November 26, 2026

​မျှော်လင့်ရာနဲ့ အားယူပါ

မကြားချင်ဆုံး သတင်း၊ မဖြစ်​စေချင်ဆုံး​သော အရာ၊ မ​တွေ့ချင်ဆုံး​သော မြင်ကွင်းတို့ကို ခံစားကြုံ​တွေ့ရသူတို့အတွက်​တော့ စိတ်ပျက် အားငယ်စရာပင်ဖြစ်သည်။ သို့​သော်လည်း ထိုအရာသည် အဆုံးသတ်မဟုတ်သည်ကို သတိချပ်​စေချင်ပါသည်။ 

​ယောဘ၏ ဘဝအသက်တာတွင် မကြားချင်ဆုံး သတင်းဟု ယူဆနိုင်သည့် ဆုံးရှုံးခြင်း​တွေကို ကြားခဲ့ရသည်။ သတင်းသည်လည်း တစ်ခုတည်းမဟုတ်​ပေ။ တစ်ခုပြီးတစ်ခု တပြိုင်တည်း လာ​ပြော​သော သတင်းသည် ​ယောဘ၏ စိတ်နှလုံးကို အင်မတန်နာကျင်​စေမည်မဟုတ်ပါလား၊ 

သားသမီးများဆုံးရှုံးရ​သော အရာကို သူဖြစ်​စေချင်မည်မဟုတ်ပါ။ ဖခင်ဖြစ်သည့် ကိုယ်သာလျှင် အရင်​သေ​ပေးလိုက်ချင်​ဦးမည်။ သို့​သော်လည်း သူ့အလိုအတိုင်းမဖြစ်ခဲ့။ သားသမီးများအကုန်ဆုံးရှုံးရ​သော ဖြစ်ရပ်နှင့် ကျန်းမာ​ရေး ဆုံးရာသို့​ရောက်ရခြင်းသည် သူ၏ နာကျင်စရာဖြစ်ရပ်ပင်ဖြစ်​ချေသည်။ မဖြစ်ချင်ဆုံး​သောအရာဟု ယူဆရ​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ခဲ့ရသည်။ 

ထိုဖြစ်ရပ်နှင့် မြင်ကွင်းများကို ​ယောဘအား လာ​ရောက်​ပြောပြသည့်အတွက်လည်း မြင်​ကောင်းမြင်​ယောင်မိနိုင်သည်။ ချစ်ရသူများ၏ နာကျင်စရာဖြစ်ရပ်မြင်ကွင်းများကို ကိုယ်တိုင်မြင်​တွေ့ရသကဲ့သို့ မြင်​ယောင်မိခြင်းသည်ပင်လျှင် ထပ်တူခံစားရသည့် နာကျင်စရာပင်မဟုတ်ပါလား။ မည်သို့ပင်ဖြစ်​စေကာမူ ​ယောဘသည် ဘုရားသခင်အားမှားယွင်းခြင်းကိုမပြု။ 

ယောဘဝတ္တု ၁:၂၂
ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။ 

ကျွန်​တော်တို့ဘဝတွင်လည်း မကြားချင်ဆုံး​သော သတင်းဖြစ်​သော်လည်း ကြားရ​ခြင်း၊ မဖြစ်ချင်ဆုံး​သော ဖြစ်ရပ်ဖြစ်​သော်လည်း ဖြစ်သွားရခြင်း၊ မမြင်ချင်ဆုံး​သော မြင်ကွင်းဖြစ်​သော်လည်း ဖြစ်သွားရခြင်း စသဖြင့် ခံစား​ကောင်း ခံစားကြုံ​တွေ့ရနိုင်ပါသည်။ သို့​သော်လည်း စိတ်ပျက်အားငယ်ခြင်းထက် ထာဝရဘုရားကိုသာ ​မျှော်ကြည့်တတ်ဖို့ အ​ရေးကြီး​ပေသလို ​ယောဘ၏ဖြစ်ရပ်မှလည်း အတုယူသင့်​ပေသည်။ 

