သိုးထိန်း၏တာဝန်

သိုးထိန်းသည် သိုးတို့၏ အစားအသောက်၊ အနေအထိုင်၊ ပြုမူခြင်းများကို ပြင်ဆင်ပေးလေ့ရှိသည်။ စားကျက်သို့ခေါ်ဆောင်ပေးခြင်း၊ ဘေးအန္တရာယ်ကို ကြိုတင်ရှင်းထားပေးခြင်း၊ အကောင်များ မကိုက်စေရန် ဆီဖြင့်လိမ်းပေးခြင်းများကိုလည်း လုပ်ဆောင်ပေးရသည်မှာ သိုးထိန်းတို့၏ တာဝန်ဖြစ်သည်။
ထိုမျှမက သိုးထိန်းသည် သိုးတို့အား လိုအပ်လျှင် အသံကိုလွှင့်၍ ထိန်းရသေးသည်။ အကြောင်းတစ်ခုခုကြောင့် ဘေးရောက်မည်ဆိုလျှင် အသံကိုလွှင့်ခြင်း၊ ကွင်းဆင်း၍ ကွယ်ကာပေးရခြင်း၊ မချီ၍ သယ်ဆောင်ရခြင်း စသဖြင့်လုပ်ဆောင်ရခြင်းသည် စစ်မှန်သော သိုးထိန်းတစ်ဦး၏ လုပ်ဆောင်ချက်များပင်။
အငှားသိုးထိန်းများသည် သိုးတို့၏ ဘေးအန္တရာယ်ကို ကွယ်ကာပေးရန် လုပ်ဆောင်လေ့မရှိတတ်ကြပါ။ အသံလွှင့်ခြင်းလည်း မလုပ်တတ်ကြသကဲ့သို့ ကရုစိုက်ခြင်းမရှိကြပေ။ ဘေးရောက်သည့်ကာလတွင် ကွင်းဆင်း၍ ကွယ်ကာခြင်းမျိုးမရှိ၊ မချီခြင်းမျိုးမပါ၊ ကွယ်ကာခြင်းထက် ထွက်ပြေးခြင်းကိုသာ တွေ့ကြရပေမည်။
အသင်းတော်တွင်လည်း ထိုသို့သော သိုးထိန်းမျိုးသည် အငှားသိုးထိန်းမျိုးပင်ဖြစ်သည်။ အသင်းသားများအား အမုန်းခံလေ့မရှိ၊ အချိုသာကျွေး၍ပေါင်းသင်းသည်၊ ဘေးရောက်မည့် အရာကို သတိမပေး၊ အသင်းတော်နှင့် အသင်းသားများ၏ မှားယွင်းသော ဩဝါဒများ၏ ဘေးအန္တရာယ်ကို အသံကိုလွှင့်၍ သတိမပေးတတ်ကြချေ။
စစ်မှန်သော သိုးသိန်းတို့ မည်သည်မှာ လူမုန်းခံ၍ ဩဝါဒအလွဲများကို သတိပေးတတ်ကြပေသည်။ အချိုထက် အခါးသည် ဆေးဖက်ဝင်သည်ကို သိသောကြောင့် ချီမကာ တိုက်ကျွေးတတ်ကြသည်။ ဩဝါဒအလွဲများ၏ အန္တရာယ်ကို သိသောကြောင့် အသံကိုလွှင့်၍ သတိပေးကာ ထိုအလွဲကြောင့် ထိရှသော အနာများကို ဆီလူးကာ ကွယ်ကာပေးတတ်ပေသည်။
ရှင်ယောဟန်ခရစ်ဝင် ၁၀:၁၁
ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိအသက်ကို စွန့်တတ်၏။
ထို့ကြောင့် စစ်မှန်သော သိုးထိန်းမည်သည်မှာ သိုးများကို ကွယ်ကာပေးတတ်သည်။ ကောင်းသောသိုးထိန်းသည် အမုန်းခံကာ သိုးတို့၏ အကျိုးကိုသာ ကြည့်ပေးသည်။ သို့တို့၏ အန္တရာယ်ကို သိလျှင် မြင်လျှင် အသံကိုလွှင့်တတ်သည်။ စစ်မှန်သော သိုးထိန်းသည် အန္တရာယ်ရှိသော အစာကို သိုးတို့မစားမိစေရန် ကွယ်ကာရမည့်တာဝန်ရှိသည်မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet