December 23, 2024

ဖြည့်စွက်ဝါဒ နှင့် သာတူညီမျှဝါဒ

ဖြည့်စွက်ဝါဒကို "Complementarism" ဟုခေါ်ဆို၍ သာတူညီမျှဝါဒကိုတော့ "Egalitarianism" ဟုခေါ်ဆိုသည်။ ၎င်းဝါဒနှစ်ခုလုံးသည် ကျမ်းစာအခြေခံ၊ ကျမ်းညွှန်းထောက်ခံချက်များ ကိုယ်စီရှိကြသည်။ ထို့အတူ ၎င်းအကြောင်းအရာများမှာ ဒီဘိတ်များနှင့် အငြင်းပွားဖွယ်အကြောင်းအရာများဖြစ်လေ့ရှိသော အမြင်နှစ်မျိုး သို့တည်းမဟုတ် ရှုထောင့်နှစ်မျိုးနှင့် ခံယူချက်နှစ်မျိုးပင် .....

သမ္မာကျမ်းစာထဲတွင်တော့ ထိုအယူဝါဒနှစ်မျိုး၏ စကားလုံးကို ရှာတွေ့လိမ့်မည်မဟုတ်ပါ။ ဤအမြင်နှစ်မျိုးသည် "Theological View" ဟုဆိုရပေလိမ့်မည်။

ယခုဆောင်းပါးသည် ထိုအယူဝါဒနှစ်မျိုး၏ အဓိပ္ပါယ်နှင့် ၎င်းတို့၏ ယုံကြည်ချက်များကို တင်ပြကာ မည်သည့်အဖွဲ့အစည်းများသည် မည်သည့်ခံယူချက်အား လက်ခံလေ့ရှိသည့်သဘောကိုသာ တင်ပြသွားမည်ဖြစ်ပါသည်။

#ဖြည့်စွက်ဝါဒ 
"Complementarianism" သည် ယောကျာ်းနှင့် မိန်းမတို့၏ တူညီမှု တနည်းဆိုရသော် ဖန်ဆင်းခြင်း၌ အတူတူဖြစ်သည်ကို လက်ခံသည် သို့သော် "different roles and responsibilities" မတူညီသော အခန်းက္ဍနှင့် မတူညီသော တာဝန်ကိုယ်စီရှိကြသည်။ ဥပမာအားဖြင့် အိမ်ထောင်ရေး၊ မိသားစုအတွင်း၊ ဘာသာရေးအဖွဲ့အစည်းများ စသဖြင့် ...

ထိုစကားစုသည် "L. Complementun: cf. F. complement" မှ ဆင်းသက်လာသည်။ ဆိုလိုရင်းမှာ နှစ်ခု နှစ်ပိုင်းဖြစ်သော်လည်း တစ်ခုနှင့်တစ်ခု ပြည့်စုံစေခြင်း၊ ဖြည့်စွမ်းစေခြင်းဟု နားလည်ရသည်။

#ယုံကြည်ချက် 
"Beliefs" သည် အမျိုးသားများသာလျှင် အသင်းတော်၏ ခေါင်းဆောင်နေရာ သို့တည်းမဟုတ် ဦးဆောင်သင့်သည်ဟုတွေ့ရသည်။ အများသောအားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် အခွင့်အာဏာ မရှိသောနေရာ "positions" များကိုသာ လုပ်ဆောင်နိုင်သည်။ ဖခင်သာ ဦးခေါင်းဖြစ်သော "patriarchal view of the family" ကို ကိုင်စွဲထားသည်။ ထို့အတူ ခရစ်တော်သည် အသင်းတော်ကို ချစ်သည်နည်းတူ ယောကျာ်းသည် မိန်းမကို ချစ်ရမည်၊ အသင်းတော်သည် ခရစ်တော်ကို ဝန်ခံသကဲ့သို့ မိန်းမသည် ယောကျာ်းကို ဝန်ခံရမည်ဟု ခံယူကြသည်။

#သာတူညီမျှဝါဒ
"Egalitarianism" သည်လည်း လူယောကျာ်း၊ လူမိန်းမတို့၏ ဖန်ဆင်းခြင်း၌ အတူတူဖြစ်သည် သို့သော် လိင်အခြေခံခွဲခြားမှု တနည်းအားဖြင့် ကျားမခွဲခြားမှု မရှိ သတ်မှုတ်ချက်မရှိဘဲ အိမ်ထောင်၊ အသင်းတော်၊ လူမှုရေးများ၌ ဖြည့်စွမ်းပေးနိုင်သည်ဟု လက်ခံကြသည်။ တခါတရံ၌ "biblical equality" ကိုလည်း ရည်ညွှန်းသည်။ သခင်ယေရှု၏ သွန်သင်ချက်များ နမူနာများ၌ အခြေခံကာ အမျိုးသားနှင့် အမျိုးသမီးတို့၏ လူမျိုးရေး၊ လူမျိုးစု၊ စီးပွားရေး စသဖြင့် အခြေခံ တန်းတူညီမျှဖြစ်ခြင်းကို လက်ခံထားသည်။ သို့သော် "social egalitarianism, secular political, economic" တို့နှင့် မတူပါ  ...

