အသိုက်ကိုခါသော်လည်းအတူရှိနေတယ်

ယုံကြည်သူတွေဟာလောကမှာအသက်ရှင်တဲ့အခါမှာအခက်အခဲတွေရှိသေးလားလို့မေးရင်တော့ရှိပါတယ်လို့ဖြေရမှာပါ။ဒီလောကမှာဧည့်သည်ဖြစ်သောမည်သူမဆိုလောကအခက်အခဲတော့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။
ဘုရားသခင်ကယုံကြည်သူတွေတော့မကြုံစေဘူးဆိုရင် ဒီဘုရားတရားပါ့မလား။ ရှင်းပါတယ်။ ကောင်းသောသူ၊မကောင်းသောသူ၊ဖြောင့်မတ်သောသူ၊မဖြောင့်မတ်သောသူတို့အပေါ် မိုးကိုရွာစေ၊နေကိုထွက်စေသောဘုရားဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။ ပြဿနာတွေထဲမှာရောအတူရှိရဲ့လားဆိုရင်ရှိပါတယ်။ ငါသည်သင့်ကိုမစွန့် အလျှင်းပစ်၍မထားလို့ဆိုပါတယ်။ ဘုရားစကားပါ။ ရှင်ဘုရင်စကားတောင်တည်ရရင်ဘုရားစကားသာ၍တည်တယ်လို့နားလည်ရပါတယ်။
ကောင်းကင်နဲ့မြေကြီးမတည်သော်လည်းငါ့စကားတည်လိမ့်မယ်လို့အတိအလင်းပြောထားသောဘုရားဖြစ်ပါတယ်။
လင်းယုန်ဥပမာလေးတစ်ခုရှိပါတယ်။ ထိုငှက်ရဲ့အသိုက်သည်တောင်တွေအမြင့်ကြီးတွေမှာရှိပါတယ်။ ဥကနေသားပေါက်တဲ့အခါ ကလေးတွေကိုအစာကျွေးပြီးအေးဆေးနေကြရပါတယ်။ သို့သော်ငှက်မကြီးကသားလေးတွေကိုအရွယ်ရောက်တော့အပျံသင်ပေးတဲ့အခါ သူ့ကျောပေါ်တင်ခေါ်သွားပြီး အမြင့်ရောက်တော့ခါချရပါတယ် ဒါပေမယ့် အမေကြီးကအတူရှိပါတယ် အောက်ဆုံးမကျခင်မပျံနိုင်ရင်သူဖမ်းပေးဖို့အသင့်ရှိနေတယ်ဆိုတာနားလည်ရပါတယ်။ တနည်းအားဖြင့်ပြောရရင် (Comfort Zone) ကနေပြုတ်ကျရတာပေါ့။ ဒါဆိုရင် သူ့သားသမီးဘာလို့ပစ်ချရတာလဲ၊ ယုံကြည်သူတွေဒုက္ခဆင်းရဲအခက်အခဲကြုံရတဲ့အခါဘုရားမရှိလို့လား၊မိဘမဲ့လို့ပြောကြမလားစဥ်းစားကြည့်နိုင်ပါတယ်။ တခါတလေ Level တစ်ဆင့်တက်ဖို့ Comfort Zone ကနေခါချခံရတဲ့အချိန်ဆိုတာလည်းရှိပါတယ်။ လောကမှာရှိတဲ့မိဘတွေတောင်မှသားသမီးရင့်ကျက်ဖို့အရေးလွှတ်ထားပေးရတဲ့အခါတွေလဲရှိတယ်မဟုတ်ပါလားဗျာ။တနည်းအားဖြင့်ဆိုရရင်သင်ယူရမဲ့ကာလတွေပေါ့။ လူကအချိုပဲကြိုက်တယ်လေ၊တကယ်တော့အချိုကလူကိုဘေးဖြစ်စေတယ်။ အခါးကမှဆေးဘက်ဝင်တယ်လူနဲ့တည့်တာဖြစ်တယ်။ ဒါပေမယ့် အဲ့လိုခါးတဲ့အခါးမျိုးမကြုံတွေ့ချင်ကြဘူးဖြစ်တယ်ဆိုတာနားလည်ရပါတယ်။ တရားတောင်မှ အောင်မြင်၊ကြီးပွား၊ကျမ်းမာ၊ချမ်းသာပဲနားထောင်ချင်ကြတာမဟုတ်ပါလား။
