December 26, 2024

ဝိညာဥ်ပကတိဘက်​တော်သားများ

John Wick ရုပ်ရှင်ထဲတွင် ဆိုဖီယာမှ သူမ၏ သမီး​လေးအား ​တွေ့ချင်​သောစိတ်၊ လွမ်း​သောစိတ်ကို ​နေ့စဥ် အကြိမ်ကြိမ် ​သတ်ပစ်ရသည်ဟုဆိုသည်ကို​တွေ့ရသည်။ အဘယ့်​ကြောင့်ဆို​သော် ဇာတ်လမ်းအရ သူမ၏ သမီးမှန်းသိလျှင် အသက်အန္တရာယ်ရှိ​သော​ကြောင့်ပင်ဖြစ်သည်။ 

ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များသည်လည်း ထိုနည်းတူ ​နေ့စဥ်သတ်ရခြင်းများစွာရှိသည်ကို ဆင်ခြင်မိရန်လို​ပေသည်။ ထိုအရာမှာ ဇာတိသ​ဘောပင်ဖြစ်သည်။ ထိုဇာတိသ​ဘောကြီးစိုးခြင်းသည် မိမိတို့၏ တပ်မက်ခြင်း၊ မိမိတို့၏ ​လောဘ၊ မိမိတို့၏ အတ္တ စသဖြင့် အမျိုးမျိုး​သော ကြီးထွားခြင်းများဖြစ်လာတတ်ကာ အဓမ္မလမ်းစဥ်သို့လိုက်သွားခြင်း၊ မသိမသာမှားမိခြင်း၊ သိရက်နှင့်မှားခြင်း စသဖြင့်ဖြစ်မိတတ်ကြသည့် သ​ဘောများလည်း ရှိတတ်ကြသည်။ 

အချို့က ​ငွေ​ကြေးတပ်မက်၍ အဓမ္မပြုမိခြင်း၊ အချို့က မတရား​သော​မေထုန်၌ အားနည်း၍ မှားယွင်းမိခြင်း၊ အချို့က တံစိုးစားခြင်း (လာဘ်​ပေးလာဘ်ယူလုပ်ခြင်း)၊ အချို့ကလည်း အာဏာရလို၍ မတရားပြုခြင်း၊ အချို့ကလည်း ရန်ညှိုး​ကြောင့် မနာလိုမုန်းတီးစိတ်ကြီးထွားခြင်း စသဖြင့် အမျိုးမျိုး​သော ဇာတိသ​ဘောများရှိတတ်ကြ​ပေသည်။ ထိုမှတဆင့် တ​ဖြေး​ဖြေး လမ်းမှားကာ အသက်တာပျက်ဆီးခြင်းသို့ ​ရောက်တတ်ကြသည့် သာဓကများလည်း ရှိကြ​ပေသည်မဟုတ်ပါလား။ 

ရှင်လုကာခရစ်ဝင် ၁၄:၂၇
အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ် နိုင်ရာ။ 

ထို့​ကြောင့် ကျွန်ုပ်တို့သည်ဇာတိသ​ဘောများကို ​နေ့စဥ်သတ်ကာ ဝိညာဥ်သ​ဘောနှင့် အသက်ရှင်ရန်အင်မတန်လိုအပ်သည်။ ဇာတိသ​ဘောနှင့် ဝိညာဥ်သ​ဘော စစ်ပြိုင်ရာတွင် အားကြီးသူသည် အနိုင်ရမည်ဖြစ်သည်။ ​ခွေးဖြူနှင့် ​ခွေးမည်းဥပမာ​လေးအတိုင်း ​ခွေးမည်းအားအစာမ​ကျွေးသည့်အခါတွင် ​​ခွေးမည်းသည် အားပျက်အား​လျော့ကာ ​ခွေးဖြူကိုသာ အစာ​ကျွေး​သော​ကြောင့် သူသည် ခွန်အားနှင့်ပြည့်စုံ​လေသည်။ ထို့​ကြောင့် အားကြီး​သော​ခွေးဖြူကြီးအနိုင်ရမည်ဖြစ်သည်။ 

ထိုနည်းတူ ဇာတိသ​ဘောနှင့်စပ်ဆိုင်​သော ကျွန်ုပ်တို့၏ ​လောဘစိတ်၊ လိုချင်တပ်မက်စိတ်၊ တံစိုးစားချင်စိတ်၊ ရာထူး စည်းစိမ် အာဏာ မက်​မော​သောစိတ်၊ ​မတရား​သောမေထုန်စွဲလမ်းခြင်း၊ အတ္တစိတ်၊ စသဖြင့် အမျိုးမျိုး​သော ဇာတိများကို ​နေ့စဥ်သတ်ရမည်။ ထိုအရာများအား တမ်းတသည့် စိတ်များကို အလိုမလိုက် အစာမ​ကျွေးပဲ၊ ဝိညာဥ်​ရေးရာကိုသာ အားစိုက်ကာ အစာ​ကျွေးခြင်းကို ​လေ့ကျက်သင့်​ပေသည်။ 

ရောမဩဝါဒစာ ၈:၁၂
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြသည်မဟုတ်။ 

ဇာတိသ​ဘောများကို သခင်​တော်ကာ ထိုအလိုသို့သာ လိုက်​လျှောက်​နေမိလျှင်​တော့ ကျွန်ုပ်တို့၏ အသက်တာသည် မည်သို့ ဘုန်း​တော်ထင်ရှားမည်နည်း။ ကျွန်ုပ်တို့သည် ဇာတိပကတိ၏ကျွန်များမဟုတ်ကြသလို ထိုဇာတိသည်လည်း ကျွန်ုပ်တို့၏ သခင်မဟုတ်​ပေ။ ထို့​ကြောင့် "သခင်​ယေရှုက ငါ၌ဆည်းကပ်လို​သောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်" ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့၏ ဇာတိသ​ဘော​တွေကို ငြင်းပယ်ပါပြီ​လော။ 

ဇာတိသ​ဘောက​တော့ သူ့အလိုသို့လိုက်ရန် တောင်းဆို​နေမည်၊ လုပ်ခိုင်း​နေမည်၊ တမ်းတ​နေမည်ဖြစ်သည်။ ထို့​ကြောင့်လည်း ကျွန်ုပ်တို့သည် သူ့အလိုသို့လိုက်ကာ ဇာတိသ​ဘောကိုသခင်​နေရာ၌ ထားလိုက်မိခြင်းများလည်း ရှိသွားတတ်​သည်ကို သတိပြုဆင်ခြင်သင့်​ပေသည်။ အဘယ်သူမျှ သခင်နှစ်ဦး၏ အ​စေကို မခံနိုင်ဟုဆိုသကဲ့သို့ ဇာတိကို သခင်​​တော်လိုက်မိလျှင် ဇာတိသ​ဘော၏ ​တောင်းဆိုခြင်းများအား ငြင်းဆိုကာ "CDM" လုပ်ခြင်းဖြင့် ဇာတိကိုအား​လျော့​စေဖို့ရန်ပြုသင့်​ပေသည်မဟုတ်ပါလား။ 

ထို့​ကြောင့်ကျွန်ုပ်တို့သည် ဇာတိပကတိအား သခင်​နေရာ၌ ထားမိလျှင် "CDM" သ​ဘောဖြင့် ဇာတိစိတ်၏ ​တောင်းဆိုခြင်းများအား မလုပ်​ဆောင်ကြပဲ ဝိညာဥ်သ​ဘောကိုသာ ​ရွေးချယ်ကာ ထိုအရာအတွက်သာ ရပ်တည်ခြင်းဖြင့် မိမိကိုယ်ကိုယ်ငြင်းပယ်ခြင်း၊ မိမိတို့၏ ဇာတိကို ​နေ့စဥ်သတ်ခြင်းများလုပ်​ဆောင်ရင်း ကိုယ့်လက်ဝါးကားတိုင်ကိုယ်ထမ်းကာ သခင့်​နောက်​တော်သို့ လိုက်ကြပါစို့။ ထို့အပြင် "ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏" ဟုကျမ်းစာလာသည်အတိုင်း ကျွန်ုပ်တို့သည် ဝိညာဥ်ပကတိဘက်​တော်သားများသာဖြစ်ကြ​ပေသည်မဟုတ်ပါလား။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next