုင်ပါတယ်။
ကူးစက်ခံရသူ၊စောင့်ကြည့်လူနာ၊ကိုယ့်အမြင်မသင့်သူ စသဖြင့်အပြစ်မြင်ရာကာလဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ကိုယ်မပါမိဖို့ရာဆင်ခြင်ဖို့အရေးကြီးတယ်ဆိုတာနားလည်ရပါတယ်။ လောကသားတွေကတော့ အပြစ်ရှာပြီးအပြစ်မြင်မှာဖြစ်ပေမယ့် ယုံကြည်သူတွေကတော့ ထိုသို့မဖြစ်မိစေဖို့ရာ ကရုစိုက်ကြရမှာဖြစ်ပါတယ်။
အဘယ်အမှုကိုပြုနေပါစေ မိမိရဲ့အမှုအရာထက် သူတပါးကိုကြည့်သောသူ၊ သူတပါးရဲ့အမှုအရာကို ဦးစားပေးတတ်သောသူတွေဖြစ်စေဖို့ရာသတိပြုပါ။
(ဥပမာ။ ကိုယ်ကစကားတစ်ခွန်းပြောချင်တယ်၊တစ်ခုခုလုပ်ချင်တယ် သို့သော် ဒီအရာကသူတပါးထိခိုက်စေလို့ မလုပ်တော့ဘူး၊မပြောတော့ဘူး။) (အလွယ်ဖော်ပြခြင်း)
အသေးစိတ်ကတော့များစွာရှိပေမယ့် အနည်းငယ်သာဖော်ပြလိုက်ပါတယ်။ ဆက်လက်၍ စဥ်းစားကြည့်လျှင်များစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါသေးတယ်။
သခင်ယေရှုမှာရှိတဲ့ထိုစိတ်သဘောကိုကျွန်တော်တို့ယုံကြည်သူတွေမှာလဲရှိကြဖို့ရာအရေးကြီးသောကြောင့်အတိအကျဖော်ပြထားပါတယ်။ ( လော့ ) ဆိုသောစကားကို သေချာနားလည်စေချင်ပါတယ်။ ရှိကိုရှိရမည့်သဘောဖြစ်သောကြောင့် ကျွန်တော်တို့ယုံကြည်သူတွေသည် ထိုစိတ်သဘောကိုရှိကြဖို့ရာဆင်ခြင်ကြဖို့ အနည်းငယ်ဝေမျှအားပေးချင်ပါတယ်။
ဖိလိပ်ပိဩဝါဒစာ ၂:၄-၅
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။
ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။