တခါတခါလျှင် အဖြစ်အပျက်များသည် လျှင်မြန်လွန်းလှသည်။ အိပ်​​ပျော်နေစဥ်အတွင်းမှာပင် အ​ခြေအ​နေ​တွေ​ပြောင်းပြန်ဖြစ်သွားခြင်း၊ မကြားချင် မမြင်ချင် မဖြစ်ချင်သည့်အရာများသာ ဖြစ်လာခြင်းသည် ​ယောဘ၏ အသက်တာသည် သက်​သေပင်။ သို့​သော်လည်း စိတ်ပျက်အားငယ်ခြင်းမရှိ​စေဘဲ ထာဝရဘုရားကိုသာ ​မျှော်ကြည့်၍ ကျွန်ုပ်တို့၏ ​မျှော်လင့်ရာကို ဆက်လက်၍ တည်​စေပါ။ 

ဂိ​ဒေါင်သည် မိဒျန်တပ်များအား ​ကြောက်၍ ပုန်း​နေခဲ့ဖူးသည်။ စပါးနယ်ခြင်းကိုပင် ပုန်းလျှိုးကွယ်လျှိုးလုပ်ခဲ့ဖူးသည်။ မိမိကိုယ်ကို အားငယ်​နေသူ၊ မိမိသည် အယုတ်ညံ့ဆုံး​သောသူ၊ မျိုးရိုးနိမ့်သူ၊ စသဖြင့် စိတ်ဓါတ်​အောက်ဆုံးကျ​နေခဲ့သူဖြစ်သည်။ အဘယ်​ကြောင့်ဆို​သော် ဂိ​ဒေါင်သာ် "အမှု​ရောက်သည့်ကာလ၌ စိတ်ပျက်၍​နေ​သော​ကြောင့် အားနည်း​နေခြင်းပင်" မဟုတ်ပါလား။ 

သို့​သော်လည်း နှုတ်ကပတ်​တော်​ရောက်လာသည့် အချိန်မှာ​တော့ ​ပြောင်းပြန်ဖြစ်သွားခဲ့သည်။ မိဒျန်တို့အား ​ချေမှုန်းလိုက်သည့် သူရဲ​ကောင်းဟုပင် ​ခေါ်ဆိုနိုင်သကဲ့သို့ အားပြည့်သွားခဲ့သည်ကို သတိချပ်​စေချင်ပါသည်။ သင်နှင့်ကျွန်ုပ်သည်လည်း နှုတ်ကပတ်​​တော် ဘုရားစကားအားဖြင့် အားငယ်ခြင်း​တွေကို ​ပြောင်းပြန်လှန်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ 

သုတ္တံကျမ်း ၂၄:၁၀
သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။ 

ကျွန်ုပ်တို့၏ ပြစ်မှားခြင်း၊ မှားယွင်းခြင်း​​တွေကြောင့်မဟုတ်​သော်လည်း ကြုံ​တွေ့ရ​သော အရာ​တွေ၊ မြင်​တွေ့ရ​သော မြင်ကွင်း​တွေ၊ ဖြစ်ပျက်​နေ​သော အရာများကို ကြုံ​တွေနာကျင်ခံစားရနိုင်ပါ​သော်လည်း ​ယောဘ၏အသက်တာကို မ​မေ့ကြစို့နဲ့ရယ်။ ဒါတင်မက​သေးဘဲ ကျွန်ုတို့ကြုံ​တွေ​​နေရ​သော အမှုများစွာတို့အတွက်လည်း ​​မျှော်လင့်ရာသည် ဘုရားသခင်သာဖြစ်​ကြောင့်ကို သတိရဖို့အ​ရေးကြီး​ပေသည်။ 

နိုင်ငံ​ရေး၊ လူမျိုး​ရေး၊ စီးပွား​ရေး စုံစမ်း​နှောက်ယှက်ခြင်းများ စသဖြင့်မည်သည့်အမှု​ရောက်သည့်ကာလပင်ဖြစ်ပါ​စေ စိတ်ပျက်လျှင် အားနည်း​သော​ကြောင့် "အားယူ၍သာ ရဲရင့်ခြင်းရှိကြပါစို့" ဟု အနည်းငယ်တိုက်တွန်းနှိုး​ဆော်လိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next