November 26, 2026

ဘုရားသခင်၏ဘုန်း​တော်ထင်ရှားခြင်း

မိုး​ဖွဲ​လေးများရွာ​နေတဲ့ ည​​နေ​ပိုင်း ​မှောင်ရီဝိုးတဝါးအချိန်မှာ ကား​မောင်းလာရင်းနဲ့ အ​ရှေ့က​လေကာမှန်ကို ဝိုက်ဘာဖွင့်ကာ ဆက်​မောင်းလာခဲ့ပါတယ်။ အ​ရှေ့ကိုမြင်​နေရ​သော​ကြောင့် ​အေး​ဆေးစွာဆက်​မောင်းလာခဲ့ရင်း မိုးဟာတ​ဖြေး​ဖြေပိုသည်းလာခဲ့​သော​ကြောင့် ဝိုက်ဘာကို အဆုံးဖွင့်ကာဆက်​မောင်းလာရင်း ပတ်ဝန်းကျင်က ပို​မှောင်လာခဲ့​တော့ ကားမီးကူ​သော်လည်း ​ကောင်းစွာမမြင်ရ​တော့​ချေ။ မိုး​ကသည်း၊ မီးက​မှောင်နဲ့ စမ်းတဝါးဝါးဖြစ်ကြဖူး​တွေသိကြမယ်ထင်ပါတယ်။

တစ်ခါတစ်ခါမှာ ခက်ခဲမှု​လေးတစ်ခု​လောက် ပါးပါး​လေးကြုံရရင် ​အေး​ဆေးတည်ငြိမ်စွာ ​ဖြတ်သန်းနိုင်တယ်၊ ​ကျေးဇူး​တော်ချီးမွမ်းနိုင်တယ်၊ ​လေ​လေးတချွန်ချွန်နှင့်​ခေါင်းကို​မော့ရင်ကို​ကော့ကာ လမ်း​လျှောက်နိုင်ကြပါတယ်။ သို့​သော် ပြဿနာကကြီးရင် ဒီလိုမဖြစ်နိုင်ကြ​တော့ဘူးလား။ အခက်အခဲပြဿနာကိုပဲမြင်​နေတတ်ကြတယ်၊ ပတ်ဝန်းကျင်ကလည်း မဲ​မှောင်ကာ ခိုကိုးရာမဲ့၊ အားကိုးစရာလူမရှိ၊ ကိုယ့်အပူကို သူလဲမကူနိုင်တာမျိုး​တွေကြုံရတာ​တွေဟာ ညဘက်ကြီးထဲမှာ မိုးသည်းထန်စွာရွာတဲ့အချိန် မမြင်မစမ်းနဲ့ကား​မောင်း​နေရသလိုပါဘဲ။

ကားထဲမှာလုံခြုံစွာရှိ​နေ​ပေမယ့် မိုးရွာ​နေခြင်း၊ မဲ​မှောင်​နေခြင်း​တွေ​ကြောင့် အ​ရှေ့ကိုသဲကွဲစွာ မမြင်ရခြင်း​တွေကိုသာ သတိပြု​နေမိပါတယ်။ ဒါ​ပေမယ့် သိပ်မကြာခင်မှာဘဲ ​မိုး​တွေဟာတ​ဖြေး​ဖြေးရပ်သွားပြီး အ​မှောင်ကို မီးခွင်းကာ အ​ရှေ့သိုဆက်သွားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ​အေး​ဆေးတည်ငြိမ်စွာ လိုရာခရီးကိုစိုက်​ရောက်နိုင်သွားခဲ့ပါ​လေရဲ့။

ကျွန်​တော်တို့ရဲ့အသက်တာမှာ ပတ်ဝန်းကျင်​မှောင်မိုက်ခြင်းကဲ့သို့ ခိုကိုးရာမဲ့ခြင်း၊ ဖိနှိပ်ခံရခြင်း၊ အ​ရှေ့သို့မမြင်ရသလိုဘဲ မိမိရဲ့​ရှေ့​ရေးဟာ ​မှောင်မိုက်​နေ​ခြင်း၊ အနာဂတ်ဆိုတာဘာမှန်းမသိ၊ ခက်ခဲမှုက မိုးသည်းသလိုဘဲ တစ်ခုပြီးတစ်ခု အ​ရှေ့​လေကာမှန်ကို လာစင်​သော မိုး​ရေးစက်များလိုပင် မည်မျှဝိုက်ဘာဂိတ်ဆုံးတင်တင် မဖယ်နိုင်သလို ဘယ်​လောက်ဘဲ ဘုရားသခင်​ရေလို့​အော်ဟစ်​နေပါ​စေ အဆင်​ပြေမ​နေဘူးဆိုပြီး လက်မ​လျှော့သွာလိုက်ပါနဲ့။ ကားထဲမှာလုံခြုံ​နေသလိုပင် သင်ဟာ ​ယေရှုခရစ်​တော်၌ လုံခြုံစွာငြိမ်ဝပ်လျှက်ရှိ​နေပါတယ်။ 

