ကျွန်ုပ်တို့၏ ခြေရာများ
လူတစ်ဦး၏ သွားလာခြင်းများသည် သူ၏ စိတ်အခြေအနေနှင့် ခံစားချက်များအပေါ်လည်း အနည်းငယ်မူတည်သည်။ အချို့က စိတ်ညစ်လျှင် အရက်ဆိုင်သွားတတ်သည်၊ အချို့က KTV တွင် အော်ဟစ်သီဆိုမှ စိတ်ညစ်ပြေသည်၊ အချို့ကလည်း ကလပ်၊ စသဖြင့် အမျိုးမျိုး ကွဲပြားကြသည်။
ထို့အတူ ပျော်ရွှင်ခြင်းပေါ် မူတည်၍လည်း ခြေလှမ်းများ ကွာကြပြန်သေး၏။ ထိုခြေလှမ်းများသည် ထိုနေရာများသို့လည်း ဖြစ်တတ်ကြပြန်သည်ကို ထင်ရှားစွာပြန်လည်တွေ့ရပြန်ပါသည်။ ထိုသို့သွားတတ်သော ခြေလှမ်းများကို သင်နှင့်ကျွန်ုပ် ရင်းနှီးနေပါသလား။
ကျွန်ုပ်တို့၏ လူဟောင်းသည် ထိုနေရာမျာသို့ သွားလာသော ခြေလှမ်းများကို နှစ်သက်ကောင်း နှစ်သက်နိုင်ပါသည်။ သို့သော် လူသစ်ဖြစ်သော ကျွန်ုပ်တို့သည် ထိုခြေရာများ အပြီးတိုင် ဖျက်ပစ်ခဲ့ကြပြီ မဟုတ်ပါလား။ ကျွန်ုပ်တို့ယုံကြည်သူများ၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ထာဝရဘုရားသည် ပဲ့ပြင်လျှက် စိတ်နှလုံးအကြံအစည်တို့ကို ပြုပြင်လျှက်ရှိပေသည်။
ဆာလံကျမ်း ၃၇:၂၃
ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။
ကျွန်ုပ်တို့၏ ခြေလှမ်းများသည် အဘယ်သို့ ဦးတည်နေသည်ကို သတိပြုကာ ဆင်ခြင်လျှက် ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်တော်မူသလို သူသွားရာလမ်းများကိုလည်း နှစ်သက်တော်မူတယ်ဆိုတာကို သိမှတ်ကာ ဝန်ခံလျှက် အထံတော်သို့သာ ချဥ်းကပ်ကြပါစို့ဟု အနည်းငယ် ဝေမျှတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet