သစ္စာတည်းဟူသောခါးပန်း

ခါးပန်း ၊ ခါးစည်း ၊ ခါးပတ်စသဖြင့်အမျိုးမျိုးခေါ်တွင်ကြသလို ထိုအရာသည် လွန်စွာလဲအရေးပါလှသည်။
ကျွန်တော်တို့ကားမောင်းတဲ့အခါ ခါးပတ်ပတ်ရပါတယ်။ အကယ်၍မပတ်ရင်အန္တရာယ်ဖြစ်တဲ့အခါမှာလေအိတ်မပွင့်တာဖြစ်တတ်ပါတယ်။အခုနောက်ပိုင်းကားတွေဟာ လေအိတ်ပွင့်ဖို့အတွက်ထိုင်ခုံမှာလူရှိမရှိကိုခါးပတ်နဲ့တွဲပြီးလေအိတ်ပွင့်မပွင့်တိုင်းတာထားတဲ့ကားတွေရှိပါတယ်။ ဒါ့ကြောင့်မပတ်ထားရင်လေအိတ်မပွင့်သောကြောင့်ထိခိုက်မှုကြီးမားနိုင်ပါတယ်။ ခါးပတ်မပတ်ဘဲလေအိတ်ပွင့်တယ်ဆိုရင်တောင် လူလွင့်စင်နိုင်သောကြောင့်ခါးပတ်ကိုမမေ့သင့်ပေ။ ခါးပတ်သည်လူကိုနေရာမှလွင့်ထွက်မသွားစေဖို့ဖြစ်သောကြောင့် ပတ်ကိုပတ်ထားသင့်ပါသည်။
ဒီလိုပါဘဲ ကျွန်တော်တို့ဘောင်းဘီဝတ်တဲ့အခါမှာ လိုအပ်ချက်အမျိုးမျိုးကြောင့်ခါးပတ်ဝတ်ကြသည်။ ခါးပတ်သည် ယနေ့ခေတ်စစ်သားများအတွက်လည်းအရေးကြီးပေသည်။ ထိုအရာဝတ်ဆင်ထားသောကြောင့် သေနတ် ၊ ကျည်ကတ် ၊ ဓါး ၊ ရေဘူး ၊ လက်ပစ်ဗုံးအစရှိသဖြင့်သေချာထည့်၍ပြုတ်မကျစေရန်အထိန်းအနေဖြင့်အသုံးပြုကြရသည်။ ခါးပန်းဟုခေါ်သောခါးစည်းခါးပတ်သည်ရောမခေတ်တွင် စစ်သူရဲတစ်ယောက်အတွက်အရေးကြီးသောခါးစည်းတစ်ခုလဲဖြစ်သည်။ ထိုခါးစည်းရှိသောအားဖြင့် သူ၏ဓါး ၊ လက်နက်များကိုစနစ်တကျထည့်ထားနိုင်သည်။ စစ်တိုက်ရာတွင်ကျွတ်မကျစေရန်ခါးစည်းရှိသောကြောင့်စိတ်ချလက်ချစစ်တိုက်နိုင်သည်။ ထိုကဲ့သို့ရောမစစ်သူရဲတစ်ယောက်ကိုယ်ကျိုးမနည်းစေရန်ခါးပန်း၏အရေးပါမှုကိုရှင်ပေါလုကမြင်၍ယုံကြည်သူများကိုသတိပေးတင်စားဖော်ပြတာဖြစ်ပါတယ်။
ထိုကဲ့သို့ပင် ယုံကြည်သူတစ်ယောက်အတွက်သစ္စာတည်းဟူသောခါးပန်းသည်လွန်စွာအရေးကြီးပေသည်။ ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှနှင့်ချစ်ရမည်ဖြစ်ပြီးနံဝိညာဥ်နှင်း၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဖြစ်သည်။ ထို့ကြောင့်သစ္စာဟူသောအရာကိုပေါ့သေးသေးမထားသင့်ပေ။ သေးငယ်သောအမှုကအစသစ္စာရှိဖို့ရန်လွန်စွာအရေးကြီးပေသည်။
ဧဖက်ဩဝါဒစာ ၆:၁၄
သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊
ဖြစ်လေ့ရှိတဲ့အရာအများစုကတော့ Sunday အလုပ်ဆင်းမှာလားဘုရားကိုအချိန်ပေးမလား ၊ CV မှာခရစ်ယာန်လို့ရေးလျှင်အလုပ်ရခက်ခဲတယ်ဟုဆိုခြင်း ၊ မညီသောတံဘိုးထမ်းထားရရင်အမျိုးသမီးအမျိုးသားစတဲ့ကိုယ့်လက်တွဲဖော်၏အလိုသို့လိုက်ကြခြင်း ၊ အမွေလိုချင်၍ဘုရားကိုလက်တစ်လုံးခြားလုပ်ရခြင်း ၊ ရာထူးတိုးဖို့ရန်လိုအပ်၍ ခရစ်ယာန်မဟုတ်ဟုဆိုကြရခြင်း စသဖြင့်အမျိုးမျိုးသော ဘုရားနဲ့ယှဥ်၍ရွေးချယ်ရခြင်းများကြုံကောင်းကြုံရလာတဲ့အခါမှာ သစ္စာရှိဖို့ရာလိုအပ်ပါတယ်။ သင်နှင့်ကျွန်ုပ်က ဘုရားကချစ်ခြင်းမေတ္တာရှင်ပါ ဒီလောက်တော့နားလည်ပါတယ်ဆိုပြီး လက်တစ်လုံးခြား လက်ရှိခဏတာကောင်းစားရေးအတွက် လိမ်လည်မိတတ်ကြပါတယ်။ မုသာရဲ့အဖကစာတန်ဖြစ်ပါတယ်။ ဒါ့ကြောင့် သေးငယ်သောအမှုမှအစသစ္စာရှိစွာသတိထားကြဖို့ရာလိုအပ်ပါတယ်။ ထိုသစ္စာရှိစွာရွေးချယ်လိုက်ခြင်းတွေတစ်ခုစီတိုင်းတစ်ခုစီတိုင်းသည်ပင်ပန်းရပါတယ် ၊ နာကျင်ရပါတယ် ၊ ငိုကြွေးချင်လောက်အောင် မျက်ရည်တွေခန်းသွားလောက်အောင်ငိုချင်ပါလိမ့်မယ် ဒါပေမယ့်ထိုမျက်ရည်ကိုဘုရားသခင်သုတ်ပေးပြီးနှစ်သိမ့်ပါလိမ့်မယ်ညီကိုမောင်နှမတို့။ သင်နဲ့ကျွန်ုပ်၏သစ္စာရှိခြင်းကိုထိုဘုရားသည် အသိအမှတ်ပြု၍ အချည်းနှီးမဖြစ်စေဘူးဆိုတာအားပေးချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းသည်သစ္စာတည်းဟူသောခါးပန်းကိုတင်းကြပ်စွာစည်းထားကြပါစို့လို့အယောက်စီတိုင်းကိုအနည်းငယ်ခွန်အားပေးချင်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၄:၂၄
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi