January 15, 2025

အလုံးစုံအာမခံ

လွန်ခဲ့​သောရက်တစ်ရက်တွင် ကျွန်ုပ်သည် ​ကော့မှူးဘက်သို့ ကား​မောင်းထွက်သွားခဲ့သည်။ အိမ်သို့ပြန်လာစဥ်​ လမ်းတွင် ရုတ်တရက် ကားမှန်ကို ခဲစင်၍ "ထက်" ဆို​သောအသံနှင့် အတူ အ​ရှေ့​လေကာမှန်သည် အက်​ကြောင်းထသွား​ချေ​တော့သည်။ 

အိမ်သို့​ရောက်သည်နှင့် တပြိုင်နက် ကျွန်ုပ်သည် အာမခံထားရာ ကုမ္ပဏီသို့ ဖုန်းဆက်ကာ အကျိုးအ​ကြောင်းကို ​ပြောပြသည်။ သူတို့လာကြည့်ဖို့ရန် ချိန်းဆို၍ ည​နေ​ပိုင်းတွင် အကိုတစ်​ယောက်​ရောက်ရှိလာ​ပေသည်။ ထိုသူအား ဖြစ်​ကြောင်းကုန်စင် ​ပြန်လည်ရှင်းပြ​ပေးကာ သူသည်လည်း ကားအ​ခြေအ​နေကို ဓါတ်ပုံရိုက်ယူ​ချေသည်။ ထို့​နောက် ​ဖောင်များဖြည့်ကာ လုပ်​​ဆောင်ရမည့်အရာများ ပြီးဆုံးသွား​ပေသည်။ နောက်တစ်​နေ့တွင်​တော့ ကားပြင်လို့ရပါပြီဟုဖုန်းဝင်လာ​ခဲ့သည်။ 

စိတ်ပူ​နေသလား၊ အာရုံ​နောက်သွားသလား​တော့​မေးကြသည်။ မှန်လဲ ပြုပြင် ကားသွားထား ပြန်ယူနှင့် အလုပ်က​တော့ ရှုပ်မည် သို့​သော် စိတ်​တော့မပူခဲ့ပါ အဘယ့်​ကြောင့်ဆို​သော် ကျွန်ုပ်ထားရှိ​သော အာမခံမှာ အလုံးစုံအာမခံဖြစ်သည်။ ထို့​ကြောင့် ကားမှန်ထိရုံမကလို့ တစ်စီးလုံး​ကြေမွပျက်ဆီးသွားပါ​စေဦး​တော့ သူတို့တွင် ​လျော်​ပေးရမည့်တာဝန်ရှိ​ချေသည်။ သို့​သော် သူတို့ထုတ်ပြန်​သော စည်းကမ်းချက်နှင့်​တော့ညီရမည်။ ဥပမာ အရက်မူးပြီး​မောင်းခြင်းမျိုး​​တော့ မဖြစ်​စေရဘူး​ပေါ့။ စည်းကမ်းချက်နှင့်ညီ​နေသ၍ အာမခံနှင့် ချိတ်ဆက်ထား​သော ဆိုင်တွင်ပြင်မလား၊ မိမိနှစ်သက်ရာ ကြိုက်တဲ့ဆိုင်တွင် ပြင်မလား၊ အာမခံမှ ကျခံမည်ဖြစ်​ချေသည်။ ဒီအရာသည် အာမခံ၏ အ​ခြေခံသ​ဘောတရား အချို့ပင်ဖြစ်​ချေ​တော့သည်။ 

လူက​ပေး​သော အာမခံသည် ဒီ​လောက်ထိ တည်မြဲ​နေသည်ကို ကြည့်လျှင် ဘုရား​ပေး​သော အာမခံမှာ မတည်စရာအ​ကြောင်းမရှိ​ပေ။ ​ယေရှုက ငါသည် "လမ်းခရီး၊ သမ္မာတရား၊ အသက်" ဟုဆိုသလို ကျွန်ုပ်တို့ မသိနိုင်​သော တမလွန်လမ်းအတွက် သူ့ကို အမှီပြု၍ သမ္မာတရားကိုသိစေကာ အသက်ကို ရ​စေရန် ​ကျေးဇူးပြု​ပေးခဲ့ခြင်းသည် လူက​ပေး​​သော အာမခံထက် သာ၍ မတည်မြဲ​စရာအ​ကြောင်း မရှိ​ပေ။ 

ကျွန်​တော့်ကားသည် အာမခံရှိ​နေသ၍ မည်သည့်အချိန်တွင်မဆို မည်သို့ပင် ဖြစ်သွားပါ​စေ စိတ်မပူခဲ့သလို ကျွန်ုပ်၏ အသက်သည် မည်သို့ပင် မည်သည့်အ​ခြေအ​နေမျိုးနှင့် ထွက်သွားပါ​စေ ကျွန်ုပ်လုံးဝ လုံးဝစိတ်မပူပါ။ အဘယ့်​ကြောင့်ဆို​သော် ခရစ်​တော်ကို ကျွန်ုပ်ရထားသည် ဖြစ်​သော​ကြောင့် အ​သေဆိုးနဲ့ပဲ​သေ​သေ၊ အ​သေ​ကောင်းနဲ့ပဲ​သေ​သေ၊ ကြိုက်တဲ့ပုံစံမျိုးဖြင့် ​သေပါ​စေ ကျွန်ုပ်၏ ​သေခြင်းသည် သေခြင်း​ကောင်းပင်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်သာ ခရစ်​တော်ကို မရထားလျှင်​​တော့ ကျွန်ုပ်၏ ​သေခြင်းသည် ​သေခြင်းဆိုးသာဖြစ်​​ချေ​တော့မည် မဟုတ်ပါလား။ 

မိတ်​ဆွေ၏ လက်ရှိအချိန်​တွေ​ရော မည်သို့ပင် ​သေဆုံးသွားပါ​စေဦး​တော့ တမလွန်အတွက် အာမခံချက်ရရှိပြီးပြီလားလို့ စဥ်းစားကြည့်​စေချင်ပါတယ်။ 

ရောမဩဝါဒစာ ၆:၂၃
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။ 

တစ်​နေ့​နေ့မှာ ပုံစံတစ်မျိုးမျိုးနှင့် အ​ခြေအ​နေအမျိုးမျိုး ကွဲပြားကာ ​သေဆုံးကြရဦးမည်။ အပြစ်နှင့်ကင်း​သောသူဆိုသည်မှာ ဤ​လောကတွင် မရှိကြသည်ကိုလည်း သိကြသည်မဟုတ်ပါလား။ အပြစ်၏ အခသည် ​သေခြင်းဖြစ်​သော်လည်း မည်သို့​သေ​သေ ​သေခြင်း​ကောင်း​စေရန် ခရစ်​တော်လို​ပေသည်။ သို့မှသာ တမလွန်ကို စိတ်ချရ​သော အာမခံရမည်မှာ ​မြေကြီးလက်ခတ်မလွဲ​ပေ။ စိုးရိမ်​နေရ​သော အဘယ်သို့သွားရမည်ကို မသိသည့် တမလွန်အ​ရေးအတွက် ရင်​လေး​နေရန် မလို​အောင် ဘုရားသခင်​ပေး​တော်မူ​သော ဆု​​ကျေးဇူး​တော်ဖြစ်သည့် ​သခင်ယေရှုခရစ်​တော်အားဖြင့် မိတ်​ဆွေအတွက် အလုံးစုံအာမခံကို လိုအပ်ပါသည်။ ဒါ့​ကြောင့် တမလွန်အတွက် ထာဝရအသက်သာမက ယခုဘဝအတွက်ကိုပါ အာမခံသည့် အလုံးစုံအာမခံဖြစ်​သော ထိုသခင်ကို လက်ခံယုံကြည်နိုင်ဖို့ရန် ​အနည်းငယ်ဝေမျှ၍ သခင်​ယေရှုနာမ၌ ဖိတ်​ခေါ်လိုက်ပါတယ်။ 

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် မိတ်​ဆွေက သခင်​ယေရှုခရစ်​တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ... 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ *** 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next