January 15, 2025

စိတ်ခံစားချက်​ကြောင့် ​ရှောင်မ​ပြေးနဲ့

လူသည် ခံစားချက်ကို ဦးစား​ပေး​သော၍ လုပ်တတ်​ကြသောသ​ဘောသဘာဝ ရှိကြသည်။ မိမိ၏ အလိုအတိုင်းသာ လုပ်​ဆောင်ချင်​သောစိတ်၊ မိမိဖြစ်ချင်​သောအရာကိုသာ ခံစားချက်အ​ပေါ်လိုက်၍ လုပ်​ဆောင်ကြ​လေ့ရှိသည်။ ဒါဟာလည်း လူတစ်​ယောက်၏ ဇာတိသ​ဘောတစ်ခုဖြစ်​ချေသည်။ ​ဘောလုံးပွဲဖြစ်​စေ၊ ​မည်သည့်အားကစားဖြစ်​စေ၊ အနုပညာရှင်ဖြစ်​စေ၊ နိုင်ငံ​ရေးပါတီဖြစ်​စေ၊ သမ္မတဖြစ်​စေ၊ တရား​​ဟောဆရာဖြစ်​စေ မည်သည့်အရာကိုမဆို စိတ်ခံစားချက်များဖြင့် အား​ပေးကြသည်မှာ ပိုများကြသည်။ ထိုအရာများ၏ မှားသည်မှန်သည်ထက် စိတ်ခံစားချက်အ​ပေါ်လိုက်၍ အမှန်တရား​ (သမ္မာတရား) ပျောက်သည်အထိ ဖုံးကွယ်သွားတတ်ကြသည်မဟုတ်ပါလား။ 

မိမိ၏ အလိုဆန္ဒ​နောက်လိုက်ခြင်း၊ စိတ်ခံစားချက်အတိုင်းသာ မြင်ခြင်း၊ စိတ်ခံစားချက်အတိုင်း လုပ်​ဆောင်ခြင်းများသည် ဘုရားသခင်၏ အကြံအစည်နှင့် အလို​​တော်မှ ​သွေဖယ်သွားတတ်သည်။ ထိုသို့ မိမိဇာတိအလိုအတိုင်းလုပ်​ဆောင်ခြင်းသည် လူတိုင်းမသိမသာ ဖြစ်တတ်​လေ့ရှိကြ​သောအရာများဖြစ်​သော​ကြောင့် ကျွန်ုပ်တို့အ​ယောက်စီတိုင်း သမ္မာသတိနှင့် ဆင်ခြင်ကြသင့်​ပေသည်။ 

​ယောန၏ စိတ်ခံစားချက် အ​ခြေအ​နေကိုကြည့်မည်ဆိုလျှင် သူသည် စိတ်ခံစားချက်အ​ပေါ်လိုက်၍ ဘုရားသခင်၏ အလို​​တော်နှင့် ​သွေဖယ်သွားရာလမ်းကို ​ရွေးချယ်ခဲ့သည်။ ထာဝရဘုရား​၏ စေခိုင်းခြင်းကို မိမိစိတ်ခံစားချက်​ကြောင့် ထွက်​ပြေးခဲ့သည်။ ​ပြောရမည်ဆိုလျှင် ​ယောနသည် အာရှုရိလူမျိုး​တွေနှင့် ရန်ညှိုးရန်စရှိခဲ့သည်။ ထိုလူမျိုး​တွေသည် အရှင်လတ်လတ် မီးရှို့ခြင်း၊ အရှင်လတ်လတ် အ​ရေခွံခွာခြင်း စသဖြင့် အင်မတန် ရက်စက်ကြမ်းတမ်းကြပြီး၊ ​ယောနနှင့်လည်း လူမျိုး​ရေးပြဿနာရှိကြသည်ဟု ဆိုကြသည်။ ​ယောန၏လူမျိုးများကို ရက်စက်စွာသတ်ဖြတ်ခြင်းများရှိခဲ့ဖူးသည်ဟုပင်ဆိုကြသည်။ ထို့​ကြောင့်လည်း အာရှုရိပြည်မြို့တော်နိနေဝေသို့သွားရန် ယောနစိတ်မပါခဲ့ခြင်းဖြစ်သည်။ ဒီလူမျိုး​တွေကို ​နောင်တမရ​စေချင်သလို၊ ဖျက်ဆီးခြင်းခံရ​စေချင်သည်မှာလည်း ​ယောန၏ စိတ်ခံစားချက်ဖြစ်ဟန်တူသည်။ 

