December 25, 2024

သန့်ရှင်းရာဌာန​တော်မှ ​ပေါ်ထွက်​သော

ကျွန်​တော်တို့​ဘေးဘယ်ညာသို့ ​မျှော်ကြည့်သည့်အခါတွင် မတရား​သောသူများ၊ အဓမ္မလူများကို သတိပြုမိတတ်ကြ​ပေလိမ့်မည်။ သမ္မာကျမ်းစာတွင်ကြည့်လျှင်လည်း အဓမ္မအမှုများစွာ၌ ကျင်လည်သူများစွာကိုလည်း ​တွေ့ရ​ပေလိမ့်မည်ဖြစ်သကဲ့သို့ ​ခေတ်အဆက်ဆက်မှ ယ​နေ့တိုင်​အောင်ဖြစ်​စေ ​နောင်လာမည့်ကာလ၌ဖြစ်​စေ ထိုသို့​သောသူများသည် ဆက်လက်ရှိ​နေကြ​ပေဦးလိမ့်မည်။ 

အ​ခြေအ​နေများကိုကြည့်လျှင် ထိုသို့​သောသူများသည် ​ကောင်းစားကြသည်၊ ကျန်းမာကြသည်၊ ချမ်းသာတတ်ကြသည်။ ​လောကဓံတရားကိုလည်း မ​တွေ့ကြုံကြတတ်သကဲ့သို့ စည်းစိမ်အာဏာတည်မြဲကာ အစွမ်းတန်ခိုးကြီးမားလာတတ်ကြသည်မဟုတ်ပါလား။ ထိုအရာများ၏ ဆန့်ကျင်ဘက်များကို​တော့ ​ဖြောင့်မတ်​သောသူများကသာ နာကျင်စွာကြုံ​တွေ့ခံစားကြရသည်၊ တနည်းဆို​ရ​သော် မတရားမှု၏ဆန့်ကျင်ဘက်၌​နေ​သောသူများ၊ အဓမ္မလူတို့၏တဘက်၌​နေသူများဟုပင်ဆိုကြကုန်အံ့။ 

ထိုအရာများကိုကြည့်လျှင် အင်မတန်နာကျင်စရာ​ကောင်းလှ​ပေလိမ့်မည်။ ထို့​ကြောင့် ဒီလူ​တွေအတိုင်း​နေမှသာ အဆင်​ပြေမည်လား၊ ဒီလူ​တွေနှင့်​ပေါင်းဖက်မှသာလျှင် ​ကောင်းစားမည်လားဟူသည့် အ​တွေးအ​ခေါ်များသည် ဖြစ်​ပေါ်လာတတ်​ပေလိမ့်မည်။ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်​သော အဓမ္မလူများ​၏ကောင်းစားခြင်းသည် အင်မတန်မှ နားလည်ရခက်​ပါသည်။ သို့​သော်လည်း ဘုရားသခင်၏တဘက်၌​နေ​သောသူတို့နှင့် ကျွန်ုပ်တို့သည် အတူရပ်တည်ကြ​လိမ့်မည်မဟုတ်​ပေ။ 

သုတ္တံကျမ်း ၂၄:၁-၂
မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဖော်ခြင်းငှာ အလိုမရှိနှင့်။
သူတို့သည် ဖျက်ဆီးခြင်းငှာ နှလုံးကြံစည်တတ်၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။ 

ထိုအရာများအားမြင်ရသည့်ခံစားချက်သည် အာသပ်၏ဆာလံစကားကို ယူသုံးရလျှင်​တော့ "​ခြေ​ချော်လုပြီ၊ ​ခြေရာလွဲလုနီးပြီ" NIV တွင်တော့ ယခုကဲ့သို့​ဖော်ပြထား​ပေသည်။ "My feet had almost slipped; I had nearly lost my foothold." (၇၃ခု​မြောက်​သောဆာလံ အပုဒ်ငယ် ၂တွင် ​ဖြစ်သည်။) 

ဘာ့​ကြောင့် အာသပ်သည် ထိုသို့ပြောသလဲဆို​လျှင်​တော့ သူကြုံ​တွေ့ရသည့်အ​ခြေ​အ​နေသည်လည်း နယ်နယ်ရရမဟုတ်ပြန်ဘူးဖြစ်​ပေသည်။ အပုဒ်ငယ် ၃တွင်ကြည့်သည့်အခါတွင်လည်း ယခုကဲ့သို့နားလည်ရ​ပေသည်။ (မတရား​သောသူ​တွေက အဆင်​ပြေ​နေတယ်၊ အဓမ္မလူ​တွေက သာသာယာယာပဲ၊ ချမ်းသာတယ် ကျန်းမာတယ်၊ ​ပျော်ရွှင်​နေကြတယ်၊ သူတို့မှာ "struggle" ဆိုတာမရှိဘူး၊ အပူအပင်ကင်း​နေကြတာကို မြင်ရသည့်အခါတွင် လူ​ကောင်း​များသည် အ​တော်နာကျင်ရ​ပေမည်။) 

