November 26, 2026

ဘုရားသခင်သည် မီးခွက်​စောင့်ဘီလူးလား

အာလာဒင်နှင့် မီးခွက်​စောင့်ဘီလူးအ​ကြောင်းကို သိကြမည်ဟုထင်ပါသည်။ အာလာဒင်သည် မီးခွက်တလုံးကို ပွတ်လိုက်သည်နှင့် ဘီလူးထွက်လာကာ သူခိုင်းချင်ရာခိုင်း၊ ​တောင်းချင်ရာ​​တောင်းနိုင်​သော ပုံပြင်ဖြစ်သည်။ လူဆိုးလက်ထဲသို့ ထိုမီးခွက်​ရောက်သွားတဲ့အခါမှာ​တော့ ဘီလူးကို လူဆိုး၏ ​​စေခိုင်းခြင်းတွေ​ကြောင့် ငါးပါးတင်မကဘဲ ဆယ်ပါး​ပါမှောက်ပါ​လေ​တော့သည်။ တခါတ​လေမှာ ကျွန်ုပ်တို့ခရစ်ယာန်များက အာလာဒင်လိုလို၊ လူဆိုးလိုလို ဖြစ်တတ်ကြပြီး ဘုရားသခင်က​တော့ မီးခွက်​စောင့်ဘီလူး​နေရာ ​​ရောက်​နေတတ်ပြန်ပါသည်။ 

"ကိုယ်​တော်ရှင် အိုး​မြေ ... ကျွန်ုပ် အိုးထိန်း" အဲဒီသီချင်းလိုဖြစ်​နေပြန်ပါပြီ။ ကျွန်ုပ်တို့၏ စိတ်ဆန္ဒများ၏ ​စေခိုင်းချက်သည် ကိုယ်​တော်ရှင်ကို အိုး​မြေ​နေရာ၌ ထားကာ ကျွန်ုပ်တို့က အိုးထိန်းလုပ်​နေကြတတ်သည်။ ငါတို့ယုံကြည်သူ​တွေ ​တောင်းရင် ​ပေးရမယ်၊ တန်ခိုးကြီးတယ်၊ ဘုရားကမ​နေဘူး စသဖြင့် ဘုရားသခင်ကို အိုးမြေလေး​နေရာ၌ထားကာ ထုဆစ် ပုံသွင်း​ဆေးခြယ်​နေကြ​သော အိုးထိန်းခရစ်ယာန်များဖြစ်​နေကြတတ်သည် မဟုတ်ပါလား။ 

ထိုသို့အမှတ်နှင့် ဘုရားသခင်ကို ဘာလာလာ အကုန်စိတ်ခံစားချက်အတိုင်း ​တောင်းကြခြင်း​တွေဖြစ်လာတတ်ကြ​ပေသည်။ တခါတရံတွင်လည်း အခွင့်တန်ခိုး အာဏာအကုန်​ပြော၍ ​တောင်း​လေသည်။ ယုံကြည်ခြင်းနဲ့ သိမ်းပိုက်သည်ဆိုသည်လည်း ပါ​သေး၏။ ယုံကြည်သူ​တွေ ဝိုင်း​တောင်း​သော ဆု​တောင်းခြင်းတိုင်းကို ဘုရားသခင်လုပ်​ပေးရန် လိုအပ်ပါသလား။ အလို​တော်နှင့် မညီ​သော ဆု​တောင်းခြင်းကို ယုံကြည်သူ​တွေ ဝိုင်းဆု​တောင်းလို့ ပြည့်နိုင်ပါမည်လား စသဖြင့် စဥ်းစားရန်လိုအပ်လာသည်။ ထို့​ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် သမ္မာကျမ်းစာမှာ​ရော ဘာ​ပြောထားသလဲဆိုတာကို နားလည်ဖို့လည်း လိုအပ်လာပါတယ်။ တကယ်ဘဲ ဘုရားသခင်သည် အာလာဒင်၏ မီးခွက်​စောင့် ဘီလူးကဲ့သို့ ​တောင်းတိုင်း ဖြည့်ဆည်း​ပေးမည့် သင့်ခိုင်းဖက်လား၊ ယုံကြည်သူ​တွေ ဝိုင်း​တောင်းတိုင်း လုပ်​ပေးရမည့် အ​စေခံလားဆိုတာကို သိရန်လိုအပ်ပါသည်။ 

John Stott က​တော့ ဒီလို​ရေးသားထားဖူးပါတယ်။ "အကယ်၍ ငါတို့ရဲ့ဆု​တောင်းခြင်းသည် မ​ကောင်း​သောအရာဖြစ်လျှင်သော်လည်း​ကောင်း၊ ငါတို့အတွက် မသင့်​တော်လျှင်​သော်လည်း​ကောင်း၊ ငါတို့အတွက်သာမက သူတပါးအတွက်ပါ တိုက်ရိုက်ဖြစ်​စေ သွယ်ဝိုက်၍ဖြစ်​စေ ချက်ခြင်းဖြစ်​စေ ​နောက်ဆုံးမှာပင်ဖြစ်​စေ မ​ကောင်း​သောအရာဖြစ်​နေမည်ဆိုလျှင်​သော်လည်း​ကောင်း ဘုရားသခင်၏ အ​ဖြေသည် (No) ပဲဖြစ်ပါလိမ့်မည်" ဆိုလိုသည်မှာ ထိုဆု​တောင်းခြင်းကို ဘုရားသခင် မဖြည့်ဆည်းပေးပါ။ 

ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆု​တောင်းချက်တစ်ခုစီတိုင်း တစ်ခုစီတိုင်းကို ကျွန်ုပ်တို့အလိုအတိုင်း မဖြည့်ဆည်း​ပေးခြင်းကို ​စောဒကတက်ရန် မလို​ချေ။ ထာဝရဘုရား၏ အကြံအစဥ်ကို သင်မသိ၊ ကျွန်ုပ်လည်းမသိ၊ မည်သူမျှ မသိ နားမလည်နိုင်ဘူးဖြစ်သည် မဟုတ်ပါလား။ ထို့​ကြောင့် မိမိစိတ်ခံစားချက် အလိုရမက် မပြည့်စုံရခြင်း​တွေ​ကြောင့် ​စောဒကတက်​နေမည့်အစား အလို​​တော်ကိုသာ ဝန်ခံနိုင်ရန် အချိန်ယူဆင်ခြင်သင့်​ပေသည်။ 

လုကာထဲမှာဘာ​ပြောသလဲဆိုရင် "သားက မုန့်ကို​တောင်းတဲ့အခါတွင် ​ကျောက်ကို​ပေးမည့်သူရှိသလား၊ ငါးကို​တောင်းလျှင်​ရော ​မြွေကို​ပေးမလား၊ ဥကို​တောင်းမယ်ဆိုရင်​ရော ကင်းမြီး​ကောက်ကို​ပေးမည်​လား" ဆိုပြီးဖြစ်ပါတယ်။ လူသားဖခင်သည်ပင်လျှင် ​သားဖြစ်သူအား အ​ကောင်း​တွေပဲ​ပေးချင်သည်မဟုတ်ပါလား။ သို့ဖြစ်လျှင် ပြောင်းပြန်​တွေးကြည့်မည်ဆိုလျှင်​တော့ ကျွန်ုပ်တို့၏​တောင်းဆိုခြင်း​တွေသည် ​မြွေ၊ ကင်းမြီး​ကောက်တို့ကဲ့သို့ နာကျင်ရခြင်း၊ ပျက်ဆီး​စေခြင်းများကဲ့သို့ ဆိုးဝါးမည့်အရာများဖြစ်​နေလျှင် ​ပေးမည်​လောဟုပင်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆု​တောင်းချက်တိုင်းကို မီးခွက်​စောင့်ဘီလူးကဲ့​သို့ ​တောင်းတိုင်း​ပေးမည်မဟုတ်​ပေ။ 

ရောမဩဝါဒစာ ၁၂:၂
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ 

ကျွန်​တော်တို့ခရစ်ယာန်များသည် သာသနာပလူတို့ကဲ့သို့ မိမိလိုချင်ရာကိုသာ တမ်းတခြင်း၊ စိတ်ဆန္ဒကိုသာ ဦးစား​ပေး ဆု​တောင်းခြင်းများသည် အလို​တော်နှင့် လွဲနေတတ်သည်ကိုလည်း သတိပြုရန်လိုအပ်သည်။ ထို့​ကြောင့် မိမိစိတ်ဆန္ဒ​တွေထက် ဘုရားသခင်၏ အလို​​တော်ကိုလည်း နားလည်တတ်​သောသူဖြစ်​စေရန် အင်မတန်အ​ရေးကြီးသည်။ ကိုယ့်ဆု​တောင်းချက်တိုင်း ဖြည့်ဆည်း​ပေးရ​အောင် ဘုရားသခင်သည် မီးခွက်​စောင့် မဟုတ်ပါ။ ထို့​ကြောင့် ထိုအလွဲယူတတ်သည့် စိတ်ခံစား​ချက်များ၏ အတ္တများကို ဖယ်ရှားကာ စိတ်နှလုံးကို ဆွဲဆုတ်လျှက် ​စစ်မှန်​သောနောင်တနှင့် သခင့်ထံသို့ ပြန်လည်တိုးဝင်ရန်အ​ရေးကြီးလှသည် မဟုတ်ပါလား။ 

တကယ်​တော့ ကျွန်ုပ်တို့သည် "အိုး​မြေသာဖြစ်ပြီး ဘုရားသခင်ကသာ အိုးထိန်း" ဖြစ်ပါတယ်။ ထို့​ကြောင့် မိမိတို့၏ အတ္တ၊ ဆန္ဒ၊ ​စောဒက၊ စိတ်ခံစားချက်များကို ချိုးနှိမ်ဖယ်ရှားကာ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ စစ်မှန်​သော ​နောင်တရကာ ပုံသဏ္ဍာန်​ပြောင်းလဲခြင်းသို့ ​ရောက်​စေရန် နှလုံးသားကို ဆွဲဆုတ်ပြီး "ဘုရားသခင်သည် ကျွန်ုပ်တို့၏ ​​​တောင်းဆိုချက်တိုင်းဖြည့်ဆည်း​ပေးရမည့် အာလာဒင်၏ မီးခွက်​စောင့်ဘီလူး မဟုတ်သလို၊ ကျွန်ုပ်တို့၏ ခိုင်းဘက် မဟုတ်သည်ကို သိမှတ်ကြဖို့ အ​ရေးကြီး​ကြောင်း" တင်ပြလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next