အလှူငွေများနှင့်ပါတ်သတ်၍အထင်လွဲတတ်ခြင်းများအတွက် ရည်ရွယ်သည်။

အလှူငွေများနှင့်ပါတ်သတ်၍အထင်လွဲတတ်ခြင်းများအတွက် ရည်ရွယ်သည်။
တချို့မယုံကြည်သူများ၊သာသနာပလူများနှင့်မိရိုးဖလာခရစ်ယာန်အချို့သည် အထင်လွဲမှားတတ်ကြသည်။
ဒါ့ကြောင့် ... အနည်းငယ်ကျွန်တော်သိသလောက် ဝေမျှပေးချင်ပါတယ်၊လိုအပ်ချက်များအတွက်ကြိုတင်တောင်းပန်သလို ပို၍သိချင်လိုလျှင်ဆက်သွယ်နိုင်ပါတယ်။
ဘုရားကျောင်းတွေမှာ အလှူငွေတွေကောက်တယ် မထည့်မနေရလို့ထင်မြင်တတ်ကြတယ်။(ပြောတဲ့သူတွေရှိလို့ရှင်းပြခြင်းဖြစ်တယ်)
ဟုတ်ကဲ့ အလှူငွေကောက်ပါတယ် သို့သော် မထည့်မနေရမဟုတ်ပါ။ တချို့က တစ်ကြိမ်ကောက်တယ်၊တချို့ကနှစ်ကြိမ်စသဖြင့်ကွာခြားပါတယ်။
ကျွန်တော်ပါဝင်တဲ့ဘုရားကျောင်းမှာ ၂ကြိမ်ကောက်ပါတယ်။ အပါတ်စဥ်အလှူငွေနဲ့ဧဝံဂေလိအလှူငွေဖြစ်ပါတယ်။ အပါတ်စဥ်အလှုငွေကို ဘုရားကျောင်းကိစ္စတွေမှာသုံးပြီး၊ဧဝံဂေလိအလှူငွေကို ဧဝံဂေလိတရားဟောပွဲလုပ်တာတွေမှာသုံးပါတယ် စသဖြင့်အထင်မှားတတ်ကြသောကြောင့်ရှင်းပြပေးတတ်ကြပါတယ်။
နောက်သိထားရမှာက ...
မထည့်မနေရမဟုတ်ပါ။ နှုတ်ကပါတ်တော်တစ်ချက်ကဒီလိုပြောပါတယ် ...
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၉:၇
လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။
ဟုတ်ပြီ နောက်တစ်ချက် ...
ရှင်မဿဲခရစ်ဝင် ၆:၃
သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။
ညာဘက်လက်ကပေးလှူခြင်းတောင်ဘယ်ဘက်လက်ကိုမသိစေနဲ့လို့ဆိုထားတာကိုတွေ့ရမယ်။ ဒီတော့ ဘယ်လောက်လှူပါတယ်ဆိုပြီးဝါကြွားခြင်းတွေ၊ဘယ်လောက်ထည့်ပါလို့တောင်းခံခြင်းတွေသည် မှားယွင်းစွာနားလည်ထားကြလို့ဖြစ်တယ်။ ဘယ်လောက်လှူပါတယ်ဆိုပြီးအော်ဟစ်ပြောဆိုနေဖို့မဟုတ်ဘူးဆိုတာကိုနားလည်စေချင်ပါတယ်။မလှူမနေရလို့တောင်းခံနေတဲ့နေရာရှိသလားတော့ကျွန်တော်မသိပါ။ သို့သော် မလှူမနေရမဟုတ်ပါ။ အလှုငွေထည့်သောအိတ်(ပုံး)စသဖြင့်တွေနဲ့တော့လူရှေ့လိုက်ကောက်ပေးတာမျိုးရှိပါတယ်၊ထပြီးမထည့်ရအောင် လုပ်ပေးခြင်းမျိုးသာဖြစ်တယ်ဆိုတာနားလည်စေချင်ပါတယ်။ နောက်တစ်ကြိမ်ထပ်ပြောပါမယ် မလှူမနေရမဟုတ်ပါ။
နောက်တစ်ချက်လွဲမှားစွာနားလည်တတ်ကြတာသည်ဆယ်ဖို့တစ်ဖို့ဖြစ်တယ်။
ကျမ်းစာတစ်အုပ်လုံးမှာ ဘုရားသခင်ကို စုံစမ်းတာမျိုးမလုပ်ရဘူးလို့နားလည်ရသလို စုံစမ်းခိုင်းတာတစ်ချက်ပဲရှိတယ် ဆယ်ဖို့တစ်ဖို့နဲ့စုံစမ်းပါဆိုတာပဲဖြစ်တယ်။
မာလခိအနာဂတ္တိကျမ်း ၃:၁၀
ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
ဓမ္မဟောင်းမှာတော့ ပညတ်ချက်ဖြစ်ပေမယ့်၊ဓမ္မသစ်မှာတော့ ဘုရားကိုချစ်တဲ့စိတ်နဲ့သစ္စာရှိခြင်းနဲ့ပါဝင်ရမှာဖြစ်တယ်ဆိုတာနားလည်ရပါတယ်။ ဒါ့အပြင် ငွေကြေးပဲလားဆိုတော့ ပြန်လည် အသေးစိတ်ထိသွားမယ်ဆိုရင်
မဟုတ်ပြန်ဘူးပဲ။ ကျွန်တော်တို့ရဲ့အရာရာကိုတောင် ထည့်တွက်လို့ရပါတယ်။ ကျွန်တော်တို့အတွက် အချိန်နာရီသည်တစ်ရက်ကို ၂၄နာရီရှိတယ် ၂နာရီနဲ့မိနစ်၄၀ဘုရားအတွက်ပါဝင်နိုင်တယ်၊ငွေကြေး၊အစွမ်းသတ္တိ၊အချိန်နာရီ၊အစရှိသဖြင့် ဘုရားကိုချစ်သောစိတ်နဲ့ပါဝင်နိုင်ပါတယ်။
ဒီစာကိုဖတ်နေသောသူသည် နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။