January 23, 2025

သူမြင်တယ်၊ သူကြားတယ်၊ သူ​မျှော်​နေတယ်

ကျွန်​တော်တို့​တွေက တခါတ​လေကြရင်ထင်တတ်ကြတယ်၊ ​ယေရှုကိုငါရှာ​တွေ့တာ၊ ဘုရားကိုရတာ ဘယ်လို၊ စသဖြင့် ကိုယ်က ရှာ​တွေ့တာလို့ ထင်မိကြတဲ့အခါ​တွေရှိတတ်ကြတယ်။

ဇက္ခဲကိုကြည့်မယ်ဆိုရင် ​ယေရှုကို​တွေ့ချင်တယ်၊ ​တွေ့ချင်လွန်းအားကြီးလို့ သူ့ရဲ့လုပ်​ဆောင်ချက်ကို ကြည့်မယ်ဆိုရင် ဘယ်​လောက်ထိ အားထုတ်ခဲ့ရတာကို ​တွေ့ရတယ်။ သူ့အရပ်အ​မောင်းက အ​တော်ပုသူ၊ လူကြားထဲသွားရ​လောက်​အောင် ချစ်ခင်ခံရသူမဟုတ်သူ၊ တနည်းဆို​သော် လူမုန်းများတဲ့ အခွန်ခံဖြစ်သည်။ ထို​ခေတ်ထိုအချိန်တွင် အခွန်ခံကို ပြည့်တန်ဆာထက်သာ၍ ရွံတတ်ကြတယ်။ သို့​သော် ထိုအရာ​တွေကို ဖြတ်​ကျော်၍ ​ယေရှုကိုသာ​တွေ့ဖို့ရန် လုပ်​ဆောင်ခဲ့သည်ကို ထင်ရှားစွာ​တွေ့ရသည်။

သို့​သော် သူသဖန်းပင်​ဖြစ်​စေ အုန်းပင်ဖြစ်​စေ ကျွန်းပင်ဖြစ်​​နေပါ​စေဦး​တော့ ကြိုက်တဲ့အပင်​ပေါ်တက်ပါ​စေ ​ယေရှုကသာ သူ့ကိုမြင်တာဖြစ်တယ်။ မြင်ရုံတင်မကဘူး နာမည်နဲ့တကွ သိမှတ်တယ်ဆိုတာကို မြင်​တွေ့ရတယ်။ သူ့ရဲ့စိတ်နှလုံးသားက ဆာငတ်ခြင်းကို ​ယေရှုမြင်တယ်။ ဒီလိုပဲ ကျွန်​​တော်တို့​တွေရဲ့ နှလုံးသားကို မြင်တာ ​ယေရှုခရစ်​တော်ပင်ဖြစ်တယ်။ ကျွန်​​တော်တို့ရဲ့ လုပ်​ဆောင်ခြင်း​တွေ​ကြောင့်၊ လိုက်ရှာခြင်း​ကြောင့်မဟုတ်ဘဲ ​ယေရှုခရစ်ကသာ မိမိတို့၏ နှလုံးသားကို မြင်၍ အ​တွေ့ခံခြင်းဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။

ရှင်လုကာခရစ်ဝင် ၁၉:၅
ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊

တံခါးနာမှာရပ်လျှက် အမြဲ​ခေါက်​နေသူမှာ ​ယေရှုပင်ဖြစ်သည်။ ကျွန်ုပ်တို့ရဲ့ ​ခေါ်သံ​တွေကို အမြဲတမ်းနားစွင့်​နေသူမှာ ​ယေရှုပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ​နောင်တနှင့် ပြန်လာရန်​စောင့်​မျှော်​နေသူမှာ ​သခင်ယေရှုခရစ်​တော်ပင် ဖြစ်သည် မဟုတ်ပါလား။ ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ငါတည်းနေမည်ဟု မိန့်တော်မူတဲ့အခါမှာ ဇက္ခဲသည် အလျင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံသကဲ့သို့ ကျွန်ုပ်တို့ အ​ယောက်စီတိုင်း၏ အသက်တာအိမ်တွင် ​ယေရှုခရစ်​တော်ကို နေရာ​ပေးကြဖို့လိုပါတယ်။

ရှင်လုကာခရစ်ဝင် ၁၉:၈
ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက်သောသူ၏ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။

ဇက္ခဲသည် ​ယေရှုနှင့်​တွေ့ပြီး​နောက် အသက်တာမှာဆန့်ကျင်ဘက်ဖြစ်သွားသကဲ့သို့ ကျွန်​တော်တို့သည်လည်း ​ယေရှုခရစ်​​တော်နှင့် ​တွေ့ခဲ့ပြီးရင်​​တော့ အသက်တာ​ပြောင်းလဲဖို့ရန် လိုအပ်တယ်ဆိုတာကို နားလည်ရပါတယ်။ ကျွန်ုပ်တို့၏ ဆာငတ်​သော နှလုံးသားကို သခင်မြင်ပါ​တယ်၊ ကျွန်ုပ်တို့၏ ​အော်ဟစ်သံကို သခင်ကြားပါတယ်၊ ကျွန်ုပ်တို့၏ ​နောင်တကို သခင်လက်ခံပါတယ်၊ ကျွန်ုပ်တို့၏ နှလုံးသားတံခါးကို သခင်သည် ​ခေါက်လျှက် ​ကျွန်ုပ်တို့ကိုမျှော်ကြည့်​နေရုံသာမကဘဲ ကျွန်ုပ်တို့ အ​ယောက်စီတိုင်းကို သခင်​ယေရှုခရစ်​​တော်သည် နာမည်နဲ့တကွသိမှတ်လျှက် မြင်ပါတယ်ဟု အနည်းငယ် ​ဝေမျှ ခွန်အားပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next