သိုးပျောက် ရှာပုံတော်
လောကမှာ လူသားများစွာ အသက်ရှင်နေထိုင်ကြတယ်။ ဒီအထဲမှာမှ ခရစ်တော်ကို မသိတဲ့သူတွေ ဘယ်လောက်ရှိမလဲ၊ သိတော့သိတယ် ကယ်တင်ခြင်းမရသေးတဲ့သူတွေရော ဘယ်လောက်ရှိမလဲ၊ စဥ်းစားစရာဖြစ်ပါတယ်။ တချို့ကလည်း ငါက အပြစ်များလွန်းတယ်၊ ငါ့ကို ဘာမှမကယ်နိုင်တော့ဘူး၊ ခေတ်စကားနဲ့ပြောရရင် ဆေးမမှီတော့ဘူးလို့ ဆိုကောင်းဆိုချင်စရာ ဖြစ်ကောင်းဖြစ်နေမယ်။ ဒါ့ကြောင့် တမလွန်အတွက် အဖြေမရှိတော့ဘူးဟု ထင်ကာ ပျောက်နေသော လမ်းကို စမ်းတဝါးဝါး လျှောက်ရင်း တိုးရင်း သွားရင်း ပြေးရင်း နှင့် ပျောက်မှန်းမသိ ပျောက်ဆုံးလာကာ လောကထဲက စကားများနောက်သာ လိုက်ရင်း လိုက်ရင်းနှင့် အဖြေအတိအကျမရှိသော တမလွန်၏ ဝင်္ကဘာထဲ တဝဲလည်လည် ဝင်ရောက်ရမည့် အရေးကို ရောက်လို့လာတတ်ကြပါတယ်။
ဒါပေမယ့် မိတ်ဆွေ ... သင် ဘယ်တော့မှ နောက်မကျပါဘူး။ ယေရှုခရစ်တော်သည် ပျောက်သောသူတို့ကို ကယ်တင်ဖို့ရာအတွက် ကြွလာတာလို့ဆိုရရင်လည်း မမှားပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ အခြေအနေ ဘယ်လိုပင်ဖြစ်နေပါစေ၊ သင့်ကိုရှာနေသော သခင်သည် သင့်ကို လက်ခံတယ်ဆိုတာကို သိစေချင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၁၈:၁၁
ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။
အခန်းငယ် (၁၂-၁၃) ကိုကြည့်မယ်ဆိုရင် သိုးတစ်ရာရှိတဲ့ ပိုင်ရှင်တစ်ယောက်က တစ်ကောင်ပျောက်သွားရင် (၉၉)ကောင်ကို ထား၍ လမ်းလွဲပြီး ပျောက်သွားတဲ့ တစ်ကောင်ကို လိုက်၍ ရှာတတ်တယ်မဟုတ်လားလို့ ဆိုသလို၊ ပြန်တွေ့တဲ့အခါမှာ လမ်းမလွဲတဲ့ (၉၉)ကောင်ထက် လမ်းလွဲပြီးပျောက်သွားတဲ့ တစ်ကောင်အပေါ် သာ၍ ဝမ်းမြောက်တယ်လို့ ဆိုတာကို မြင်ရပါတယ်။
ဒီလိုပါပဲ ပျောက်ဆုံးနေသော သိုးတစ်ကောင်သည် သင်လဲဖြစ်နိုင်ပါတယ်။ သင့်ရဲ့ မဖြစ်နိုင်ဘူးလို့ထင်နေတဲ့ တမလွန်အတွက် သင်မလုပ်နိုင်တဲ့လမ်းအတွက် ထိုသခင်ယေရှုခရစ်တော်က ပေးဆပ်ခဲ့ပြီးပြီဖြစ်တယ်။ ဒါ့ကြောင့် တမလွန်အရေး ဘယ်လိုရှေ့ဆက်ရမလဲ မသိဘဲ လမ်းလွဲ၍ ပျောက်နေသလား၊ ဒါမှမဟုတ် အပြစ်တွေများလွန်းလို့ဆိုပြီး ဆေးမမှီနိုင်ဘူးလို့ ယူဆနေပါသလား။ သင့်ရဲ့စစ်မှန်သော နောင်တကို သခင်အလိုရှိပါတယ်။ ပျောက်ရာမှ ပြန်တွေ့သော သိုးသည် သင်လဲ ဖြစ်နိုင်ပါတယ် မိတ်ဆွေ။ ဒါ့ကြောင့် စစ်မှန်သော နောင်တရတဲ့သင့်ကို ပြန်တွေ့ရတဲ့အခါမှာ သခင်သည် ဝမ်းမြောက်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet