November 26, 2026

A Root From The Zone (4)

စွန်ပလွံပင်သည်သဲကန္တာရတွင်အသက်ရှင်​ပေါက်​ရောက်​သောအပင်တစ်မျိုးလည်းဖြစ်သည်။ ထို​နေရာတွင်​ရေရရှိရရန်ခက်ခဲ​သော်လည်းသူသည်ထူးခြားစွာအသက်ရှင်၍အသီးများစွာသီးသည်ကိုသိရပါသည်။ ထိုအပင်၏ထူးခြားချက်သည် ​သဲမုန်တိုင်းများတိုကိခိုက်ခြင်းကိုခံနိုင်ရည်ရှိသည်။ ထိုဒဏ်ကိုခံရ​လေ​လေ သူသည်သာ၍ရင့်ကျက်၍ သာ၍မာ​ကြောလာပြီးသဲမုန်တိုင်းဒဏ်သာ၍ခံနိုင်ရည်ရှိလာသည်။

 

ထူးခြား​သောအချက်​နောက်တစ်ခုသည် သူ၏အမြစ်ဖွဲ့စည်းပုံပင်ဖြစ်​ပေသည်။ အမြစ်ကို ဇုန် ( ၁ မှ ၄ ) အထိခွဲ၍ရှင်းပြထားသည်။ ​လေ့လာနိုင်​အောင်အောက်ဆုံးတွင်ကျွန်​တော် Link ပါထည့်​ပေးထားပါတယ်။
Zone (1) respiratory (အသက်ရှူ)
Zone (2) nutritional (အဟာရ)
Zone (3) absorbing (စုပ်ယူ)
Zone (4) ကိုသာ​ဖော်ပြသွားမှာဖြစ်ပါတယ်။

 

Zone (3,4) ကိုတူတူ​တွေရ​သော​ကြောင့် ခွဲခြားရ​တော့ခက်​ပေသည်။ ​​မြေ​အောက်မှ​ရေသည်မည်မျှနက်ပါ​စေ ထိုအမြစ်သည်​ကောင်းစွာထိုအနက်ကို​ရောက်​အောင်သွား၍ထို​ရေကိုရယူနိုင်သည်။ စွဲပလွံပင်၏အမြစ်များ​မြေလွှာထဲသို့နက်ရှိုင်းစွားထိုး​​ဖောက်နိုင်ခြင်းသည်​​မြေ​အောက်အစိုဓါတ်မှအကျိုးကိုခံစားရ​စေပြီး အခြား​သောအပင်များကဲ့သို့မဟုတ်ဘဲ ​ရေဓါတ်နည်းပါးခြင်းကိုခံနိုင်ရည်ရှိ​စေသည်။ ထူးခြား​သောအချက်မှာ ​သူ့အတွက်ရေမရှိလျှင်ရှိတဲ့အနက်​ရောက်​အောင်သွားခြင်းပင်ဖြစ်သည်။ ထို့​ကြောင်သူသည် ပွင့်လန်းနိုင်သည် ၊အသီးသီးနိုင်သည် ၊ သဲမုန်တိုင်းလာ​သော်လည်းမပြိုလဲဘဲခံနိုင်ရည်ရှိသည်။

 

ကျွန်​တော်တို့ယုံကြည်သူ​တွေရဲ့အသက်တာသည်လည်းထိုကဲ့သို့ဖြစ်​စေရန်အထူးသတိပြုသင့်ပါသည်။ Zone (4) မှအမြစ်ကဲ့သို့အတုယူ၍ နှုတ်ကပါတ်​တော်​ရေအရင်းအမြစ်ဖြစ်​သောဘုရားနှင့်အမြဲချိတ်ဆက်ထားဖို့ရာလိုအပ်သည်။ သို့မှသာလျှင် ​သဲမုန်တိုင်းကဲ့သို့​သောပါတ်ဝန်းကျင်မှထိုးနှက်ချက်​တွေ ၊ စိတ်ညစ်စရာ​တွေ ၊ နာကျင်ခြင်း​တွေ ၊ ကျ​နေ​သောမျက်ရည်​တွေကိုခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ဒါ​တွေတင်မက​သေးဘဲ သူတပါးအတွက် ​အေးမြ​သောအရိပ်​ပေးနိုင်အောင် ပွင့်လန်း​သောအသက်တာဖြစ်လာကာ ၊ ဝိညာဥ်အသီးများသီး​သောယုံကြည်သူ​တွေဖြစ်လာ​စေမယ်ဆိုတာကိုအနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။ ဒါ့​ကြောင့် စွံပလွံပင်၏ Zone (4) အမြစ်ကိုပုံ​ဆောင်​သောမိမိတို့ယုံကြည်သူအ​ယောက်စီတိုင်း၏နှလုံးသားအမြစ်သည် စစ်မှန်​သောနှုတ်ကပါတ်​တော်​ရေကို​သာသောက်သုံးကြပါစို့။

 

ဆာလံကျမ်း ၉၂:၁၂
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

 

စွံပလွံပင်၏အချို့အ​ကြောင်းအရာ​တွေကို Link ​ဖော်ပြ​ပေးထားပါတယ်။

http://www.fao.org/3/Y4360E/y4360e05.htm

Previous Next