အသီးသီးသောအသက်တာ အပိုင်း(၂)

အသက်တာမှာဝိညာဥ်အသီးသီးဖို့လိုအပ်တယ်ဆိုတာမနေ့ကဝေမျှခဲ့ပါတယ်။ ဝိညာဥ်အသီး(၉)မျိုးဆိုတာကိုသီးသောအသက်တာဖြစ်စေဖို့ယုံကြည်သူမှန်ရင်ဆက်လက်ပြီးဝိညာဥ်ရေးရာ Level မြင့်လာဖို့လိုအပ်ပါတယ်။
သူငယ်အရွယ်မှရင့်ကျက်လာပြီး နို့ကိုသာသုံးဆောင်သောသူမဟုတ်တော့ပဲကြေခဲသောအစာကိုစားနိုင်လာသည်အထိဝိညာဥ်ရေးရာရင့်သန်သောသူဖြစ်လာဖို့ဘုရားသခင်အလိုတော်ရှိပါတယ်။
မနေ့ကသရက်သီးသီးသောသရက်ပင်ကိုပြောခဲ့ပါတယ်။တကယ်တော့အဲဒီအပင်မှာပဲ အချို့သောအသီးတွေကပိုးကိုက်နေတာတွေရှိပါတယ်။ ဒီအရာကိုဆင်ခြင်မိတော့ တခါတလေ ကျွန်တော်တို့က မေတ္တာပြချင်ပါတယ်မပြနိုင်ဘူး၊ခွင့်လွှတ်ချင်ပါတယ်ဒါပေမယ့်မလွှတ်နိုင်ဘူး၊သည်းခံချင်ပါတယ်သို့သော်ပြန်ပြောမိတယ်၊စသဖြင့် အသီးကိုပိုးကိုက်သကဲ့သို့ဖြစ်သွားတာတွေရှိတတ်ပါတယ်။ အထူးသဖြင့်အခြေအနေတွေကိုမကျော်လွန်နိုင်ပဲဖြစ်သွားပါတယ်။
ဥပမာတစ်ခုနဲ့မြင်အောင်ကြည့်ရအောင်။ သူများကစကားတစ်ခွန်းပြောလိုက်တဲ့အရာကကိုယ့်စိတ်မှာဒေါသထွက်သွားမိတယ်၊သည်းခံရမယ်ခွင့်လွှတ်ရမယ်သိတယ်သို့သော် အခြေအနေကမကျော်လွန်သွားနိုင်ပဲနဲ့ ငါ့ကိုမှပြောရက်လေခြင်းဆိုပြီး ပြန်ရန်တွေ့မိလိုက်တယ်။တချို့သောပိုးကိုက်ရာတွေက ငါဆိုတဲ့ဇာတိကနေမသိမသာလာတတ်ပါတယ်။
ထိုကဲ့သို့သောတခါတလေမှာ အပြစ်ရဲ့သွေးဆောင်ခြင်းအခြေအနေကိုကျော်လွန်နိုင်ဖို့အမြဲသမ္မာသတိနဲ့ဆင်ခြင်ဖို့လိုပါတယ်။ ပိုးကိုက်တဲ့အသီးကိုစားဖို့မဖြစ်ပါဘူးလွှတ်ပစ်ကြပါတယ် ဒီလိုပါပဲ ကျွန်တော်တို့တွေဒီလိုဖြစ်ခဲ့ရင် အရင်ကထိုသူအပေါ်ကောင်းနေခဲ့တာတောင်ပျောက်သွားသကဲ့သို့ဖြစ်သွားပါသောကြောင့်ဆင်ခြင်မိဖို့ရာအရေးကြီးပါတယ်။ ဝိညာဥ်ရေးရာအသီးများပိုးကိုက်ခြင်းလို့ဆိုကြပါစို့။
အပင်ကောင်းတစ်ပင်ဖြစ်လာဖို့ရာအခြခံအားဖြင့် ကောင်းသောမျိုးစေ့ ၊ မြေကောင်းဖို့ ၊ ရေလောင်း ၊ ပေါင်းသင် ၊ ကရုစိုက်ပေးရပါတယ်။ ဒီလိုပါပဲ ဝိညာဥ်ရေးရာအသီးသီးဖို့ကိုဆင်ခြင်ဖို့ရာလိုပါတယ်။
ဝိညာဥ်ပကတိမျိုးစေ့(ဇာတိပကတိမျိုးစေ့မဟုတ်ဖို့) ၊ နှလုံးသားမြေကောင်းဖို့ ၊ နှုတ်ကပါတ်တော်ရေလောင်းဖို့ ၊ ပေါင်းသင်မြက်နှုတ်ခြင်းကဲ့သို့ပုံဆောင်သောလောကရဲ့အပြစ်သွေးဆောင်ခြင်း(ဇာတိသဘောတွေကိုသတ်ဖို့) ၊ ယုံကြည်သူအချင်းချင်းမိဿဟာရဖွဲ့ ခွန်အားပေးဖို့ စသဖြင့်အခြေခံလေးတွေလိုပါတယ်။ ဒါဆိုရင်တော့ ပိုးမထိုး ၊ လောက်မတတ်သော တည်ကြည်သောအသီးတွေသီးမယ်ဆိုတာကိုနားလည်ရပါတယ်။
ဂလာတိဩဝါဒစာ ၆:၈-၉
မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်အယောက်စီတိုင်းသည်ဝိညာဥ်ပကတိမျိုးစေ့ကိုကြဲကာတည်ကြည်ပြီးပိုးမကိုက်သောဝိညာဥ်အသီးများကိုသီးနိုင်ဖို့ရာ သမ္မာတရားကိုသမ္မာသတိနဲ့ထိန်းပြီး နှလုံးသားမြေကိုကရုစိုက် ၊ နှုတ်ကပါတ်တော်ရေကိုမှန်မှန်လောင်း ၊ ဇာတိသဘောတွေကို ပေါင်းသင်မြက်နှုတ်ကာ ဆင်ခြင်ကြပါစို့လို့အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။