November 26, 2026

​ဈေးဝယ်ခြင်းအလား ခွဲခြားတတ်ပါ​စေ

IT ​ခေတ်ကြီးထဲမှာ Social Media ​တွေ​ခေတ်စားလာတာနှင့်အမျှ ​ကြေညာ​တွေအမျိုးမျိုးမျိုး၊ Online Shopping အမျိုးမျိုး၊ Page ​တွေ၊ Account ​တွေအမျိုးအမျိုးနဲ့ အ​ရောင်းအဝယ်မျိုးစုံ ကုန်ပစ္စည်းမျိုးစုံကို မြင်​တွေ့ရပါတယ်။ ကျွန်​တော်တို့​တွေက ဒီလိုအရာ​တွေကို ဘယ်က​တော့ စိတ်ချရတယ်၊ ဘယ်က​​တော့ပစ္စည်းအစစ်​ရောင်းတာ၊ ဘယ်က​တော့ အိမ်အ​ရောက်ပို့တာ ​ဈေးကသက်တာတယ်၊ ဘယ်က​တော့ နာမည်ပျက်ရှိတယ်၊ ဘယ်သူကအလိမ်အညာ၊ ဘယ်သူက မယုံရဘူး စသဖြင့်ကို ​လေ့လာကြတယ်၊ စုံစမ်းကြတယ်၊ သိလဲသိကြပါတယ်။

ဒီလို​ Social Media ​တွေခေတ်စားလာတာနှင့်အမျှ Facebook ကိုအသုံးပြု၍ အ​ရောင်းအဝယ်လိမ်လည်မှု၊ ​ငွေ​ကြေးလိမ်လည်မှု၊ ကာမလိမ်လည်မှု၊ အစရှိသဖြင့်​တွေအပြင်၊ နိုင်ငံ​ရေးလှုံ့​ဆော်မှု၊ ဘာသာ​ရေးလှုံ့​ဆော်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု​တွေကိုပြိုကွဲ​စေဖို့ရည်ရွယ်မှု​တွေကို လှည့်ဖျားအသုံးပြုကြပြန်ပါတယ်။ ဒါ​တွေကို စီစစ်ပိုင်းခြားတတ်ကြသူ​တွေလဲရှိကြပြန်ပါတယ်။ ဒီလိုပါဘဲ ဘုရားအ​ကြောင်း​ရေးတာ​တွေ၊ တရား​ဟောချက်​တွေ၊ အသင်း​တော်အမျိုးမျိုးရဲ့လှုပ်ရှားမှု​တွေ၊ ဩဝါဒ​ပေါင်းစုံ​တွေ၊ အလွဲ​တွေအကွဲ​တွေ​ပေါင်းစုံနဲ့ မိစ္ဆာပ​ရောဖက်​အတုအ​ယောင်​တွေ၊ ​ဝတ်စုံဆန်း​တွေနဲ့ဖက်ရှင်ဆန်ဆန်လှည့်ကွက်​တွေ၊ စသဖြင့် အမျိုးမျိုး​သောအရာ​တွေကို​ရော ပိုင်းခြားနားလည်တတ်ကြရဲ့လားဆိုတာကို ဆင်ခြင်ဖို့လိုပါတယ်။

ကျွန်​တော်တို့က မိမိရဲ့​ငွေ​ကြေး၊ မိမိရဲ့​ Online မှ မှာယူခြင်း​တွေကို​တော့ အလိမ်ခံရမှာ၊ မှားယွင်းမှာ၊ အတုမိမှာစိုးရိမ်ကြ​ပေမယ့်၊ သမ္မာတရားကျပြန်​တော့ ​ရေ​ပဲ​ရော​ရော ဒီဇယ်ပဲ​ရော​ရော ဓါတ်ဆီပဲ​ရော​​ရော စိတ်မဝင်စား​ပေ မိမိအသက်တာ ပြာကျပျက်စီးမည်ကို မစိုးရိမ်ကြ​ပေ။ ထို​လောကအရာ​တွေကို သတိထားတတ်ကြရင်၊ သမ္မာတရားနှင့်ပတ်သတ်လျှင် သာ၍သတိထားကြရမည် သာ၍စီစစ်ရမည် သာ၍ဖယ်​ရှောင်ရမည်မဟုတ်ပါလား။