ယေရှုနောက်လိုက်ရင်ဆင်းရဲမယ်၊ဒုက္ခခံရမယ်၊ကိုယ့်လက်ဝါးကားတိုင်ကိုယ်ထမ်းရမယ်၊ပေးဆပ်ရမယ်၊လူအမြင်ကတ်မယ်၊အသက်ပါဆုံးနိုင်တယ်ပြောရင်မကြိုက်ကြတာတွေလဲရှိကြပါတယ်။ တကယ်တော့ ဒါကမှအခါးဖြစ်ပြီးဆေးဘက်ဝင်တာဖြစ်တယ်။ အချိုပဲကြားပြီးအချိုပဲနားထောင်ပြီးအသက်ရှင်တဲ့အခါမှာအခါးတွေကြုံတွေ့ရရင်အသက်မရှင်တတ်တော့ဘူးဖြစ်နိုင်ပါတယ်။ ဒါကြောင့် Comfort Zone ကထွက်ပြီး Level တစ်ခုရောက်စေဖို့ လင်းယုန်မကြီးအသိုက်ခါဖို့လိုအပ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ထိုသို့ခါချသော်လည်းအမေကြီးသည်အတူရှိနေပါတယ်။ အဲ့ဒီလင်းယုန်ကလေမုန်တိုင်းတွေအထက်မှ ပျံသန်းတယ်၊လေဟုန်ကိုဆန်တက်နိုင်တယ်၊အဲ့ဒီလင်းယုန်ကအပုတ်အပွ၊အသေကောင်ကိုမစားဘူး၊လတ်လတ်ဆတ်ဆတ်ပဲစားတယ်ဆိုတာကိုနားလည်ရပါတယ်။ ယုံကြည်သူတွေကလောကမုန်တိုင်းကြုံရသော်လည်းအဲ့ဒီအထက်မှာရှိနေသလို၊အပုတ်အပွကဲ့သို့လောကသဘာဝအတိုင်းအသက်မရှင်ပဲသန့်ရှင်းခြင်းအသက်တာနဲ့နှုတ်ကပါတ်တော်ကိုစားသုံးရမှာဖြစ်တယ်။
တချို့ကလဲဆိုကြတယ်ဘာဖြစ်လို့ဘိန်းကိုဖန်ဆင်းသလဲတဲ့လူတွေအတွက်မကောင်းဘူး၊ဒုက္ခရောက်တယ်ဆိုကြသတဲ့။ Germany လူမျိုး Friedrich Sertürner ဆိုသူက အဲ့ဒီဘိန်းကနေ Morphine ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ စစ်ပွဲတွေမှာဒဏ်ရာရသူတွေအတွက် Pain Killer အနေနဲ့သုံးကြပါတယ်။ နောက်တော့လူတွေက ရည်ရွယ်ချက်တွေပြောင်းသုံးကြပါတယ်။ အဲ့ဒီဘိန်းကိုပဲတချို့ကလဲဆိုးကျိုးတွေဘက်မှာသုံးကြပါသေးတယ်။
ဒါပါပဲ လူ့ရည်ရွယ်ချက်နဲ့ရွေးချယ်မှုကကွဲပြားသွားတာဖြစ်တယ်ဆိုတာကိုမြင်တွေ့ရပါတယ်။
ဘုရားသခင်အလိုမရှိရင်စာငှက်တစ်ကောင်တောင်မြေသို့မကျစေဘူးဖြစ်တယ်။ ကြုံတွေ့နေရသောခက်ခဲမှုသည် မိမိရဲ့ဝိညာဥ်ရေးရာအတွက်တိုးတင်စေဖို့လဲရှိတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ဝိညာဥ်ရေးရာနို့စို့ခြင်းကိုရပ်ပြီး ကြေခဲသောအစာကိုစားဖို့ရာသင့်ပြီမို့ အသိုက်ကိုခါချတာဖြစ်ပြီး Comfort Zone ထဲကနေထွက်၍ Level တစ်ဆင့်တက်ဖို့ရာအချိန်ရောက်ပြီဆိုတာကိုအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၁၀:၂၉
စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Friedrich အကြောင်းကိုသိချင်ရင်တော့ ဒီ Link မှာဖတ်ကြည့်ပါ။
https://en.m.wikipedia.org/wiki/Friedrich_Sertürner