November 26, 2026

တိုက်တွန်းနှိုး​ဆော်​ပေးတတ်​သော​ခေါင်း​ဆောင်

တိုက်တွန်းနှိုး​ဆော်ခြင်းဆိုသည်မှာ အင်မတန်အ​ရေးကြီး​သော အရာတစ်ခုဆိုလျင်လည်းမမှား​ပေ။ ငယ်ငယ်က သင်ကြားဖူးခဲ့​သော နိဗ္ဗာန်​​ဆော်ကဗျာ​လေးကိုပင် သတိရမိပါရဲ့။ ကျွန်​တော်တို့သည် လုပ်ငန်းခွင်ထဲ၌ပင်ဆိုစေကာမူ အ​ကြောင်းအရာတစ်ခုခု၊ အစည်းအ​ဝေးဖြစ်​စေ၊ အ​ရေးကြီး​သောအရာတစ်ခုဖြစ်ပါ​စေ ခဏခဏ သတိ​ပေးတတ်ကြသည်။ ချိန်းဆိုထားမှု၊ ဝယ်သူနဲ့​တွေ့ဖို့၊ စီးပွား​ရေးပါတနာနဲ့ညစာစားဖို့၊ လုပ်ငန်းရင်းနှီးမြှုပ်နှံသူနဲ့​တွေ့ဆုံဖို့ စသဖြင့်ဆိုလျှင် ပိုလို့​တောင် သတိ​ပေးကြ နှိုး​ဆော်ကြသည်မဟုတ်ပါလား။ အဘယ့်​ကြောင့်ဆို​သော် မလုပ်လိုက်ရမည်စိုး၍၊ ​မေ့သွားမည်စိုး၍၊ ​ကျော်သွားမည်စိုး၍ စသဖြင့်ဖြစ်​ပေသည်။

ဒါ​ဆိုလျှင် ဝိညာဥ်​ရေးရာပိုင်းဦး​ဆောင်သူ​​တွေရဲ့ နှိုး​ဆော်ပေးခြင်းသည် သာ၍လိုအပ်သည် မဟုတ်ပါလားခင်ဗျာ။
ဆိုကြပါစို့ ကျမ်းစာသင်တန်းရှိတယ်လို့ အသင်းသား​တွေသိ​စေဖို့ ခဏခဏ နှိုး​ဆော်​ပေးတာသည် သွားချင်ရက်နဲ့ မသွားလိုက်ရမှာစိုးလို့ ခဏခဏ နှိုး​ဆော်​ပေးခြင်း၊ ဧဝံ​ဂေလိခရီးစဥ်ရှိတယ်​နော်ဆိုပြီး ခဏခဏ​ပြောပြ​နေခြင်း​တွေသည် အသင်းသား​တွေ လိုက်ချင်ရက်နဲ့မလိုက်ရမည်စိုး၍၊ ​ပေးလှူပါဝင်ချက်ရက် မပါဝင်လိုက်ရမည်စိုး၍၊ စသဖြင့် နှိုး​ဆော်​ပေးခြင်း​တွေသည် လိုအပ်သည်မဟုတ်ပါလား။

တချို့က​တော့ မလိုအပ်ဘူးလို့ဆိုချင်ဆိုကြပါလိမ့်မယ်၊ နားငြီးတယ်လို့ဆို​ကောင်းဆိုမယ်၊ ​ပေးလှူချင်သူသည် အလိုက်သိသိနဲ့​ပေးမှာ​ပေါ့လို့ ဆို​ကောင်းဆိုကြမယ်၊ သင်တန်းရှိတာသိရင် တက်ချင်တက်မှာ​ပေါ့ ခဏခဏ​ပြောစရာမလိုဘူးလို့ဆို​ကောင်းဆိုကြမယ်၊ အစရှိသဖြင့် နှိုး​ဆော်​ပေးသူသည် လူအများ၏အမြင်ကပ်​ခြင်းကို သာ၍ခံရ​သော သင်းအုပ်၊ ဦး​ဆောင်သူ၊ ​ခေါင်း​ဆောင်၊ နှိုး​ဆော်​ပေးတတ်သူ များသာဖြစ်​ကြတယ်။ ​လောကအလုပ်​တောင်မှ ခဏခဏ အသိ​ပေး၊ သတိ​ပေး၊ ခဏခဏနှိုး​ဆော်ကြ​သေးရင် ဝိညာဥ်​ရေးရာအတွက်သည် သာ၍ပြုသင့်သည်မဟုတ်​လော။ ထို့​ကြောင့် ဒီအရာကို သင်​ရောမည်သို့ခံယူသနည်း။

နေဟမိမှတ်စာ ၄:၂၂
ထိုအခါ၌လည်း၊ ငါက လူတိုင်း မိမိကျွန်နှင့်တကွ ညအချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညအခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အားဆို၏။

တိုက်တွန်းနှိုး​​ဆော်တတ်​သော ​နေဟမိကဲ့သို့ ​ဦးဆောင်တတ်ခြင်းသည် အင်မတန်အ​ရေးကြီးသည်ကိုနားလည်ရပါသည်။ ​နေဟမိ၏ တိုက်တွန်းနှိုး​ဆော်မှုနှင့် ဆပ်ကပ်ပါဝင်တတ်​သော ဦး​ဆောင်မှု၊ ဝန်တာရှိ​သောနှလုံးသားသည် အတားအဆီးများရှိ​သော်လည်း ​မြို့ရိုးကိုအောင်မြင်စွာ ပြန်လည်တည်​ဆောက်နိုင်ခဲ့​ပေသည်။ ရန်သူ​နှောက်ယှက်ခြင်းအားလည်း ကာကွယ်နိုင်ရန်အလို့ငှာ တိုက်တွန်းနှိုး​ဆော်ရ​သေး၏။ ထိုသို့နှင့် သူတို့သည် လက်တစ်ဖက်နှင့်အလုပ်လုပ်ကာ လက်တစ်ဖက်နှင့် လက်နှက်ကိုင်ကာ အသင့်​စောင့်လျှက်​နေနိုင်သည့် စိတ်အားတတ်​စေခြင်း၊ ရန်သူအင်အားများ​သော်လည်း ဘုရားသခင်သည် ရန်သူ၏အကြံကိုဖျက်ဆီးမယ်ဆိုတာသိခြင်း စသည်တို့မှာ ​ခေါင်း​ဆောင်​နေဟမိ၏ နှိုး​ဆော်ခြင်းများစွာပါဝင်သည်။ 

ဘယ်သူကဘယ်မှာ ဘယ်သူနဲ့ ဘယ်လိုအပ် ဘာညာစသဖြင့်​ပြောဆိုခြင်းသည် အ​ပေါ်တွင်ဆိုထားသလို ​ပေးလှူချင်သူက သူ့ဘာသာလှူမှာ​ပေါ့၊ သင်တန်းတက်ချင်သူက သူ့ဘာသာသူလာတက်မှာ​ပေါ့၊ ဧဝံ​​ဂေလိလိုက်ချင်သူက လိုက်မှာ​ပေါ့လို့ဆိုသလိုသာဖြစ်လျှင် ​နေဟမိထိုသို့ မနှိုး​ဆော် မတိုက်တွန်း မစီစဥ်ဘူးလို့ ယူဆမိပါတယ်။ မြို့ရိုးတည်​ဆောက်တာသည် ဘယ်​လောက်အ​ရေးကြီးလဲ ဒီလူ​တွေသိပါတယ် ကိုယ့်အသိနဲ့ကိုယ်ကင်း​စောင့်ရမယ်၊ ဆက်တည်​ဆောက်ရမယ်လို့ ဆိုလို့ရ​​သော်လည်း နှိုး​ဆော်​ပေးတယ်ဆိုတာကို ​တွေ့ရ​သော​ကြောင့် ကျွန်​တော်တို့​တွေသည် မည်မျှပင်ကြားဖူး​နေ​သော သတင်းစကား​ဖြစ်​နေပါ​စေ တိုက်တွန်းနှိုး​ဆော်​ပေးတတ်​သော သူများဖြစ်​စေကာ ​နေဟမိကဲ့သို့ ဦး​ဆောင်တတ်​သော ​ခေါင်း​ဆောင်များဖြစ်ကြပါစို့လို့ အနည်းငယ်တိုက်တွန်း ခွန်အား​​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next