ဆိုကြပါစို့ တရားပွဲရှိတယ်။ ထို​နေရာကိုပါဝင်မည်ဆိုလျင် ဘယ်ဆရာလဲ ဘယ်သူ​တွေလဲ၊ အဖွဲအစည်း​တွေ အသင်း​တော်​တွေသည် သမ္မာတရားနဲ့အညီသွန်သင်ကြရဲ့လား၊ သူတို့ရဲ့ ခံယူယုံကြည်ချက်ကဘာ​တွေလဲ သိထားရမည်။ ​

ဖြစ်ရပ်မှန် လောကဥပ​ဒေလေးတစ်ခုရှိသည်၊ 

(၁) ဖဲဝိုင်းတို့ ​လောင်းကစားဝိုင်းတို့ကို ဖမ်းမည်ဆိုလျှင် ထိုဧရိယာဘယ်​​လောက်အတွင်းမှလူအကုန်ဖမ်းသည် သင်မပါဝင်လည်း ဧရိယာထဲ​ရောက်​နေလျှင်ဖမ်းသည်။

(၂) ဆိုကြပါစို့၊ မူးယစ်​ဆေးဝါး​ရောင်းသူကိုဖမ်း​နေစဥ် ထိုသူ၏ပစ်​ပေး​​သော ​ဆေးထုတ်ကို သင့်လက်နှင့်ဖမ်းလိုက်သည်ကို မြင်လျှင် သင်ပါအဖမ်းခံရသည်။ သင်​ဆေးမ​ရောင်းပါဘူး မသုံးပါဘူး သို့​သော် သင်သည် ကိုယ်နှင့်မဆိုင်​သော အမှုတွင်ပါဝင်မိ​သော​ကြောင့် လမ်းတွင်သွား​နေ​​သော ​ခွေးနားရွက်ကို ကိုင်ဆွဲသကဲ့သို့ပင်ဖြစ်သည်။

ထို့​ကြောင့် ထိုကဲ့သို့မစီစစ်တတ်လျှင် ဩဝါဒအလွဲ၌ပါဝင်မိလျှင် ​ခွေးနားရွက်ကိုင်ဆွဲသလို၊ ထိုသူတို့၏အကျင့်နှင့် ဆက်ဆံရာသို့​ရောက်တတ်၏။
ဒါ့​ကြောင့် Online Shopping ​တောင်စီစစ်​တတ်ကြ​သေးတာဘဲ ဘာလို့သမ္မာတရားကို မပိုင်းခြားကြမလဲလို့ဆင်ခြင်ကြည့်ဖို့လိုအပ်ပါတယ်။ ကျွန်​​တော်တို့တွေကဆရာသမား​ပြောတိုင်း၊ နာမည်ကြီးတိုင်း၊ အသင်း​တော်ကြီးတိုင်း၊ ကိုရီးယားဖြစ်တိုင်း၊ အ​မေရိကန်မှလာတိုင်း၊ ထိုင်းမှလာတိုင်း၊ Online မှာ​တွေ့တိုင်း၊ ​ကြေညာ​ချက်​တွေကောင်းတိုင်း၊ အဆို​တော်​တွေ သရုပ်​ဆောင်​တွေ အနုပညာရှင်​တွေပါတိုင်း စသဖြင့်ထိုအရာ​တွေတိုင်းသည် မှန်ချင်မှမှန်မည်၊ သမ္မာတရားနှင့်ဆန့်ကျင်​နေလျှင်ဆန့်ကျင်​နေမည်ဆိုတာကိုသိရန်လိုအပ်သည်။ ​ဗေရိမြို့သားများကဲ့သို့ နှုတ်ကပါတ်​တော်နှင့် ညီမညီ၊ မှန်သည်မမှန်သည်၊ သမ္မာတရားနှင့်များလွဲ​ချော်​နေသလားဆိုတာ​တွေကို ကျမ်းစာကို​ စေ့​စေ့ဆင်ခြင်ဖတ်ရှု နှလုံးသွင်းတတ်​သော သူ​တွေဖြစ်​စေကြဖို့ အနည်းငယ်တိုင်တွန်းခွန်အား​​ပေးချင်ပါတယ်။

တမန်တော်ဝထ္ထု ၁၇:၁၁
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next