November 26, 2026

J For JESUS ... Not For Jealous

မနာလိုခြင်းဆို​သောအရာသည်၊ ပိုးကိုက်​သော သစ်သီးအလား အတွင်းထဲမှ လှိုက်စားခြင်းကိုခံရကာ တ​ဖြေး​ဖြေး ပုပ်ပွပျက်စီးသွားတတ်​ပေသည်။ (Jealous) ဖြစ်သည်ကို (J) ဝင်သည်ဟုခေါ်ဆိုကာ မနာလိုခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါစို့။

ကာဣန နှင့် အာ​​ဗေလ၏ အဖြစ်အပျက်​လေးတွင် ညီဖြစ်သူကိုမနာလိုခြင်းသည် ကမ္ဘာ​ပေါ်တွင် ပထမဆုံး​သောလူသတ်မှုကျူးလွန်သည်အထိဖြစ်​စေခဲ့သည်။ ယဇ်​ကောင်အဆင်သင့်ရှိပါတယ်၊ ယူသုံးလို့လဲရသလို၊ ယဇ်​ကောင်တည်ရှိရာ​နေရာကို ညွှန်ပြ​နေပါ​သော်လည်း (J) ဝင်ခြင်းကြီးထွားမှုသည် ထိုစကားများကိုလစ်လျှူရှုကာ ​သွေးသား​တော်စပ်သူ တစ်အူဒုံဆင်း ညီဖြစ်သူအား သတ်မိသည်အထိဖြစ်​စေခဲ့သည်။

ဧဖက်ဩဝါဒစာ ၄:၃၁
ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။

ကျန်​တော်တို့အမြင်မှာ ​အရက်​သောက်၊ ဖဲရိုက်၊ ​အော်ဟစ်ဆဲဆို၊ ရိုင်းစိုင်း၊ ​မောက်မာခြင်း​တွေ၊ အစရှိသဖြင့်တွေကိုသာ မြင်တတ်ကြတယ်။ ထိုအရာ​တွေဟာ အ​ပေါ်ယံ ထိခိုက်ရှနာများကဲ့သို့ ​ဆေးသင့်ရင် ​ပျောက်​သောအနာများဖြစ်ပါတယ်။ ယမကာလုလင် အရက်မ​သောက်​တော့ဘူး၊ ​မူးယစ်​ဆေးဝါးသုံးစွဲသူ မသုံးစွဲ​တော့ဘူး၊ ဆဲဆိုခြင်း​တွေ မလုပ်​တော့ဘူး၊ စသဖြင့် ဖြစ်နိုင်ပါတယ်။ ကျွန်​တော်တို့​တွေဟာ သူတပါးငို​ကြွေး​နေလျှင် လိုက်ငို​ကြွေးနိုင်ပါတယ်၊ နာကျဥ်​နေလျှင် ထိုသူနှင့်အတူနာကျဥ်နိုင်ပြန်တယ်။ သို့​သော် တစ်ခါတစ်​လေ သူတပါးသည် ကိုယ့်ထက် အဆင်​ပြေ​နေလျှင်၊ ​ကိုယ့်ထက် တိုးတက်​နေလျှင် စသဖြင့် ဝင်​ငွေပို​ကောင်း၊ တိုက်​ဆောက်ကားစီးနိုင်​သော အ​ခြေအ​နေဖြစ်နေလျှင် ဝမ်း​မြောက်​ပေးရဖို့ခက်ခဲတတ်ပါတယ်၊ ထိုအချိန်မှာ ရင်ထဲ မချိမဆန့်ဖြစ်ရခြင်းမျိုး​တွေဖြစ်ရတတ်ပါတယ်။

မနာလိုခြင်းသည် မိမိတို့ ယုံကြည်သူ၏အသက်တာကိုဆွဲချ​သော ​နောက်ကွယ်မှလက်မဲကြီးတစ်ခုပင်ဖြစ်​ပေသည်။ ထိုလက်မဲကြီးရှိ​နေသ၍ ဘယ်​တော့မှ အသက်တာသည် ကြီးထွားသင့်သ​လောက် မကြီးထွား၊ ​အောင်မြင်သင့်သ​လောက်မ​အောင်မြင်​ပေ။ (J) ဝင်ခြင်းသည် တချိန်ချိန်မှာ ​အောက်သို့ကျဆုံးရမည့် မိုး​ပေါ်​ထောင်ပစ်​သော ကျည်ဆံအလား၊ သံပါတ်​ပေးထား​သော စက်ရုပ်တစ်ရုပ်လို အချိန်တန်ရင်ရပ်တန့်သွားမည်ဖြစ်ပြီး၊ အချိန်မ​ရွေး​ပေါက်ကွဲနိုင်​သော ချိန်ကိုက်ဗုံးတစ်ခုလို ယုံကြည်သူများအတွက်အင်မတန်မှ အန္တရာယ်များလှ​ပေသည်။ (J)ဝင်ခြင်းသည် (A) ကိုက်ခြင်းထက် သာ၍သာ၍ ​ကြောက်စရာ​ကောင်း​သော​ကြောင့် မနာလိုခြင်းဟူ​သောအရာကို မိမိတို့၏အသက်တာတွင် ဖယ်ရှားကာ (J for JESUS) သာဖြစ်ကြပါစို့ဟု အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next