January 15, 2025

အဘယ့်​ကြောင့် ငါ့ကို ညှဥ်းဆဲသနည်း

ဒမာသက်မြို့အနီးတွင် ရုတ်တရက် အလင်း​ရောင်တစ်ခု ​တောက်ပလာသည်။ ထိုအလင်းသည် ​ကောင်းကင်မှကျ​သော အလင်းတန်းတစ်ခုဖြစ်​ချေသည်။ မည်မျှ​တောက်ပလွန်း​သော အလင်းဖြစ်​သည်ကို​​တော့ သံသယဝင်ရန်အ​ကြောင်းမရှိ​ချေ။ ထွန်းလင်း​တောက်ပလွန်း၍ မျက်စိပင်ကန်းခဲ့ရ​သော ​​ရှောလုသည် သက်​သေပင်မဟုတ်ပါလား။ 

​ရှောလု ​ရှောလု ဟု​ခေါ်သံသည် သူ၏နားထဲသို့ ထင်ရှားစွာကြားခဲ့သည်။ ငါသည် သင်ညှဥ်းဆဲ​​သော ​ယေရှုဟုဆို​သော​ကြောင့် သူစဥ်းစား​သော်လည်း ​ယေရှုကို သူမညှဥ်းဆဲခဲ့ဘူးဟုသာ အ​ဖြေထွက်​ပေမည်။ သူမသိလိုက်ခြင်းက​တော့ အသင်း​တော်ကိုညှဥ်းဆဲခြင်း၊ ခရစ်ယာန်​တွေကိုညှဥ်းဆဲခြင်း၊ ဘုရားသခင်၏ တပည့်​​တော်တွေကို ခြိမ်း​ခြောက် ညှဥ်းဆဲ​​နေခြင်းသည်ပင်လျှင် ​ယေရှုကို ညှဥ်းဆဲခြင်းဖြစ်​နေသည် မဟုတ်ပါလား။ 

တမန်တော်ဝထ္ထု ၉:၄
ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊ 

​ရှောလု၏ မျက်စိပြန်မြင်​လာပြီး​​နောက်မှာ​တော့ သူသည် ​ယေရှုကို ညှဥ်းဆဲခြင်း​တွေ ထပ်မံ၍ မဖြစ်​စေ​တော့ပါ။ ဧဝံ​ဂေလိ​တောင်​ဟော​ပြော​နေပြီဖြစ်ပါသည်။ ​ရောမလူ၊ ​ဟေဗြဲလူ၊ ကျွန်​ယောကျ်ား၊ ကျွန်မိန်းမ၊ အရာရှိ၊ ​ထောင်မှူး၊ ဘုရင်ခံ စသဖြင့် မည်သူ့ကိုမဆို ခွဲခြား၍ မဆက်ဆံခဲ့​ချေ။ သူ့ထံမှ ချစ်ခြင်း​မေတ္တာ၊ နှိမ့်ချခြင်း၊ ဧဝံ​ဂေလိသတင်းစကား​တွေသာ စီးထွက်​စေခဲ့သည်မှာ ​ယေရှုခရစ်​တော်​နှင့်​တွေ့ခဲ့ပြီး​နောက် ​ပြောင်းလဲသွား​သော အသက်တာ​ကြောင့်ပင်မဟုတ်ပါလား။ 

ကျွန်​တော်တို့ ယုံကြည်သူခရစ်ယာန်​တွေက​ရော အသင်း​တော်ကို ညှဥ်းဆဲမိ​သောသူ၊ ခရစ်ယာန်​တွေကို ညှဥ်းဆဲမိ​သောသူ၊ လူဖြူလူမဲ စသဖြင့် လူမျိုး​ရေးခွဲခြားတတ်​သောသူ၊ ဧဝံ​ဂေလိတရားကို ပိတ်ဆို့ဆီးတား​သောသူ ဖြစ်​နေပါသလား။ အချို့ကလဲ ဖြစ်မှန်းမသိဖြစ်​နေတတ်တယ်၊ ​ရှင်​ပေါလုမဖြစ်ခင် ​ရှောလုဘဝမှာ စိတ်အားကြီးသကဲ့သို့လည်း​ကောင်း ရှင်ဘုရင် ​ရှောလု၏ စိတ်အားကြီးခြင်းကဲ့သို့လည်း​ကောင်း မိမိ​ကောင်းမည်ထင်၍ လုပ်​ဆောင်နေခြင်း၊ သမ္မာတရားအတွက်ဟု​အော်ဟစ်၍ ဘုရားအတွက်ဟု​အော်ဟစ်​ကာ လုပ်​ဆောင်​နေပါ​သော်လည်း မိမိအတ္တ​ကြောင့် ဖြစ်​နေတတ်ပါတယ်။ ဒီလို အချဥ်းအရာမျိုး​တွေကို​တော့  ဘုရားသခင်အလိုမရှိဘူးဆိုတာ​တော့ သိပါ​​စေမိတ်​ဆွေ။ ဒါ့​ကြောင့် ​"ရှောလု ​ရှောလု အဘယ်​ကြောင့် ငါ့ကို ညှဥ်းဆဲသနည်း" ဟုဆို​သော အသံကို သင်ကြား​နိုင်ပါ​စေ။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next