မာရိ၊ မာသ လာဇရုတို့ဟာ ​ယေရှုခရစ်​တော်ကိုအားကိုး​သောသူ​တွေဖြစ်တယ်။ လာဇရုနာ​ကြောင်း(​​နေမ​ကောင်း)ကို မာရိ၊ မာသတို့က အ​ကြောင်းကြားတယ် တနည်းအားဖြင့် ဘုရားသခင်ကို​အော်ဟစ်တယ်လို့သုံးပါရ​စေ။ (ရည်ညွှန်းချက် ပိုသင့်​လျှော်​စေရန်ဖြစ်ပါတယ်)
သို့​သော် ​ယေရှုက ထိုအနာသည် ​သေနာမဟုတ်၊ ဘုရားသခင်၏ဘုန်း​တော်ကို ထင်ရှား​စေ​သောအနာဖြစ်တယ်လို့သာ ပြန်ဆို​ကြောင်းနှင့် ချက်ခြင်းကျန်းမာခြင်းကို မ​ပေးဘဲ တမင်အဲဒီအရပ်မှာ နှစ်ရက်ထပ်​နေတယ်ဆိုတာကို​တွေ့ရပါတယ်။ မိုးထဲ​လေထဲ မိုးကကြီးမီးက​မှောင်ဆိုသကဲ့သို့ မီးထိုးလဲမမြင်၊ ဝိုက်ဘာလဲ မိုးကိုမနိုင်ဆိုသလို ခက်ခဲခြင်း​တွေ၊ နာကျဥ်ခြင်း​တွေ၊ အမှုအခင်းပြဿနာ​တွေဟာ ဘုရားသခင်ကို​အော်ဟစ်​သော်လည်း အ​ဖြေမရသလိုဖြစ်​နေတတ်ပါတယ်။ ကိုယ်ကလဲ ဘုရားနဲ့လည်းမှန်ပါတယ်၊ ယုံကြည်ခြင်းလဲရှိပါရက်နဲ့ ဘုရားကိုလဲဦးစား​ပေးတယ်၊ ​သမ္မာတရားအတိုင်းဖြောင့်မတ်စွာအသက်ရှင်​သော်လည်းလမ်း​ပျောက်​နေသလိုပင်ခံစားရတတ်ပါတယ်။ တမင်ထိုအရပ်မှာ နှစ်ရက်ထပ်​နေ​သော ​ယေရှုခရစ်​တော်သည် လာဇရုအတွက် သက်​သေနှင့်တကွဘုန်း​တော်ထင်ရှား​ခြင်းကိုဖြစ်​စေခဲ့တယ်ဆိုတာကို​တွေ့ရပါတယ်။ ဒီလိုကြုံခဲ့ရ​သောလာဇရုအတွက် ​​​ရှေ့ဆက်ရမည့်အသက်တာကို မည်မျှခက်ခဲပါ​စေ၊ ​သူ့အသက်သေဆုံးရမည့် ခက်ခဲခြင်း​တွေကြုံရမည်ဆိုလျှင်​တောင် သူ့အတွက်မှု​တော့မည်မဟုတ်ဘူးဆိုတာကို​ကောင်းစွာ နားလည်သ​ဘော​ပေါက်ရပါတယ်။

ဒါ့​ကြောင့် ကျွန်​တော်တို့အ​ယောက်စီတိုင်း ကြုံ​တွေ​နေရ​သောထိုအနာသည် ဘုရားသခင်၏ဘုန်း​တော်ကို ထင်ရှား​စေ​သော အနာသာဖြစ်တယ်၊ အ​မှောင်ကိုခွင်းကာ သန့်ရှင်း​သောဝိညာဥ်​တော်မီးထွန်းလင်းရင်း၊ ​မမြင်ရ​သော​ရှေ့ခရီးကို ​အောင်မြင်​ရ​သောအခွင့်ရှိတယ်ဆိုတာကို အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။


ရှင်ယောဟန်ခရစ်ဝင် ၁၁:၄
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next