ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းပါတယ်

Prevention Is Better Than Cure ဆိုတာကြားဖူးကြမယ်ထင်ပါတယ်။ ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းပါတယ်ဆိုသောစကားပင်။ ဟုတ်ပါတယ် အခုလက်ရှိအခြေအနေနှင့်ချိန်ထိုးကြည့်မည်ဆိုလျှင် Covid-19 ဟုဆိုနိုင်ပါသည်။ ထိုရောဂါကိုကာကွယ်ဖို့အနေဖြင့် အိမ်မှာနေပါ ၊ အပြင်သွားလျှင် Mask တပ်ပါ ၊ လူစုလူဝေးရှောင်ရှားပါ ၊ လက်ကိုဆပ်ပြာနှင့်ဆေးပါ ၊ Hand Gel သုံးပါ ၊ Social Distance ၃ပေခန့်ခြားပါစသဖြင့်စည်းကမ်းတွေထုတ်ကြပါတယ်။ ဒါကိုလိုက်နာခြင်းဖြင့် အနည်းနှင့်အများတော့ကာကွယ်နိုင်သည်။
အကယ်၍သာထိုရောဂါရလျှင် စောင့်ကြည့်လူနာအနေဖြင့်နေရမည်။ ၂ပတ်ခန့်စောင့်ကြည့်ခြင်း ၊ Negative ပြလျှင်လည်း ထပ်မံစောင့်ကြည့်ခြင်း စသဖြင့် အချိန် ၁လ ၊ ၂လ ခန့်စောင့်ရမည်။ ပြီးမှစိတ်ချရပြီဆိုမှဆင်းခွင့်ရပေမည်။ ထိုအထဲတွင် လဲကျသွားသူများလည်းရှိသလို ၊ ပြန်လည်ကောင်းမွန်လာသောသူများလည်းရှိပါသည်။
ယုံကြည်သူများအနေဖြင့် ဝိညာဥ်ရေးပိုင်းကိုကြည့်မည်ဆိုလျင်လည်း ဝိညာဥ်ရေးရာ Virus မဝင်စေဖို့ရာကရုပြုကာကွယ်ရပေမည်။ Computer တွင် Virus မကိုက်စေရန် Anti Virus ထည့်ထားပြီးတော့အမြဲတမ်းစစ်ဆေး Scan ဖတ်ကြသလို ၊ Anti Virus Update အမြဲလုပ်သကဲ့သို့ကျွန်တော်တို့ယုံကြည်သူတွေသည်လဲ နှုတ်ကပါတ်တော်ကို စေ့စေ့ကြည့်ရှုဆင်ခြင်နှလုံးသွင်းဖို့လိုပါတယ်။ ဝိညာဥ်တော်ကဘာဖော်ပြသလဲ ၊ ဒါသမ္မာတရားနဲ့ကိုက်သလား ၊ ဒီစကားပြောရမလား ၊ မပြောရမလား ၊ ဒီအလုပ်လုပ်ရမလား ၊ မလုပ်ရမလားစသဖြင့် Scan ဖတ်သလိုရှိနေရပေမည်။ ဘုရားနဲ့သွားသောအသက်တာ၏ဝိညာဥ်ရေးရာမှာအမြဲတမ်း Update ဖြစ်နေမှာဖြစ်တယ်ဆိုတာကိုခံစားရပါတယ်။
မတော်တဆများတစ်ခုခုကြောင့် လဲကျမိသည်ရှိသော်စိတ်ပျက်နေဖို့မဟုတ်ပေ။ ဖြောင့်မတ်သောသူသည် (၇)ကြိမ်လဲရင်တောင်ပြန်ထမှာဖြစ်တယ်ဆိုတာအားပေးချင်ပါတယ်။ သို့သော် ခနခနမလဲကြဖို့ရာသတိပြုစေချင်ပါတယ်။ ဖြောင့်မတ်လွန်းလို့ဆိုပြီးခနခနလဲကျပြတာမျိုးမဖြစ်စေကြစို့နဲ့ရယ်။ လဲကျလိုက် ၊ ပြန်ထလိုက် ၊ ထပ်လဲကျလိုက် ၊ ပြန်ထလိုက်နဲ့သာအချိန်မကုန်ဖို့နဲ့ ဒါကဘုရားသခင်အလိုတော်မရှိဘူးဆိုတာကိုနားလည်စေချင်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Covid-19 ဥပမာလိုပါပဲ လဲကျလျှင်ပြန်ထရဖို့သည် အချိန်အရမ်းပေးရပါတယ်။ ပြန်လည်အားမွေး ၊ ပြန်တည်ဆောက် ၊ ပြန်ပြီးနလန်ပြန်ထူလာဖို့သည် အချိန်အရမ်းပေးရပါတယ်။ အရင်လိုပြန်ဖြစ်ဖို့ဆိုတာ အချိန်တော်တော်များများအဖိုးအခပေးရပါတယ်။ ဒီလိုပါပဲ အကယ်၍သာ ပြန်မထနိုင်ခဲ့ရင်ဆိုတာမတွေးဝံ့စရာပါ။ ထိုသို့လဲကျသွားသော်လည်းပဲပြန်မထနိုင်သူတွေလဲရှိခဲ့ပါတယ်။ ဝိညာဥ်ရေးရာမှာ လဲကျပြီးပြန်မထနိုင်လျှင်မည်မျှဆုံးရှုံးမည်နည်း။ အင်မတန်မှ နှမြောစရာပင်ဖြစ်ပေတော့သည်မဟုတ်ပါလော။ ဒါကိုနမူနာယူ၍ ဝိညာဥ်ရေးရာမှာဘယ်တော့မှလဲမကျစေဖို့ရာသမ္မာတရားကိုသမ္မာသတိနဲ့ထိန်းရင်းအသက်ရှင်ကြပါစို့လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၈
နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။