ထိုသို့​သောလူ​များကိုကြည့်လိုက်လျှင် ကျန်းမာ​နေကြသည်၊ ​ဘေးဒုက္ခမ​တွေ့ကြရသကဲ့သို့၊ ဖျားနာခြင်းများကိုပင်လျှင် မ​တွေ့ရသည့်အခါတွင် ထိုအရာများနှင့် ထိုအဖြစ်အပျက်များသည် ဘာများမှား​နေပါသနည်း၊ ဘယ်အရာကများလွဲမှား​နေပါသနည်း၊ အဓမ္မလူ​များ မတရား​သောသူ​များသည် ဘာ​အတွက်များ​ကြောင့် ထိုလောက်ထိ​ ကောင်းစား​နေကြသနည်း ... တခါတ​လေတွင်​တော့ သူတို့သာမှန်​နေသလား၊ ကိုယ်ပဲမှား​နေသလား ... ထိုအရာများသည် ကျွန်ုပ်တို့အတွက်လည်း ​တွေးစရာ​၊ စဥ်းစားစရာ​များဖြစ်လာ​ပေလိမ့်မည်။ 

ဒီလူ​တွေကဘာများလဲ ... မ​သေခင်ကြည့်လျှင်လည်း ​ဝေသနာမရှိကြဘူး၊ ​​လောကဓံကိုလည်း မခံစားကြရသလို၊ အစွမ်းတန်ခိုးကလည်းရှိ​နေကြ​သေး၏၊ သာ၍သာ၍လည်း အာဏာ​တွေတည်မြဲလာကြသလိုပဲဖြစ်​နေ​ပေလိမ့်မည်။ ဒီမတရား​သောသူ​များ၊ အဓမ္မလူများ၏ ဆိုးညစ်​နေကြခြင်း​တွေကသာလျှင် မှန်​နေသည်​လော။ သို့​သော်လည်း ထိုအရာများနှင့်တကွ ပြန်လည်ဆင်ခြင်ကြည့်သည့်အခါတွင်လည်း ထိုလူ​များသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်သာဖြစ်​နေသည်၊ ထိုအတူ ထိုသူတို့၏လျှာသည်လည်း မုသာ​အပြည့်နှင့်ပင်။ သို့​​သော် ထိုမတရား​သောသူ​များသာ အမြဲတမ်း​ကောင်းစား​နေကြသည်၊ အမြဲတမ်းအဆင်​ပြေ​နေ​ပေသည်ဟု အာသပ်မြင်​တွေ့ရသည်။ အပုဒ်ငယ် ၁၃ မှ ၁၆ ကိုကြည့်သည့်အခါတွင်လည်း ထိုအမှုအရာများသည် အာသပ်အတွက်​တော့ နားလည်ရခက်​ကြောင်းကို​တွေ့ရသည်။ 

လက်ရှိမျက်​မှောက်ကာလ အ​ခြေအ​နေများကိုကြည့်မည်ဆိုလျှင်လည်း ကျွန်ုပ်တို့ယုံကြည်သူ​များသည်လည်း ထိုသို့ ခံစား​​ကောင်းခံစားနေရ​ပေလိမ့်မည်။ အဓမ္မလူ​များသာ၍ ကြီးစိုးလာခြင်း၊ သာ၍ မိုက်မဲလာကြခြင်း၊ ထိုအရာများအားကြည့်သည့်အခါတွင်လည်း  ဆာလံ ၇၃တွင် မြင်​တွေ့ရသကဲ့သို့ မတရား​သောသူ​များက ​ကောင်းစားပြီး ​ဖြောင့်မတ်​သောလူ​များက ခံ​စားနေရသည် နာကျင်​နေရသည် ငို​ကြွေး​နေရ​ပေသည်။ အဓမ္မ​ကောင်​များသည် ဖျား​နာခြင်းမရှိ၊ စီရင်ခြင်းလည်း မခံရ၊ လောကဓံကိုလည်းမခံရပြန်သကဲ့သို့၊ ဆိုးမြဲဆိုး​နေကြကာ မိုက်မြဲမိုက်​နေကြ၍ ကြီးပွားချမ်းသာ ​ကောင်းစား​နေကြသည်။ အာသပ်ပြောသကဲ့သို့ ​ပြောရမည်ဆိုလျှင် ထိုသို့​သောအရာများကို မြင်​​တွေ့နေရခြင်းသည် ဖြောင့်မတ်​သောလူ​များသည်ပင်လျှင် မှား​နေသကဲ့သို့နှင့် တ​ဖြေး​ဖြေးခြေ​ချော်လုနီးပြီ။ ထိုလူ​များနှင့်ပေါင်းရမည်​လော၊ ထိုလူ​များကဲ့သို့ လုပ်မှသာလျှင် အဆင်​ပြေ​တော့မည်​လော ... ထိုအရာများ ထိုမြင်ကွင်းများနှင့် ထိုအဖြစ်အပျက်များစွာတို့သည် ကျွန်​တော်တို့၏ခြေကို ​ချော်လုနီးနီးဖြစ်လာ​​စေ​ပေလိမ့်မည်။ 

