November 26, 2026

လိမ်လည်ခြင်း​​တွေ​နောက်ကိုလိုက်မိ​နေပြီလား

မိတ်​ဆွေ သင်အလိမ်ခံရဖူးပါသလား။ မည်သူမဆို တစ်ကြိမ်​လောက်​တော့ အလိမ်ခံရဖူးမယ်လို့ ယူဆမိပါတယ်။ သို့​သော် ​လောကအရာ၌ အလိမ်ခံရခြင်းဖြစ်​ပေမည်လို့သာ မှတ်ယူပါ​ရ​စေ။ သမ္မာကျမ်းစာထဲတွင်လည်း အလိမ်ခံရသူအချို့ရှိပါတယ်။ ထိုသူတို့ကို ကြည့်၍ ပြင်ဆင်သင့်သာပြင်ဆင်ရင်း ဆင်ခြင်သင့်သည်ကို ဆင်ခြင်ကြရ​အောင်ဖြစ်ပါတယ်။

​​ယောရှုတို့သည် ယေရိခေါမြို့၊ အာဣမြို့ တို့ကို​အောင်မြင်​ကြောင်းကိုကြားသိ​သော​ကြောင့် ဂိ​​ဗောင်မြို့သားတို့သည် ကြောက်၍ လိမ်လည်ကာ မိဿဟာရလာဖွဲကြခြင်းကို​တွေ့ရသည်။ ထိုအရာကို ထာဝရဘုရားကို မတိုင်ပင်၊ မ​မေးမြန်း၊ မစူးစမ်းဘဲ ကိုယ့်သ​ဘောနှင့်ကိုယ် မိဿဟာရဖွဲ့ပြီး သူတို့ရဲ့ရိက္ခါကိုပါစားကြ​သေးတယ်ဆိုတာကို​တွေ့ရပါတယ်။

ယောရှုမှတ်စာ ၉:၁၄
ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။

လိမ်ညာခြင်းကိုသိတဲ့အခါမှာ​တော့ ​နောက်ကျသွားပြီဖြစ်တယ်၊ ကျိန်ဆိုထား​သော​ကြောင့် ရှင်းရှင်းဖျက်ဆီးရမည့်အမျိုးကို အိမ်​တောင်မှာ ထင်းခွဲ၊ ​ရေခပ်ခြင်းအမှုကိုပြခိုင်းရတယ်။ ​နောက်ပိုင်းမှာ ဒီအမျိုးကပုန်ကန်ခြင်းလုပ်တာ​တွေ၊ ဒုက္ခ​ပေးတာ​တွေ၊ ဒီအမျိုးအားဖြင့် ဒုက္ခ​ရောက်ရတာ​တွေ ​သေ​ကြေရတာ​တွေကိုမြင်​တွေရပါတယ်။ မိမိသ​ဘောကိုသာ ဦးစား​ပေး၍ မိဿဟာရဖွဲ့ခြင်း​ကြောင့် ​နောက်ဆက်တွဲ​အကျိုးဆက်ကို​တွေ့ရခြင်းဖြစ်သည်။

ယောရှုမှတ်စာ ၉:၂၃
ယခုမှာ သင်တို့သည် ကျိန်အပ်သောသူဖြစ်သဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဖို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တစ်ယောက်မျှမလွတ်ရဟု ဆို၏။

​နောက်အဖြစ်အပျက်တစ်ခုကို ခပ်တိုတို​ဖော်ပြ​ပေးပါမယ်။ ရှင်ဘုရင်၏လက်​သွေ့​ခြောက်ခြင်းကို ဘုရားသခင်၏လူသည် ထာဝရဘုရားကိုတောင်း​ပန်ပေးတယ်။ ဒါကိုဘုရင်က ​ကျေးဇူးတင်တယ် စား​သောက်ဖို့​ခေါ်တယ် လက်​ဆောင်​ပေးမယ်​ပြောတယ်။ သို့​သော် ဘုရားသခင်၏လူကို မစားမ​သောက်ရ၊ လာရာလမ်းနဲ့မပြန်နဲ့လို့​ပြော​သော​ကြောင့် သူမစားမ​သောက်​ပေ။ ဒါနဲ့အခြားလမ်းကပြန်သွားတယ်။

ဓမ္မရာဇဝင် တတိယစောင် ၁၃:၉
ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။

ဘုရားလူလာ​ကြောင်း ပ​ရောဖက်အိုကကြားသိတဲ့အခါမှာ ရ​အောင်မှီ​အောင်လိုက်တယ်။ ငါနဲ့လိုက်ပါ၊ ငါနဲ့အတူစားပါ​ခေါ်တာကို ဘုရားသခင်၏လူသည် ငြင်းဆိုပါ​သေးတယ်။ သို့​သော် ငါလည်းမင်းလို ပ​ရောဖက်ပါ၊ မင်းစားဖို့၊ ​ရေကိုသောက်ဖို့၊ ဘုရားသခင်​ပြောတယ်ဆိုတာမျိုးနဲ့ မုသာသုံး​ခေါ်တဲ့အခါမှာ​တော့ သူသည် လိုက်ပါမိတာကို​တွေ့မြင်ရပါတယ်။ ဒီလိုနဲ့​နောက်ဆက်တွဲက​တော့ အသက်ဆုံးသည်အထိဖြစ်ခဲ့ရပါတယ်။ ဘုရားလူပါ ဘုရားစကားပါဆိုပြီး မုသာသုံး​သောသူကိုယုံမိ​သော​ကြောင့်ပင်။

ဓမ္မရာဇဝင် တတိယစောင် ၁၃:၁၈
ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည် မုန့်ကိုစား၍ ရေကိုသောက်စေခြင်းငှာ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မှာထားပြီဟု မုသာသုံး၍ပြောဆို၏။

ဒီလိုပါဘဲ လက်ရှိအ​ခြေအ​နေ​တွေမှာလည်း ဘုရားလူပါဆိုပြီး မုသာသုံးသူ​တွေ၊ ပ​ရောဖက်အိုကြီးလို ဘုရားလူ​တွေကိုဆွဲချမည့်သူ​တွေ ဒုနဲ့​ဒေးရှိတယ်ဆိုတာကို သတိထားကြပါလို့ဆိုချင်ပါတယ်။ ဆရာ​တော့ဆရာပါ၊ ကျမ်းစာလဲဒီကျမ်းစာပါ၊ အသင်း​တော်ကလဲ ​ယေရှုခရစ်​တော်​နောက်လိုက်သူ​​တွေပါ၊ ကယ်တင်ခြင်းလဲတူပါတယ်လို့ မည်သို့ဆို​စေကာမူ ပ​ရောဖက်အိုလို မုသာသုံး၍ သင်နှင့်ကျွန်ုပ်၏ အသက်တာကို ဆွဲချမည့် လိမ်လည်​သောဩဝါဒ​တွေဟာ ဒုနဲ့​ဒေးရှိပါ​သော​ကြောင့် သမ္မာတရားကိုပိုင်းခြားနားလည်​စေဖို့ ​ဗေရိမြို့သားများကဲ့သို့ နှုတ်ကပါတ်​တော်ကို ​စေ့​စေ့ဖတ်ရှုဆင်ခြင် နှလုံးသွင်းကာ အယူလွဲမိစ္ဆာဩဝါဒ​တွေကို ​ရှောင်ရှားနိုင်ကြဖို့ရာ အနည်းငယ်ခွန်အား​ပေးတိုက်တွန်းလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next