ထိုစကားစုသည် ပြင်သစ်စကားစု "égal" မှ ဆင်းသက်လာကာ အဓိပ္ပါယ်မှာ "equal" ဖြစ်သည်။ ၎င်းတွင် လူသားအားလုံး၏ တန်းတူအခွင့်အရေးအား ယုံကြည်ခြင်း၊ အတည်ပြုခြင်း၊ မြှင့်တင်ခြင်းများ ပါဝင်သည်။

#ယုံကြည်ချက်
"Beliefs" သည် အမျိုးသားများသာမက အမျိုးသမီးများပါ အသင်းတော်အား ဦးဆောင်နိုင်သည်ဟု ဆိုသကဲ့သို့ အိမ်ထောင်ဖက်များသည်လည်း မိသားစုအရေးအတွက် ညီတူညီမျှ တာဝန်ရှိသည်ဟု ဆိုသည်။ အိမ်ထောင်ရေးသည် နှစ်ဦးသဘောတူ ပူးပေါင်းဆောင်ရွက်ခြင်း တစ်ယောက်နှင့်တစ်ယောက် "two equal submitting partnership" ဖြစ်သည်ဟု ခံယူကြသည်။ အခန်းက္ဍများသည် "not gender-based" လိင်အခြေပြု ကျားမပေါ် မမူတည်ဘဲ အစွမ်းသတ္တိအခြေပြု "ability-based" ဖြစ်သင့်သည်ဟု ခံယူကြသည်။

#ဖြည့်စွက်ဝါဒဘက်ယိမ်းသည့်
#အသင်းတော်အဖွဲ့အစည်းများ
(Southern Baptist, Roman Catholic, some Lutheran, some Mennonite, some Presbyterian, and Reformed)

#သာတူညီမျှဝါဒဘက်ယိမ်းသည့်
#အသင်းတော်အဖွဲ့အစည်းများ
(Assembly of God, Nazareth, Episcopalian, some Evangelical Lutheran, Free Methodist, Friends, some Mennonite, some Presbyterian, United Methodist, and Wesleyan)

တစ်ဦးချင်းရပ်တည်ချက်နှင့် အသင်းတော်များ၏ ရပ်တည်ချက်များလည်း ကွဲပြားနိုင်သကဲ့သို့ ပြောင်းလဲမှုများလည်းရှိနိုင်ပါသည်။

#မှတ်ချက်
အမြင်နှစ်မျိုးလုံး၌ ကျမ်းစာအခြေခံများလည်းရှိကြသည်။ မိမိတို့သည် မည်သည့်အမြင် မည်သည့်ရှုထောင့်၌ ရပ်တည်သည်ဖြစ်စေ ကယ်တင်ခြင်းအား မထိခိုက်သကဲ့သို့ အန္တရာယ်ဖြစ်စေသည့် အယူလွဲခြင်းလည်း မဖြစ်ပါ။

#အိမ်ထောင်အတွက်သတိထားရန် 
(ကျွန်ုပ်၏ ခံယူချက်ဖြစ်သည်)
ဖြည့်စွက်ဝါဒသည် အစွန်းရောက်လွန်းလျှင် "Emotional Abuse, Spiritual Violence, စသဖြင့် ဖြစ်စေတတ်ကာ "Image of God" ဖြစ်သည့် သက်ဆိုင်သူအား နာကျင်စေခြင်းများသာ ဖြစ်စေတတ်သကဲ့သို့ သာတူညီမျှဝါဒသည် အစွန်းရောက်လွန်းလျှင် မိမိတို့၏ အိမ်ထောင်ဖက်များအား ကရုစိုက်ခြင်းလျော့နည်းကာ ဝန်ခံခြင်းနှင့် လေးစားခြင်းများ ပျောက်ကွယ်သွားတတ်ပါသည်။

စစ်တမ်းများအရ ပဋိပက္ခဖြစ်ပွားချိန်၌ "၈၃ ရာခိုင်နှုန်း" သော အမျိုးသားများသည် "disrespected" မလေးစားခြင်းကို ခံစားရကာ "၇၂ ရာခိုင်နှုန်း" သော အမျိုးသမီးများသည် "unloved" ချစ်ခြင်းမခံစားရကြောင်းကို တွေ့ရှိကြသည်။ ထိုစစ်တမ်းများအရ အိမ်ထောင်ရေး ပဋိပက္ခများတွင် အမျိုးသားများသည် လေးစားမှု မခံစားရသည့်အခါ၌ ချစ်ခြင်းမရှိသလို မေတ္တာမဲ့စွာ ပြုမူ တုံ့ပြန်တတ်ကြသကဲ့သို့ အမျိုးသမီးများသည်လည်း ချစ်ခြင်းကို မခံစားရသည့်အခါ၌ လေးစားခြင်းမရှိသလို ပြုမူ တုံ့ပြန်တတ်ကြသည်ဟု တွေ့ရှိရသည်။

ထို့ကြောင့် "voluntary submission နှင့် voluntary love" သည် ထိုအခြေအနေများအား လှပစွာထိန်းထားပေးသော "Boundary" နယ်နမိတ်စည်းလေးတစ်ခုဟုပင် ဆိုချင်ပါသည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi

Photo Crd: Internet

References;
https://www.theopedia.com/egalitarianism
https://www.theopedia.com/complementarianism
https://www.christianity.com/wiki/christian-terms/what-are-complementarianism-and-egalitarianism-what-s-the-difference.html
https://subsplash.com/loveandrespectministries/media/mi/+8e02a17

 

Previous Next