အဓမ္မတရား​၊ မတရားမှု​များသာလျှင် ကောင်းစား​​နေကြခြင်းကိုမြင်​တွေ့ရခြင်း၊ တရားမျှတမှု​နှင့် ​ဖြောင့်မတ်​သောလူ​များ၊ လူ​ကောင်း​​များသာ နာကျင်ခံစား​နေကြရကာ ဆုံးရှုံးကြခြင်းကို မြင်​တွေ့ရခြင်းများ ... ထိုအရာများသည် ဘာမှား​နေသနည်း ... သူတို့သာလျှင် မှန်​​နေသည်​လော၊ ဘာဖြစ်လို့များ မတရားမှုပြုသည့် အဓမ္မ​ကောင်​များက​ ကောင်းစား​နေကြရသနည်း။ ထိုအရာများသည် ကျွန်​တော်တို့၏ခြေကို ​ချော်​စေလုပြီ။ ​ 

ဘေးပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင်လည်း ရန်သူများဝိုင်း​နေခြင်း၊ ကျန်းမာ​ရေးအ​နေအထားကြည့်မလား၊ ကိုဗစ်ကြည့်မလား၊ ​အောက်စီဂျင်ပြဿနာ​တွေ အကုန်လုံးက ​အောက်ဆုံးအ​ခြေအ​နေ​တွေကြီးပဲ၊ ​ငွေ​ရေး​ကြေ​ရေး စီးပွား​ရေးအ​ခြေအ​နေကြည့်မလား၊ ကိုယ့်ပိုက်ဆံကိုယ်ထုတ်မရတဲ့အ​ခြေအ​နေ​တွေ၊ လုံခြုံမှုကြည့်မလား  စသည့်အ​ခြေအ​နေ​များသည် မတရား​သောသူ​များ အဓမ္မလူ​များ၏တဘက်တွင်နေ​သောလူ​များသာလျှင်ခံစား​နေကြရသည်။ ​ပြောမည်ဆိုလျှင် မတရားမှုတွင် မရပ်တည်သူ​များ၊ အဓမ္မမှုများကို လက်မခံသည့်သူ​များသာလျှင် ခံစား​နေကြရခြင်းပင် ... 

အချုပ်အားဖြင့် နှုတ်ကပါတ်​တော်​ ၂ချက်ဖတ်​​စေချင်ပါသည်။ (၇၃ ခု​မြောက်​သောဆာလံ အပုဒ်ငယ် ၁၆-၁၇) ထိုသို့​သောအမှု​အရာများသည် နားလည်ရခက်သည်၊ အဓမ္မလူ​များကောင်းစားခြင်း၊ မတရား​သောသူ​များ အဆင်​ပြေခြင်း ထိုအမှုသည် နားလည်ရခက်သည်။ ဒါဆိုလျှင် အာသပ်ဘယ်လိုများ နားလည်သွားသနည်း။ "သန့်ရှင်းရာဌာနကို ဝင်၍" ​... ပြောရလျှင် ​တော့ အစကအာသပ်နားမလည်ခဲ့ပါဘူး သန့်ရှင်းရာဌာနကိုဝင်​တော့မှသာလျှင် သူနားလည်သွားသည်။ တနည်း​အားဖြင့်ဆိုရလျှင် ဘုရားသခင်ဆီသို့ တိုးဝင်သည့်အခါတွင် ထိုလူ​များ၏နိဂုံးကိုသိသွားသည်၊ သူ့အတွက်လည်း အ​​ဖြေကိုသူသိရသည်ဟုဆိုကြပါစို့။ ဆက်ကြည့်သည့်အခါတွင်လည်း အာသပ်၏ "ကိုယ်​တော်​ဘာအလိုရှိတာလဲ ... သူ့အသား​တွေ နှလုံး​တွေပျက်ဆီး​တော့မယ်ဆိုလျှင်တောင်မှ ဘုရားသခင်၌သာသူခိုလှုံမည်" ဟုဆိုသည်ကို​​လည်း နောက်ဆုံးတွင်တွေ့ရ​ပေသည်။ 

ကျွန်​တော်တို့သည်လည်း ကြုံ​တွေ့​ခံစားနေရ​သော အလှည့်အ​ပြောင်းအချိုးအ​ကွေ့များစွာကို ​ကြုံ​တွေ့ရသည့်အခါတွင်လည်း ဘုရားသခင်၏ ကရုဏာ​တော်နှင့် ကယ်တင်ခြင်းသည် အဲဒီအထံ​တော်မှဖြစ်သည်၊ အဲဒီသန့်ရှင်းရာဌာနဖြစ်သည့် ဘုရားသခင်ထံမှသာဖြစ်သည် "Salvation Belongs to God" ဖြစ်သည်ဆိုသည့်အရာကို အနည်းငယ်​ဝေမျှရင်းနှင့် ကျွန်​တော်တို့​​တွေသည် ကယ်တင်ခံခဲ့ပြီးပြီ ယခုလည်း ကယ်တင်ခံ​နေရသည် ​နောက်လည်း ကယ်တင်ခံရဦးမည်ဆိုသည်ကို​ဝေမျှခွန်အား​ပေးလိုက်ပါသည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next