ကောင်းသောမြေ

ကျွန်တော်တို့တွေဟာတရားကိုနာယူသောသူတင်မဟုတ်စေဘဲအသက်တာမှာလိုက်လျှောက်သောသူတွေဖြစ်ရပါမယ်။ အသက်တာမှာသမ္မာတရားလမ်းအတိုင်းသွားလာတတ်ဖို့ (How to Apply) အမြဲတမ်းဆင်ခြင်တတ်ဖို့လိုပါတယ်။ လူတော်တော်များများက တရားကိုနာပါတယ် သို့သော် အသက်တာမှာတကယ်လိုက်လျှောက်ခြင်းမရှိတတ်ကြပါ (Apply မလုပ်ဘူးပေါ့)။ Apply လုပ်ချင်ရင်လဲလုပ်လို့မရတာမျိုးလဲရှိကြပြန်ပါတယ်။
အထူးသဖြင့်ဘာနဲ့တူသလဲဆိုတာကို သခင်ယေရှုကပုံဥပမာလေးနဲ့ပြောထားတာကိုသတိရမိပါတယ်။ မြေ(၄)မျိုးကိုသတိရဆင်ခြင်ကြရင် ဘယ်လိုလိုက်လျှောက်ရမယ်ဆိုတာကိုနားလည်ဖို့ရှိပါလိမ့်မယ်။ လုကာအခန်းကြီး(၈)ကိုကြည့်ရင် လမ်း ၊ ကျောက် ၊ ဆူးပင် ၊ ကောင်းသောမြေဆိုသောမြေ(၄)မျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တရားကိုနာယူတဲ့အခါမှာဘယ်လိုနှလုံးသားနဲ့ခံယူသလဲဆိုတာကိုဆင်ခြင်ဖို့ဆိုတာကိုနားလည်ရပါတယ်။
နှုတ်ကပါတ်တော်မျိုးစေ့ကိုကြဲတဲ့အခါ ခံယူတဲ့အခါ ...
(၁)မျိုးစေ့ကိုကြဲတဲ့အခါမှာ လမ်းပေါ်မှာကျရင် လူတွေနင်းခြေမယ် ငှက်တွေလာစားသွားကြသောကြောင့် အပင်မပေါက်နိုင်။
(၂)မျိုးစေ့ဟာကျောက်ပေါသောအရပ်မှာကျတဲ့အတွက် အမြစ်ကောင်းကောင်းမတွယ်နိုင် မြေဩဇာအစာအဟာရတွေမရလို့ ညှိုးနွမ်းပျက်စီးမယ်။
(၃)ဆူးပင်တွေကြားမျိုးစေ့ကျတဲ့အခါထိုတွေနဲ့အတူပေါက်ရောက်လို့ဆူးပင်ညှင်းဆဲခြင်းကိုခံရမယ်။
(၄)ကောင်းသောမြေမှာကျတဲ့မျိုးစေ့ကတောအဆပေါင်းများစွာအပင်တွေပေါက်ရောက်အသီးသီးမယ်။
ကျွန်တော်တို့နှလုံးသားမြေသည် ကောင်းသောမြေလား ၊ ကျောက်ပေါသောမြေလား ၊ ဆူးပင်တွေပေါက်ရောက်သောမြေလား ၊ လမ်းပေါ်မှာလိုများလားဆိုတာကိုဆင်ခြင်ကြဖို့လိုပါတယ်။
(၁)ကယ်တင်ခြင်းယုံကြည်ခြင်းကိုမရောက်စေဖို့ စာတန်မာနတ်ကမျိုးစေ့ကိုနှုတ်ယူခြင်း။
(၂)နှလုံးမှာအမြစ်မစွဲ ခဏသာယုံကြည်သောကြောင့် စုံစမ်းခြင်း ၊ အခက်အခဲကြုံရတဲ့အခါမှာ ဖောက်ပြန်ပျက်စီးခြင်း။
(၃)လောကီစည်းစိမ်ချမ်းသာ ၊ ကာမဂုဏ်ခံစားခြင်း ၊ လောကီရေးရာစိုးရိမ်ပူပန်ခြင်း ၊ အခက်အခဲတွေများကြောင့် အသီးမသီးနိုင်ခြင်း။
(ပုံသက်သေမကောင်းဘူးပေါ့)
(၄)တရားစကားကိုနာယူခြင်းသည်နှလုံးသားမြေကောင်းသောကြောင့် အသီးသီးခြင်း။ စစ်မှန်သောခရစ်ယာန်အသက်တာ၏ဝိညာဥ်အသီးသီးခြင်းများ ၊ သူတပါးအတွက်ကောင်းကျိုးကိုဖြစ်စေခြင်း ၊ လောက၏အလင်း ၊ ဆား အဖြစ် ဘုရားဘုန်းတော်ထင်ရှားခြင်း။ (ပုံသက်သေကောင်းခြင်း)
ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်များသည်တရားကိုနာတဲ့အခါမှာ ကြားရုံမျှသာမဖြစ်စေဘဲ နှလုံးသားမြေကိုကောင်းစွာပြင်ဆင်ကြရင်း ကောင်းသောမြေသာဖြစ်စေပြီး နှုတ်ကပါတ်တော်သမ္မာတရားသည် အပင်ပေါက်အမြစ်တွယ်ရှင်သန်ကြီးထွားလာကာအသီးသီးသောသူများဖြစ်စေကြဖို့ရာအနည်းငယ်ခွန်အားပေးချင်ပါတယ်။
ရှင်လုကာခရစ်ဝင် ၈:၈
အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍အဆပွါးများ၍ အသီးသီးကြ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာရှိသော သူမည်သည်ကားကြားပါစေဟု ကြွေးကြော်တော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi