သင်ကြိုက်သလိုသေနိုင်တယ်

လွန်ခဲ့သောရက်တစ်ရက်တွင် အကျွန်ုပ် မိသားစု၏အသိမိတ်ဆွေတစ်ယောက် ဆုံးသွားတဲ့ အကြောင်းကို စိတ်မကောင်းစရာကြားသိလိုက်ရသည်။ ထိုနေ့ရက် မတိုင်တစ်ရက်တွင်ပင်လျှင် စကားပြောခဲ့ကြသေးသည်ဟု ကြားသိရပါတယ်။ သူလုံးဝ သေမည်ဟုမထင်ထားသလို၊ ကျန်းမာရေးထောင်ထောင်မီသောသူ ဖြစ်တယ်။
ဘယ်လိုဖြစ်တာလဲ ဟုမေးသော အမေးအောက်တွင် ထိုအဖြေကို ပါးစပ်အဟောင်းသားနှင့် အံ့ဩသင့်စေခဲ့သည်။ ဖြစ်စဥ်မှာ ဤသို့ပင် ... သူမ ရေချိုးအပြီး ထမိန်ရင်လျှားနှင့်ထွက်လာခဲ့သည်တွင် ထမင်းအိုးတည်ရန်အတွက် ဆန်ဆေးခြင်းကိုပါ လုပ်ခဲ့သည်။ ထမင်းပေါင်းအိုးကို မီးပလပ်တပ်ထားရုံမျှမက မီးပါဖွင့်ထားသေးသည်။ ထိုမှတဆင့် ဆန်ဆေးပြီးသောအခါတွင် သူမကိုယ်တိုင် ထိုအိုးကို ထမင်းပေါင်းအိုးအတွင်းသို့ ထည့်ရာတွင် လျှပ်စစ်၏ ဒဏ်ကိုအလူးအလဲခံရကာ လဲကျသွားခဲ့ဟန်ရသည်။ ထိုအရာသည် သူ၏နောက်ဆုံး လုပ်ခဲ့သောအရာဖြစ်ချေသည်။ တနည်းပြောရလျှင်တော့ ဓါတ်လိုက်သေဆုံးသည်ဟု ခေါ်ဆိုရမည်ဖြစ်သည်။
ကျန်းမာရေးကောင်းသူတစ်ယောက်၊ ရေချိုးပြီးလို့ ထမင်းအိုးတည်ဖို့ပြင်ဆင်သူတစ်ယောက်၊ ထိုအရာပြီးရင် ဈေးတွင် သူမ ရောင်းရမည့်အရာအတွက် ဆိုင်ဖွင့်ဦးမည်လို့ စဥ်းစားထားဟန်တူပါတယ်။ သို့သော် အခွင့်မရလိုက်ပါ။ ဒါ့ကြောင့် ကွေးသောလက်မတန့်မှီ ဆန့်သောလက်မကွေးမှီ တွင်ပင် မျက်လှည့်ပြလိုက်သလို အခိုးအငွေ့အလား ဘယ်အချိန်တွင် ကျွန်တော်တို့ထွက်သွားရမည်မသိကြချေ။
ထိုကဲ့သို့သော အရာတွေအတွက် တမလွန်ကို စိတ်ချထားရဖို့ရာအရေးသည် အင်မတန်မှအရေးကြီးပါတယ်လို့ ထပ်လောင်းပြောကြားချင်ပါတယ်။ တမလွန်အတွက် စိတ်ချရသောအဖြေကတော့ တစ်လမ်းတည်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နှုတ်ကပါတ်တော်တစ်ချက်က ဒီလိုသတိပေးထားပါတယ် (သားတော်ကိုရသောသူသည်အသက်ကိုရတယ်၊ သားတော်ကိုမရသောသူသည် အသက်ကိုမရဘူး) ဆိုသောကြောင့် အင်မတန်လေးနက်သော သတင်းစကားပင်ဖြစ်တယ်။
ဒီကမ္ဘာလောကကြီးထဲမှာ အသက်ရှင်နေထိုင်သူ တိုင်းသည် ကိုယ့်အရေးကိစ္စနှင့်ကိုယ်၊ သူဌေးလဲသူဌေးအလျှောက်၊ ဆင်းရဲသားလဲဆင်းရဲသားအထွာ၊ သာမန်လူလဲ သာမန်အတိုင်းနှင့် လှုပ်ရှားနေကြတာကို မည်သူမျှငြင်းနိုင်မည်မဟုတ်ပေ။ ဒါ့ကြောင့် လောကကြီးထဲမှ ရုတ်တရက်ပဲထွက်ခွာခွာ နောက်မှဘဲတဖြေးဖြေးနှင့် ထွက်သွားထွက်သွား တိကျသော အဖြေမရထားလျှင် လောကကြီးထဲမှာ သင်နေထိုင်ခဲ့သမျှ၊ ရှာဖွေခဲ့သမျှ၊ ပင်ပန်းထားသမျှ၊ ကျင့်ကြံပြုမူ လှူဒါန်းထားခဲ့သမျှ၊ ကောင်းမှုလေးတွေ တတ်နိုင်သမျှပြုပေးခဲ့ရတာတွေဟာ တန်ပါရဲ့လားလို့ ဆင်ခြင်ကြည့်သင့်သည် မဟုတ်ပါလား။
အကယ်၍ မိတ်ဆွေ သင်က သင့်ရဲ့ တမလွန်အတွက်ကို တိကျတဲ့အဖြေမရှိသေးဘူးဆိုရင် ... ဘယ်အချိန်မှာပင် သေပါစေ၊ ရိုးရိုးပဲသေသေ၊ ဆန်းဆန်းပဲသေသေ၊ သေခြင်းဆိုးနဲ့ပင်သေပါစေဦးတော့ ယေရှုခရစ်တော်ကို ရသောသူသည် သေခြင်းကောင်းဖြစ်တယ် တမလွန်အတွက် တိကျတဲ့အဖြေ စစ်မှန်တဲ့ အာမခံဖြစ်ပါတယ်ဆိုတဲ့ သတင်းကောင်းလေးကို ဝေမျှပေးခြင်းဖြစ်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ကမိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet