November 26, 2026

သမင်ဒရယ်ကဲ့သို့

နံနက်​စော​စောတွင် အိပ်​​နေရာကဆပ်ခနဲထထိုင်လိုက်မိသည်။ အဘယ့်​ကြောင့်ဆို​သော် မိမိနားထဲသို့
အသံတစ်သံတီးတိုးဝင်​ရောက်လာ​သော​ကြောင့်ပင်ဖြစ်သည်။ ထိုအသံမှာ မသဲမကွဲတီးတိုး​လေးသာ ... အသံကာလာကိုကြားတာနဲ့ပင်မိမိ၏အ​ဒေါ်ဆိုတာတန်းသိလိုက်ရသည်နှင့်တပြိုင်နက်သူဘာ​ပြော​နေပါလိမ့်ဟု နားစွင့်​နေမိသည်။

(မနက်ကအိမ်​ရှေ့မှာကား၂စီးပိတ်​နေလို့ အပင်​ရေမ​လောင်းလိုက်ရဘူး) သူ့အပင်​လေး​တွေ​​ရေမဝ၍​သေမည်ကိုစိုးရိမ်​နေသည့်ပုံပင်ဖြစ်သည်။

 

ဒီလိုပဲကျွန်​တော်တို့​ဘဝမှာအခက်အခဲအတားအဆီး​တွေကြုံ​တွေ့ရတဲ့အခါ နှုတ်ကပါတ်​တော်ကိုမဖတ်ချင်​လောက်​အောင်ပင်ဖြစ်​နေသလား။ စိတ်ညစ်​နေတဲ့အခါ​ရော ​ဘေးဖယ်ထားမိပါသလား။ ခက်ခဲလွန်းလို့၊စိတ်ပျက်အားငယ်လွန်းလို့၊စိတ်​တွေညစ်လွန်းလို့ကို နှုတ်ကပါတ်​တော်ဆိုတာကိုမကြားချင်​လောက်​အောင်၊မကြည့်ချင်​လောက်​အောင်ပဲဖြစ်​နေပါသလား။ ဖြစ်လဲဖြစ်​နေတတ်ပါတယ်။ ဒါ​ပေမယ့် ဒီအရာ​တွေကို ကျွန်​တော်တို့​တွေသည်ဆင်ခြင်တတ်ဖို့ရာလိုအပ်​တယ်ဆိုတာကိုနားလည်ရပါတယ်။ 

 

ဆာလံကျမ်း ၄၂:၁
သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။

 

ပန်းပင်​လေး​တွေ​ရေမဝ၍​သေမည်ကိုစိုးရိမ်စရာဆိုတာမှန်​ပေမယ့် ကျွန်​တော်တို့ဘဝ​တွေမှာနှုတ်ကပါတ်​တော်​ရေမဝ၍ဝိညာဥ်​ရေးရာ​ခြောက်ကပ်​ပြီးသေဆုံးရမည်ကိုသာ၍စိုးရိမ်စရာပင်ဖြစ်သည်။ ဆာလံဆရာ​ပြောသလို သမင်ဒရယ်​တွေ​ရေစီး​သော​ချောင်းကို​တောင့်တသလိုပဲ ကျွန်​တော်တို့ဟာ နှုတ်ကပါတ်​တော်ကိုဆာငတ်တတ်ဖို့လိုအပ်ပါတယ်။

မိမိရဲ့ဘဝမှာခက်ခဲ​နေသည်ဖြစ်​စေ၊ပင်ပန်း​နေသည်ဖြစ်​စေ၊စိတ်ညစ်​နေသည်ဖြစ်​စေ၊ဝမ်းနည်း​နေသည်ဖြစ်​စေ၊မည်သို့ပင်စိတ်ဓါတ်ကျအား​လျော့၊စိတ်ပျက်​နေပါ​စေ နှုတ်ကပါတ်​တော်ဘုရားစကားဟာသင့်နဲ့ကျွန်ုပ်ကိုပြောင်းလဲ​စေမှာဖြစ်တယ်။ အ​ခြေအ​နေတစ်ခုလုံးကို​ပြောင်းပြန်လှန်ပစ်နိုင်​လောက်​အောင်ပင်ဖြစ်တယ်ဆိုတာနားလည်ဖို့ရာရှိပါတယ်။
ဒါ​ကြောင့်မို့လို့ ​ကျွန်​တော်အပါအဝင်အ​ယောက်စီတိုင်းသည် ရေစီး​သော​ချောင်းကို​တောင့်တတတ်​သော
သမင်ဒရယ်ကဲ့သို့ နှုတ်ကပါတ်​တော်ကိုဆာငတ်တတ်​သောသူများဖြစ်​စေကြဖို့ရာအနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

ဟဗွေဲဩဝါဒစာ ၄:၁၂-၁၃
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။
ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next