​ယောနသည် ထိုနိ​နေ​ဝေမြို့သား​တွေကို ​သေ​ကြေပျက်ဆီး​စေချင်​သော​ကြောင့်ပင် ​တောင်ကုန်း​ပေါ်မှ ထိုင်​စောင့်​နေခဲ့ခြင်းကိုပင်​တွေ့ရသည်။ ဘုရားသခင်၏ အလို​​တော်ကိုပင် ဝန်မခံနိုင်​လောက်သည်အထိ စိတ်ခံစားချက်ပြင်းပြသွားခဲ့​သော​ကြောင့် ​စေခိုင်းခြင်းမှ ​ရှောင်​ပြေးခြင်း၊ လုပ်​​​ဆောင်သော်လည်း တာဝန်​ကြေရုံသာ ​နောင်တရရန်​ဟောခြင်း(၁ရက်တည်းအပြီး​ဟောခြင်း)၊ ​ထိုလူမျိုး​တွေကို ပျက်ဆီး​စေရန်သာ တောင့်တ၍ ​စောင့်​နေခြင်း စသည်တို့ကို ထင်ရှားစွာ သင်ခန်းစာယူနိုင်ပါသည်။ 

သူ့စိတ်ခံစားချက်​ကြောင့် အခြားသူများကိုလည်း ဘုရားသခင်ချစ်​​တော်မူတယ်၊ သနား​​တော်မူတယ်၊ နှ​မြော​တော်မူတယ် ဆိုတာကို သူမမြင်​တော့သလို သူကိုယ်တိုင်လည်း ထိုသူ​တွေကို ပျက်ဆီး​စေချင်တယ်ဆိုတာကို ​တွေ့ရပါတယ်။ ဒါ့​ကြောင့်လည်း ကြက်ဆူပင်ကို အသုံးပြု၍ နားလည်​စေခဲ့သည်ကို မြင်​ရပါတယ်။ 

ယောနတ္ထု ၄:၁၁
ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်မူ၏။ 

လက်ရှိကာလတွင်လည်း ထိုသို့​သော အရာများကို ဆင်ခြင်ရမည်ဖြစ်သည်။ ​စိတ်ခံစားချက်များ​ကြောင့် ဘုရားသခင်၏ အလို​​တော်ကို ဝန်မခံနိုင်ခြင်း၊ ​ရှောင်​ပြေးခြင်း၊ အခြားလူများကိုလည်း ဘုရားသခင်ချစ်သည်ကို မမြင်​တော့ခြင်း၊ စသဖြင့် မမြင်နိုင်​တော့၍ ဇာတိအလိုအတိုင်း မိမိတို့၏ စိတ်ခံစားချက်​​တွေ​နောက်သို့ လိုက်သွားမိတတ်ကြသည်ကို သတိပြုပါ။ ​သင့်တွင် ယောနကဲ့သို့ လူမျိုး​ရေးပြဿနာရှိ​နေသလား၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခြင်း၊ မနှစ်သက်​သော လိင်အ​ပေါ် အမြင်မကြည်ခြင်း(LGBTQ)၊ အသားအ​ရောင်ပြဿနာ၊ လူမျိုးစွဲ၊ တရားဥပ​ဒေဆိုင်ရာ အမြင်မကြည်ခြင်း၊ စသဖြင့်​သော ပြဿနာ​တွေကို မိမိ၏ စိတ်ခံစားချက်အတိုင်းသာလုပ်​ဆောင်​နေမိမယ်ဆိုရင်​တော့ ဘုရားသခင်၏ အလို​တော်ကို ဝန်မခံနိုင်​တော့သလို၊ ​ဘုရားသခင်၏ စေခိုင်းချက်များကို ​ယောနကြီး ထွက်​ပြေးသွားသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ​ရှောင်​ပြေးသွားနိုင်ပါသည်။ ဒါ့​ကြောင့် မိမိ၏ စိတ်ခံစားချက်​​တွေ​​နောက်သို့သာလိုက်ခြင်းထက် ဘုရားသခင်၏ အလို​​တော်ကို ဝန်ခံခြင်းနှင့် ​စေခိုင်းချက်များကို လုပ်ဆောင်ပြီး၊ ဘုရားသခင်သည် အပြစ်ကြီးလွန်းလှ​သော နိ​နေ​ဝေမြို့သားများကို ချစ်​တော်မူ​သောဘုရား၊ နှ​မြော​တော်မူ​သောဘုရားဖြစ်သကဲ့သို့ မိတ်​ဆွေတို့၏ စိတ်ခံစားချက်​ကြောင့် အမြင်မကြည်သူ​တွေကိုလည်း ထိုနည်းတူ ချစ်​​တော်မူတယ်၊ နှ​မြော​​တော်မူတယ်ဆိုတာကို ​နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next