December 24, 2024

ဆင်းရဲငတ်မွတ်သူများ၏ ဆုတောင်းသံများ

Theologian တစ်ဦးဖြစ်သည့် "Adam Clarke" သည် ယခုကဲ့သို့ ဆိုသည်။ "ငါက ဆင်းရဲသား၊ သူတောင်းစားပါ၊ ငါ့ဆင်းရဲခြင်းရဲ့ ခံစားချက်တွေက ငါ့ကို တောင်းရမ်းဖို့ဖြစ်စေတယ်"

ဟုတ်ပါသည် ... လိုအပ်ချက်ရှိ၍ တောင်းရမ်းသောသူဖုန်းစားများ (သူတောင်းစားများ) သည် သူတို့၏ ဆင်းရဲငတ်မွတ်ခြင်းများကြောင့် သူတို့၏လိုအပ်မှုများအတွက် ပွင့်လင်းစွာ တောင်းရမ်းကြသည်မဟုတ်ပါလား။

ယခုလည်း ကျွန်ုပ်တို့သည် ဆင်းရဲငတ်မွတ်ခြင်းများစွာကို ကြုံတွေ့ခံစားနေရသည်။ ဘာတွေများ ဆင်းရဲငတ်မွတ်နေကြပါသနည်းဟု စဥ်းစားဆင်ခြင်ကြည့်မည်ဆိုလျှင် ...

"မတရားခြင်းများကြောင့် တရားမျှတမှု ဆင်းရဲငတ်မွတ်ခြင်း၊ အဓမ္မမှုများကြောင့် ဓမ္မတရား ဆင်းရဲငတ်မွတ်ခြင်း၊ သနားကြင်နာမှုကင်းမဲ့ခြင်းများကြောင့် သနားကြင်နာမှု ဆင်းရဲငတ်မွတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နူးညံ့ခြင်း ကိုယ်ချင်းစာတရား ဆင်းရဲငတ်မွတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းအမျိုးမျိုးကြောင့် လွတ်မြောက်စေခြင်း ဆင်းရဲငတ်မွတ်ခြင်း၊ ထိုဘေးမျိုးမှ လွတ်မြောက်စေခြင်းအတွက် ဆင်းရဲငတ်မွတ်ခြင်း" စသဖြင့် ... ကျွန်ုပ်တို့သည် ဆင်းရဲငတ်မွတ်ခြင်းများစွာတို့ကို ရင်ဆိုင်ကြုံတွေ့ခံစားနေကြရပေသည် မဟုတ်ပါလား။

ဆင်းရဲသား သူတောင်းစားတစ်ဦးအနေဖြင့် ရိုးရှင်းပွင့်လင်းစွာ တောင်းခံတတ်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ ဆင်းရဲငတ်မွတ်ခြင်းအတွက် ဘုရားသခင်ထံသို့ တောင်းခံရန် အကောင်းဆုံးသောအချိန်ပင်ဖြစ်ချေသည်။ ထို့ကြောင့် "We are poor and needy" ကျွန်ုပ်တို့သည် ဆင်းရဲငတ်မွတ်နေသူများဖြစ်သည် ... ထိုအဖြစ် ထိုအခြေအနေများကလည်း ကျွန်တော်တို့၏လက်ရှိ ခံစားနေရသော ဆင်းရဲငတ်မွတ်ခြင်းခံစားချက်များအတွက် တောင်းရမ်းစေဖို့အတွက်လည်း ဖြစ်လာစေတော့သည် ...

၇၀ ခုမြောက်သောဆာလံတွင် ဆာလံဆရာက "Make haste to me, O God!" အိုဘုရားသခင် ကျွန်တော့်ဆီကို အလျှင်အမြန်ကြွတော်မူပါဟု ဆိုသကဲ့သို့ ကျွန်တော်တို့အတွက်ကတော့ ("Make haste to us သို့မဟုတ်လျှင်လည်း Make haste to our Country, O God" ကျွန်တော်တို့ဆီ ... ကျွန်တော်တို့နိုင်ငံကို အလျှင်အမြန်ကြွတော်မူပါ") ဟုဆိုရပေတာ့မည်။ ထို့အတူ ... ဆာလံဆရာက

"You are my help and  my deliverer; O LORD, do not delay." (ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူပါ ... အိုထာဝရဘုရား ဆိုင်းလင်းတော်မမူပါနှင့်ဟုဆိုသကဲ့သို့) 

ကျွန်တော်တို့အတွက်ကတော့ ... "You are our help and our deliverer; O LORD, do not delay." (ကိုယ်တော်သည် အကျွန်ုပ်တို့ကို မစသောသူ၊ ကယ်တင်သောသူဖြစ်ပါသည် ... အိုထာဝရဘုရား ဆိုင်းလင်းတော်မမူပါနှင့် ဟုဆိုရပေတော့မည်မဟုတ်ပါလား ...

ဆာလံကျမ်း ၇၀:၅
 အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်ပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန် ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ဆိုင်းလင့်တော်မမူပါနှင့်။

အို ထာဝရဘုရား ... ကျွန်ုပ်တို့သည် ဆင်းရဲသား သူတောင်းစားဖြစ်ပါတယ် ... ထို့ကြောင့် မချိုမြိန်ခြင်းများထဲမှ ချိုမြိန်ခြင်းကိုတောင်းခံပါတယ် အဖ၊ နာကျင်ခြင်းများထဲမှ သက်သာခြင်းကို တောင်းခံပါတယ် အဖ၊ အို ထာဝရဘုရား မတရားမှုများထဲမှ တရားမျှတခြင်းကို ငတ်မွတ်ပါတယ်၊ အဓမ္မအမှုများထဲမှ ဓမ္မတရားကို တောင့်တပါတယ်၊ ဖမ်းဆီးချုပ်နှောင်ခြင်းများစွာထဲမှ လွတ်လပ်ခြင်းကို တမ်းတပါတယ် အဖ၊ အိုအဖ မျက်ရည်များစွာ ကျဆင်းနေကြရပေမယ့် ဘုရားသခင်သုတ်ပေးသော မျက်ရည်ကိုလည်း တောင်းခံပါတယ်၊ အို ထာဝရဘုရား ဆိုင်းလင့်တော် မမူပါနှင့် ... အာမင် ...

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next